ကားနှင့်လူသုံးကုန် ပစ္စည်း ဆိုင်ခန်းပေါင်း (၁၀၀)ကျော်ပါဝင်သည့် ဈေးရောင်း ပွဲတော် နေပြည်တော်တွင် ကျင်းပပြုလုပ်

ကားနှင့်လူသုံးကုန် ပစ္စည်း ဆိုင်ခန်းပေါင်း (၁၀၀)ကျော်ပါဝင်သည့် ဈေးရောင်း ပွဲတော် နေပြည်တော်တွင် ကျင်းပပြုလုပ်
November 15, 2017 Asian Fame

5:30 pm
ကားနှင့်လူသုံးကုန် ပစ္စည်း ဆိုင်ခန်းပေါင်း (၁၀၀)ကျော်ပါဝင်သည့် ဈေးရောင်း ပွဲတော် နေပြည်တော်တွင် ကျင်းပပြုလုပ်

carနေပြည်တော်၊ နိုဝင်ဘာ (၁၅)

နာမည်ကြီးကားကုမ္မဏီများဖြစ်သည့် KIAနှင့် Hyundai တို့ပါဝင်သော ကားနှင့်လူသုံးအိမ်သုံးကုန်ပစ္စည်းဆိုင်ခန်းပေါင်း(၁၀၀)ကျော်ပါဝင်သည့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ဥပ္ပါတသန္တိဘုရားရှေ့ကွင်းတွင် ယနေ့မှစ၍(၅)ရက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ပြပွဲနှင့်ဈေးရောင်းပွဲကို Winnerကုမ္မဏီမှဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဒုတိယအကြိမ်မြောက်နေပြည်တော်တွင်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

ပြပွဲတွင်ပါဝင်ပြသရောင်းချလျက်ရှိသည့် KIAကားကုမ္မဏီမှ Marketing Executive ကိုရာဇာဖြူဝင်းက “ဒီမှာပြထားတဲ့ကားတွေက ဝယ်ယူသူစိတ်တိုင်းကျတစ်နှစ်ကနေငါးနှစ်အထိ ဘဏ်နဲ့ချိတ်ဆက်ဝယ်ယူနိုင်ပါတယ်။ဈေးနှုန်းအားဖြင့်တော့အနည်းဆုံးသိန်း(၂၅၀)ဝန်းကျင်ကနေစတင်ဝယ်ယူနိုင်မှာပါ”ဟု ဆိုသည်။

23621413_1621341261261483_4212422173079860731_nပြပွဲတွင် ပြည်တွင်းပြည်ပမှအလှကုန်ပစ္စည်းများအပါအဝင် မီးဖိုချောင်သုံးပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများအမျိုးအစားစုံလင်စွာပါဝင်ရောင်းချသွားမည်ဟုသိရသည်။

ပြပွဲလာရောက်သူများအတွက် မော်ဒယ်ရှိုးများအပါအဝင်ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ညပိုင်းတွင်ထည့်သွင်းထားပြီး(၁၈)ရက်နှင့်(၁၉)ရက်ညများတွင် အငြိမ့်ဖျော်ဖြေမှုများကိုလည်း အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*