ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ် မဲဆန္ဒနယ်မှ ကျေးရွာတစ်ရွာ ရွာလုံးကျွတ် ပြည်ခိုင်ဖြိုး ပါတီဝင်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ် မဲဆန္ဒနယ်မှ ကျေးရွာတစ်ရွာ ရွာလုံးကျွတ် ပြည်ခိုင်ဖြိုး ပါတီဝင်
November 6, 2017 Asian Fame

3:54 pm
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ် မဲဆန္ဒနယ်မှ ကျေးရွာတစ်ရွာ ရွာလုံးကျွတ် ပြည်ခိုင်ဖြိုး ပါတီဝင်

Kawkayate(ရန်ကုန် ၊ နိုဝင်ဘာ ၆)

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက လွှတ်တော်(၃)ရပ်စလုံးမှာ NLD အနိုင်ရခဲ့တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ်မဲဆန္ဒနယ်မှ ကျေးရွာတစ်ရွာဟာ ရွာလုံးကျွတ်ပြည်ခိုင်ဖြိုးပါတီဝင်ရောက်ခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးဟာ ဒီကနေ့ ပြုလုပ်နေတဲ့ အင်းရှည်ကျေးရွာအုပ်စု၊ ၀ဲကင်းအံကျေးရွာရဲ့ ကျေးရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ ကိုတက်ရောက်နေတာဖြစ်ပါတယ်။ဒါပေမယ့် အဲဒီကျေးရွာဟာ လူဦးရေအနည်းငယ်သာရှိတဲ့ ကျေးရွာအုပ်စုဖြစ်ပြီးတော့ ယခင်ကတည်းက ပြည်ခိုင်ဖြိုးပါတီကိုထောက်ခံတဲ့နေရာဖြစ်တယ်လို့ ကော့ကရိတ်မြို့ နယ်၊ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးကပြောပါတယ်။

”အဲဒါက အင်းရှည်ကျေးရွာအုပ်စုထဲကမှ ကျေးရွာငယ်လေးတစ်ရွာပါ ။ လူဦးရေလည်းနည်းနည်းပဲရှိပါတယ်။ ရွာလုံးကျွတ်ပါတီဝင်တယ်ဆိုတာကလည်း အရင်ထဲက အဲဒီနေရာတွေက ပြည်ခိုင်ဖြိုးကိုထောက်ခံခဲ့တဲ့နေရာတွေ ။ ဒါပေမယ့် ပြည်သူက အပြောင်းအလဲကိုလို
လားပါတယ် အပြောင်းအလဲလုပ်နိုင်တဲ့ပါတီကိုပဲ မဲပေးကြမှာပါပဲ ။ စိုးရိမ်စရာမလိုပါဘူး ။ ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ်သာ ကန့် သတ်ချက်တွေမရှိဘဲ မဲပေးနိုင်ဖို့ ပဲလိုပါတယ် တစ်ရွာနှစ်ရွာဝင်လည်း မြို့ နယ်လုံးကျွတ်နိုင်ဖို့ ပဲလိုတာပါ ” လို့ သူကပြောပါတယ်။

ကာ့ကရိတ်မြို့ နယ်မဲဆန္ဒနယ်မှအင်းရှည်ကျေးရွာအုပ်စု၊ ၀ဲကင်းအံကျေးရွာဟာ ကော့ကရိတ်မြို့ နယ်မဲဆန္ဒနယ်အမှတ်(၁)ထဲမှာ ပါဝင်ပါတယ်။ ကော့ကရိတ်မြို့ နယ်ဟာ လူဦးရေ ၁ သိန်း ၁ သောင်းကျော်ရှိတဲ့မြို့ နယ်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကေ
ာက်ပွဲမှာ NLD ပါတီဟာ USDP ပါတီကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာမှာ မဲ (၄၄၀၀)အသာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာမှာ မဲ(၂၃၂၄) အသာ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)နေရာမှာ မဲ(၁၉၈၉) အသာနဲ့ အသီးသီးအနိုင်ရရှိခဲ့တာ
ဖြစ်သလို ကရင်ပြည်နယ်တစ်ခုလုံးအနေအထားနဲ့ လည်း ပြည်ခိုင်ဖြိုးပါတီကို NLD ပါတီက အသာရရှိခဲ့တဲ့ ပြည်နယ်ဖြစ်တာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့စာရင်းများအရ တွေ့ ရပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းက ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့ မှာ ရှိတဲ့ ရွာလုံးကျွတ်ပါတီဝင်ခဲ့ကြတဲ့ ကျေးရွာ (၆) ရွာကို သွားရောက်တွေ့ ဆုံခဲ့ပြီးနောက် ကရင်ပြည်နယ်ကိုသွားရောက်တာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၆ ခုနှစ်ကလည်း ကော့ကရိတ်မြို့ နယ်ထဲက ကျေးရွာများမှ ဘုန်းကြီးကျောင်းများကို အလှူပြုလုပ်မှုတွေရှိခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*