အစိုးရကို အခြေခံဥပဒေပြင်ဆင်စေချင်တဲ့ ပြည်သူ နိုင်ငံအတွင်း ၁ ရာခိုင်နှုန်းသာရှိပြီိး ငြိမ်းချမ်းရေးနဲ့ စီးပွားရေးပြဿနာကို ဆောင်ရွက်စေလိုသူများပြားဟု စစ်တမ်းတစ်ရပ်တွင်ဖော်ပြ

အစိုးရကို အခြေခံဥပဒေပြင်ဆင်စေချင်တဲ့ ပြည်သူ နိုင်ငံအတွင်း ၁ ရာခိုင်နှုန်းသာရှိပြီိး ငြိမ်းချမ်းရေးနဲ့ စီးပွားရေးပြဿနာကို ဆောင်ရွက်စေလိုသူများပြားဟု စစ်တမ်းတစ်ရပ်တွင်ဖော်ပြ
January 25, 2018 Fame Asian

3:54 pm
အစိုးရကို အခြေခံဥပဒေပြင်ဆင်စေချင်တဲ့ ပြည်သူ နိုင်ငံအတွင်း ၁ ရာခိုင်နှုန်းသာရှိပြီိး ငြိမ်းချမ်းရေးနဲ့ စီးပွားရေးပြဿနာကို ဆောင်ရွက်စေလိုသူများပြားဟု စစ်တမ်းတစ်ရပ်တွင်ဖော်ပြ

27332421_943109125836071_927771505299553899_n

ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၂၅

အစိုးရက ဦးစားပေးဖြေရှင်းရမယ့် အရေးအကြီးဆုံးပြသနာတွေဟာ ဘာတွေလဲလို့ တစ်နိုင်ငံလုံးမှ ပြည်သူတွေကို အရပ်ဘက် အဖွဲ့အစည်းတစ်ခုက စစ်တမ်းကောက်ယူရာမှာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးလို့ ဖြေဆိုသူကြသူများ သာများပြားပြီး အခြေခံဥပဒေပြင်ဆင်ရေးလို့ ဖြေဆိုသူမရှိသလောက်နည်းပါးတယ်လို့ ထွက်ပေါ်လာတဲ့ စစ်တမ်းအရ သိရပါတယ်။

အရပ်ဘက်အဖွဲ့  အစည်းတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) က တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှ မြို့ နယ်ပေါင်း (၂၅၄) မြို့ နယ်မှာ ကောက်ယူခဲ့တဲ့ နိုင်ငံသားများ၏ ဒီမိုကရေစီမျှော်မှန်းချက်ဆိုင်ရာ သဘောထားအမြင်စစ်တမ်းမှာ ဦးစားပေး
ဖြေရှင်းရမယ့်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရင်ဆိုင်နေရတဲ့ပြသနာတွေကိုမေးမြန်းခဲ့ရာမှာ ငြိမ်းချမ်းရေးပဋိပက္ခလို့  ဖြေဆိုသူများက အများဆုံးဖြစ်နေပြီး စီိးပွားရေးလို့ ဖြေဆိုသူများက ဒုတိယအများဆုံးဖြစ်နေတယ်လို့ စစ်တမ်းကောက်ယူုခဲ့တဲ့ PACE မှ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

ဖြေဆိုသူများအနက်က ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခကို အရေးတကြီိးဖြေရှင်းရမယ့်ပြသနာလို့ မြင်သူက ၃၇ ရာခိုင်နှုန်းရှိပြီိး ၃၁ ရာခိုင်နှုန်းကတော့ စီိးပွားရေးကိုသာ အစိုးရကို အဓိကဆောင်ရွက်စေချင်ကြပါတယ်။

” အရပ်ဘက်အဖွဲ့  အစည်းတွေ နိုင်ငံရေးခေါင်းဆောင်တွေ စိတ်ဝင်စားကြတဲ့ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးတို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတို့ကတော့ နိုင်ငံသားတွေအနေနဲ့ အရေးကြီးတဲ့ပြဿနာထဲမှာရှိတယ်လို့ ပြောတဲ့ တုန့် ပြန်တဲ့နိုင်ငံသားတွေကတော့ အရမ်းနည်းတာသွားတွေ့ ရတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သတ်လို့ လက်ရှိအစိုးရက ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီးတော့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖော်ဆောင်တာကို အားလုံးသိကြမှာပါ။ ဆိုတော့ ကျွန်တော်တို့ ကမေးကြည့်တယ်။ဖိုရမ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပွဲလမ်းသဘင်တွေကျင်းပပြီးတော့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအကောင်အထည်ဖော်နေတာကို သိသလားလို့ မေးတဲ့အခါမှာ ဖြေဆိုသူလူတစ်ဝက်လောက်ကတော့ သိတယ်လို့ ဖြေဆိုကြပြီး ကျန်တစ်ဝက်လောက်တော့ မသိဘူးလို့ ဖြေကြတယ်။ အဲဒီတော့သိတယ်ဆိုတဲ့လူတွေကိုတစ်ချက်မေးကြည့်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဖော်ဆောင်နေတာ လမ်းမှန်ပေါ်ရောက်နေပြီလား ဘယ်လိုသဘောရလဲဆိုတော့ သိတယ်လို့ ဖြေဆိုခဲ့တဲ့ လူတွေရဲ့ တစ်ဝက်နီးပါးလောာက်ကတော့ လမ်းမှန်ကိုရောက်နေပြီလို့ ဖြေတယ်။ ဒီတော့ နှေးတယ်လို့ ထင်လား၊ မြန်တယ်လို့ ထင်လား၊ ပုံမှန်သွားနေတယ်လို့ ထင်လားလို့ မေးကြည့်တော့ ပြည်နယ်ကလူတွေကတော့ အရမ်းနှေးတယ်လို့ ဖြေဆိုကြသူပိုများတာတွေ့ ရပါတယ်” လို့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကဆိုပါတယ်။

အဲဒီစစ်တမ်းမှာ အစိုးရရဲ့ ၀န်ဆောင်မှုနဲ့ အခြေခံအဆောက်အအုံကို အရေးအကြီိးဆုံးဖြေရှင်းရမယ့်ပြဿနာလို့ မြင်တဲ့ပြည်သူများက ၂၈ ရာခိုင်နှုန်းနဲ့ တတိယအများဆုံးဖြစ်နေပြီး ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးလို့  ဖြေဆိုသူများက ၁၄ ရာခိုင်နှုန်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို အစိုးရကို ဦးစားပေးဖြေရှင်းပေးစေလိုတဲ့ပြည်သူများဟာ ၁၀၀ ရာခိုင်နှုန်းမှာ (၁) ရာခိုင်နှုန်းသာရှိပြီး မရှိသလောက်နည်းပါးတယ်လို့ PACE ကဆိုပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်များနဲ့ အစိုးရရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေအပေါ် အကဲဖြတ်ပေးဖို့ပြည်သူများရဲ့ အမြင်ကို မေးမြန်းခဲ့ရာမှာ လွှတ်တော်တွင်ပါဝင်ဆွေးနွေးမှု၊ ဥပဒေကြမ်းတင်သွင်းမှု၊ အခြားပါတီများမှ အမတ်များနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အုပ်ချုပ်ရေးကဏ္ဍကိုမေးမြန်းဆောင်ရွက်မှု၊ မဲဆန္ဒနယ်သို့ သွားရောက်မှု၊ မဲဆန္ဒနယ်ဖွံ့ ဖြိုးရေးတို့ နဲ့ ပတ်သတ်တဲ့လွှတ်တော်ကိုယ်စားလှယ်များအပေါ် ပြည်သူများရဲ့ အားရကျေနပ်မှုဟာ ၁၃ ရာခိုင်နှုန်းမှ ၂၃ ရာခိုင်နှုန်းအထိသာ ကျေနပ်တယ်လို့ ဖြေဆိုသူရှိပြီိး ညံ့တယ်လို့ မြင်ကြောင်းဖြေဆိုသူဟာ ၁၇ ရာခိုင်နှုန်းမှ ၂၇ ရာခိုင်နှုန်းအထိရှိနေပါတယ်။ ဘယ်လိုအကဲဖြတ်လို့ ဖြတ်ရမှန်းမသိဘူးလို့ ဖြေဆိုသူများက ၃၆ ရာခိုင်နှုန်းမှ ၅၁ ရာခိုင်နှုန်းအထိ ရှိနေပြီးအများဆုံးဖြစ်နေတယ်လို့ ဖော်ပြပါတယ်။

1

လူပုဂ္ဂိုလ်အချင်းချင်းကြား ယုံကြည်မှုနဲ့သဘောထားအမြင်၊ မယုံကြည်မှု မတူညီိမှုကို နားလည်ပေးနိုင်မှုကို မေးမြန်းခဲ့ရာမှာတော့ လူအများစုဟာ သတိထားပြီးဆက်ဆံရတယ်လို့ ဖြေဆိုသူများဟာ ၇၄ ရာခိုင်နှုန်းအထိရှိပြီး လူအချင်းချင်းယုံကြည်ရပါတယ်လို့ဖြေဆိုသူများကတော့ ၁၇ ရာခိုင်နှုန်းသာရှိတယ်လို့စစ်တမ်းအရသိရပါတယ်။

ယခုစစ်တမ်းကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ မှ ၁၁ ရက်နေ့ အထိကောက်ယူခဲ့ပြီး နေရာ ၆၀၀ ကောက်ယူဖို့ သတ်မှတ်ထားတဲ့အနက်က ကချင်ပြည်နယ်မှာ ၂ နေရာ၊ ကရင်ပြည်နယ်မှာ ၄ နေရာ၊ ချင်းပြည်နယ်မှာ ၁ နေရာ၊ ရခိုင်ပြည်နယ်မှာ ၇ နေရာ၊ ချင်းပြည်နယ်မှာ ၁၇ နေရာတို့ အပါအ၀င် ၃၆ နေရာမှာ ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ PACE ကပြောပါတယ်။ ယခုစစ်တမ်းကောက်ယူမှုဟာ PACE အဖွဲ့ ရဲ့ တတိယအကြိမ်မြောက်စစ်တမ်းကောက်ယူမှုဖြစ်ပြီိး မျက်နှာချင်းဆိုင် တွေ့ ဆုံမေးမြန်းမှု ၃၀၀၀ နီးပါးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တမ်းမှာမဖော်ပြပေမယ့် စစ်တမ်းကောက်ယူခဲ့မှုအရ တစ်နိုင်ငံလုံးရဲ့ သတင်းရယူနေမှုမှာ အစိုးရရုပ်သံလိုင်းဖြစ်တဲ့ မြန်မာ့အသံကိုကြည့်ပြီး သတင်းတွေသိရတယ်လို့ ဖြေဆိုသူက များပြားပြီး ရုပ်မြင်သံကြားလုံးဝမကြည့်သူ ၄၀ ရာခိုင်နှုန်းနဲ့ သတင်းစာနဲ့ ဂျာနယ်လုံးဝမဖတ်သူ ၆၀ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့ PACE အဖွဲ့ မှ ဒါရိုက်တာစိုင်းရဲကျော်စွာမြင့်ကပြောပါတယ်။

သတင်း၊ ဓါတ်ပုံ – ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*