အလံတရာ နယ်မြေတွင် ပန်းဦးလွှတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ ဌာနများသို့ ပြည်နယ် ရဲတပ်ဖွဲ့ အစီရင်ခံ စာတင်

အလံတရာ နယ်မြေတွင် ပန်းဦးလွှတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ ဌာနများသို့ ပြည်နယ် ရဲတပ်ဖွဲ့ အစီရင်ခံ စာတင်
October 20, 2017 Asian Fame

1:12 pm
အလံတရာ နယ်မြေတွင် ပန်းဦးလွှတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ ဌာနများသို့ ပြည်နယ် ရဲတပ်ဖွဲ့ အစီရင်ခံ စာတင်

a-lan-ta-yar

(ရန်ကုန်၊အောက်တိုဘာ၂၀)

ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ တာဝန်ပေးချက်အရ သထုံခရိုင်ရဲတပ်ဖွဲ့၊ သထုံမြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် အဆိုပါနယ်မြေသို့သွားရောက်စစ်ဆေးခဲ့ရာတွင် ယင်းပန်းဦးလွှတ်သည်ဆိုသော ဖြစ်စဉ်ကိုစစ်ဆေးတွေ့ရှိခြင်းမရှိသေးကြောင်း၊ ရဲစခန်းသို့ ယခုအချိန်ထိ လာရောက်တိုင်ကြားခြင်း၊ အမှုဖွင့်ခြင်းများလည်းမရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြောခွင့်ရ ဒုတိယရဲမှူးကြီး က ပေါ်ပြူလာနယူးစ် သို့ပြောသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များကို ပြည်နယ်အစိုးရအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် နှင့် သက်ဆိုင်ရာဌာနများသို့ ပြည်နယ်ရဲတပ်ဖွဲ့က ယနေ့တွင် အစီရင်ခံစာပေးပို့လိုက်ပြီဟု သူက ဆက်ပြောသည်။

“လာရောက်တိုင်ကြားတာလဲမရှိသေးဘူး။ အမှုဖွင့်တာလဲမရှိသေးဘူးခင်ဗျ။ အစီရင်ခံစာကိုတော့ ကျွန်တော်တို့တင်လိုက်ပါပြီ” ဟု အဆိုပါ ဒုတိယရဲမှူကြီးက ပြောသည်။

အသက် (၂၅) နှစ်ကျော်အရွယ်ရှိ ခွန်တန် (ခေါ်) ဇာတ်လိုက်ဆိုသူကို ဒေသခံတိုင်းရင်းသား အချို့က အလံတစ်ရာဆရာတော် ၀င်စားသူဟု ဒေသခံများက ယုံကြည်ကာ ကိုးကွယ်မှုများ ပြုနေကြသည်။

သထုံမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပန်းဦးလွှတ်ခံရသည်ဆိုသော မိန်းကလေးများ၏ ဆွေမျိုး အချို့ထံမှ တိုင်စာအချို့ လက်ခံ ရရှိထားကြောင်း ပြောသည်။ ”ဒါဆိုရင် တိုင်စာတွေက ဘာဖြစ်လို့လာတာလဲ။ကျွန်မဘက်က မေးခွန်းတွေ အများကြီးရှိသွားပြီ”ဟု ဒေါ်ခိုင်ခိုင်လဲ့က ပေါ်ပြူလာနယူးစ်သို့ပြောပါသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီးကမူ ယင်း အစီရင်ခံစာကို မဖတ်ရသေးကြောင်း သို့ရာတွင် ဘ၀င်တော့မကျကြောင်း ယနေ့ နေ့လည်တွင် ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

”ရဲက ပြောတာလဲ ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ဒီပန်းဦးလွှတ်တယ်ဆိုတာ စကားအလှသုံးထားတာပါ။ အန်တီတို့ ပအို့ဝ်တွေထဲက ရှေးရိုးစွဲအချို့တွေဟာ ကြောက်ရွံ့လို့၊တန်ခိုးအာဏာကြီးလေမလား၊အချို့ကလည်းလိုချင်မက်မောတဲ့စိတ်၊ ပြီးတော့ ဘာသာ သာသနာကို ယုံကြည်မှုလွန်ကဲတဲ့စိတ်တွေကြောင့် မိမိတို့ရဲ့ သမီးတွေကို သူနဲ့ ထိမ်းမြားပေးမှုတွေရှိနေပါတယ်။ သူကလည်း ဒါကို တစ်သက်လုံးပေါင်းတာမဟုတ်ဘဲ ရက်အနည်းငယ်လောက်ပေါင်းပြီး၊ နောက် တစ်ယောက်ထပ်ပေါင်းပါတယ်။ နိုင်ငံမှာပြဌာန်းထားတဲ့ တစ်လင်တစ်မယားဥပဒေနဲ့ မကိုက်ညီသလို၊သူယူခဲ့တဲ့ အချို့သော မိန်းခလေးတွေက ၁၄၊၁၅၊၁၆ နှစ်အရွယ် တွေဖြစ်နေပါတယ်။ အားလုံးဟာ မရိုသေ့စကား အပျိုရည် ပျက်ခဲ့ကြပါတယ်။ ဒါကို မိဘတွေ ကိုယ်တိုင်က၊ ကာယကံရှင် တွေ ကိုယ်တိုင်က ကြိုက်နှစ်သက်မှု မရှိကြပါဘူး၊ အချို့ကလဲ တိုင်လိုက်ရင် ပြောလိုက်ရင် တစ်ခုခုဖြစ်မှာ စိုးရိမ်ပြီး မပြောကြဘူး။အချို့ ကလဲ တိုင်ကြတာတွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ခွန်တန်ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ မညီပါဘူး။ သူဟာ စိတ်မထင်ရင် မထင်သလို အိမ်တွေကို ဖျက်ဆီးတာတို့၊ရမ်းကားတာတွေ လုပ်တတ်သူပါ။”ဟု သူ၏ သဘောထားကိုရှင်းပြသည်။

ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့ကကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး သာသနာရေးနှင့်ယဉ်ကျေးမှုပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို ကလည်း အလံတရာဆရာတော်ဝင်စားသည်ဟု ဆိုသူက မိန်းကလေးများအား ပန်းဦးလွှတ်နေသည်ဆိုသောကိစ္စကို အမြန်ဆုံး စုံစမ်းစစ်ဆေး၍ အရေးယူဆောင်ရွက်သွားမည်ဟု မီဒီယာများကို ပြောခဲ့သည်။

PN – 051 

 

PN – 051

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*