နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိမှု သတင်းအပြည့်အစုံ

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိမှု သတင်းအပြည့်အစုံ
October 16, 2017 Fame Asian

9:43 am
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိမှု သတင်းအပြည့်အစုံ

22448289_1590075777721365_1958278276352146915_n

နေပြည်တော်၊အောက်တိုဘာ ၁၆

ယမန်နေ့ ည ၇နာရီကျော် အချိန်က နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိမှု ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့မှုနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနက အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်။

22448614_1590075781054698_3178269580917471950_n

MNA လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည် ကိုဖြိုးကိုကိုတင့်ဆန်း၊ (၄၁)နှစ်၊ (ဘ)ဦးတင့်ဆန်း၊ ACE ကုမ္ပဏီဥက္ကဌ၊ ACE ဟိုတယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ကို ဇော်ဝင်းထိုက်၊ (၃၈)နှစ်၊ ACE ရုံးအဖွဲ့၊ (ဘ)ဦးအောင်ဝင်း၊ ACE ဟိုတယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ကိုရဲမင်းဆွေ၊ (၃၇)နှစ်၊ ACE ရုံးအဖွဲ့၊ (ဘ)ဦးသိန်းဆွေ(လိပ်စာတူ)တို့ (၃)ဦး၏ ခရီးဆောင်အိတ်များအားစစ်ဆေးရာ ကိုဖြိုးကိုကိုတင့်ဆန်း၏ ပြောက်ကျားကျောပိုးအိတ်အတွင်းမှ WY စိတ်ကြွဆေးပြား(၁၂)ပြား၊ ICE(၁.၅)ဂရမ်၊ သြစတြေးလျနိုင်ငံထုတ် ၉မမ ပစ္စတို (၂)လက် (သေနတ် နံပါတ် RPE-204၊ URS-352)၎င်းကျည်(၇၂)တောင့်၊ ကျည်အိမ်(၂)ခု၊ ဆက်သွယ်ရေးစက် (၃)လုံး(Wind Talker တရုတ်နိုငံထုတ် ၁၊ KENWOOD တရုတ်နိုင်ငံ ထုတ် ၁၊ YAESU ဂျပန်နိုင်ငံထုတ် ၁)၊ Phyo Ko Ko Tin San(LS-609)အမည်ပါ လေဆာတုံး(၁)ခု၊ နိုင်ငံကူးလက်မှတ်စာအုပ်(၁)အုပ်၊ Drone အဝေးထိန်းယာဉ်(၁)ခု၊ မှန်ဘီလူး(၁)ခု(အိတ်ပါ)၊ ကင်မရာ(၆)လုံး၊ နာရီ(၁)လုံး၊ Wifi လွှင့်၍ အသုံးပြု သည့်စက်(၁)ခု၊ Memory Stick မျိုးစုံ(၁၅)ခု၊ ဖုန်း(၃)လုံးတို့နှင့် ၎င်းတို့(၃)ဦး စီးနင်းလာသော YGN-×××× HUMMER ယာဉ်(၁)စီး(ယာဉ်လိုင်စင် စိစစ်ဆဲ)အား လေဆိပ် ၌ သိမ်းဆည်းရမိခဲ့၍ ကိုဖြိုးကိုကိုတင့်ဆန်းပါ(၃)ဦး(ဖမ်းမိ)အား အေလာနယ်မြေ ရဲစခန်း မယ(ပ)၃/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပါသည်။

ထို ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှရီ ဦးစီးအဖွဲ့မှ ၎င်းတို့တည်းခိုသည့် ဟိုတယ် ACEသို့ ဝင်ရောက်ရှာဖွေရာ H-1အခန်း (ကိုဖြိုးကိုကိုတင့်ဆန်း၏အခန်း)ရှိ သံဘီဒိုအတွင်းမှ လက်ဆွဲအိတ်(၂)လုံး၊ နံပါတ် G045619၊  P.22 Walther ပစ္စတို(၁)လက်(ကျည်အိမ်တပ်)၊ နံပါတ် DAA 490066 Beretter.22 ပစ္စတို(၁)လက် (ကျည်အိမ်တပ်)၊ နံပါတ် A270651 Luger Cz 75D ပစ္စတို(၁)လက်(ကျည်အိမ်တပ်)၊ နံပါတ် PX 32726 Beretter 9MM  ပစ္စတို (၁)လက်(ကျည်အိမ်တပ်)၊ နံပါတ် 333-54070 Ruger 9MM Prescott Az ပစ္စတို (၁)လက်(ကျည်အိမ်တပ်)၊ ပေါင်းပစ္စတို(၅)လက်၊ 9MM Luger ကျည်(၆၃၈)တောင့်၊ M16 ကျည်(၂၀)တောင့်၊ ၎င်းကျည်အိမ်(၂)ခု၊ 7.65 MM(32 Auto)ကျည် (၁၃၆)တောင့်၊ .22ကျည်(၁၀) တောင့်၊ ကျည်အိမ်အလွတ်(၇)ခု(ရောရာ)၊ M16 လက်ကိုင်ကွင်း(၁)ခု၊ ပစ္စတိုအိတ်အနက်ရောင် (၅)လုံး၊ ကျည်ကာအင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၁)လက်တို့တွေ့ရှိပြီး JS004 အခန်း (ကိုရဲမင်းဆွေနှင့် ကိုဇော်ဝင်းထိုက် တို့နေသောအခန်း)အား ဆက်လက်ရှာဖွေရာ လက်ဆွဲအိတ်(၃)လုံး၊ LLB-170 9MM Glock ပစ္စတို (၁)လက်(ကျည်အိမ်တပ်လျက်)၊ ၎င်းကျည်(၁၂)တောင့်၊ Glock Ges.M.b.H ပစ္စတို(၁) လက်(ကျည်အိမ်တပ်လျက်)၊ ၎င်းကျည်(၄)တောင့်တို့အား သိမ်းဆည်း ရမိခဲ့ပြီး စုစုပေါင်း ပစ္စတို(၉)လက်၊ ကျည်(၈၉၂)တောင့်၊ ကျည်အိမ် (၁၆)ခု၊ M16 လက်ကိုင်ကွင်း (၁)ခု၊ ပစ္စတိုအိတ်အနက်ရောင်(၇)လုံး၊ ကျည်ကာအင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၁)လက် သိမ်းဆည်းရမိခဲ့ရာ ဒက္ခိဏမြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။

source ပြည်ထဲရေးဝန်ကြီးဌာန

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*