ကလေးမှာ ရေကြီးလို့ ရပ်ကွက်/ကျေးရွာ ၁၅ ခု ရေဘေးရှောင်နေရ

ကလေးမှာ ရေကြီးလို့ ရပ်ကွက်/ကျေးရွာ ၁၅ ခု ရေဘေးရှောင်နေရ
September 20, 2017 Fame Asian

12:08 pm
ကလေးမှာ ရေကြီးလို့ ရပ်ကွက်/ကျေးရွာ ၁၅ ခု ရေဘေးရှောင်နေရ
1

ကလေးမြို့မော်တော်ဆိပ်ကို ယနေ့ မနက်က မြင်တွေ့ရစဉ်

ကလေး ၊ စက်တင်ဘာ ၂၀

မြစ်သာမြစ်ရေတက်လို့ ဒီကနေ့မနက်ပိုင်းအထိ ကလေးမြို့မှာ ကယ်ဆယ်ရေးစခန်း ၁၅ ခုဖွင့်ပြီး ရေဘေးရှောင် ၂၃၂၈ ဦး ရှိနေပြီလို့ ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေသိရပါတယ်။

ဒီစာရင်းကတော့ ဒီကနေ့မနက် ၁၀ အထိ ကောက်ယူရရှိထားတဲ့စာရင်းဖြစ်ပြီး ရေနှစ်မြုပ်တဲ့မြို့နယ်နဲ့ရပ်ကွက်တွေ ထပ်တိုးလာနိုင်ကြောင်း ၊ ရေဘေးရှောင်လူဦးရေးလည်းထပ်တိုးလာနိုင်ကြောင်း ကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

လောလောဆယ် ရရှိထားတဲ့စာရင်းတွေအရ ရေဘေးဒဏ်ခံရတဲ့ ကျေးရွာနဲ့ရပ်ကွက် ၁၅ ခုက ရေဘေးရှောင်ပြည်သူ ၂၃၂၈ ဦးကို လူကယ်ပြန် ၀န်ကြီးဌာနနဲ့ အစီအစဉ်နဲ့ တစ်ပတ်စာ ဆန်စရိတ် ၂၁၀၀ ကျပ် ဝေငှထားတယ်လို့ သိရပါတယ်။\

ရေကဆက်တိုက်တက်နေတဲ့အနေအထားရှိတယ်လို့လည်း ကလေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ရှားမီးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးက “စာရင်းကမြေပြင်မှာတော့ကျော်နေပြီ။ ကလေးနဲ့ဂန့်ဂေါအစပ်မှာ ကျောက်ပြုတ်ကြိုးတံတားရှိတယ်။ အဲ့ဒီမှာ ရေသွားတိုင်းတော့ မနေ့က ၁၈ပေ ၅ လက်မရှိတယ်။ ဒီကနေ့ မနက်တိုင်းတော့ ၁၇ ပေ ၁၀ လက်မရှိတယ်။ ဒီတော့ ၆ လက်မကျသွားတယ်လို့ပြောလို့ရတယ်။ အဲ့ဒီမှာရေကျရင် ဒီမှာရေကျဖို့ အချိန် ၁၁ နာရီကျော်လောက်ကြာတယ်။ ဒါကကျွန်တော်တို့ဒေသတိုင်းနေကျနည်းလမ်းလေးဖြစ်တော့ အနည်းငယ်တော့လွဲနိုင်ပါတယ်။ ရေကဆက်တက်နေပေမယ့် ဒီကနေ့ မိုးထပ်မရွာရင်တော့ ညပိုင်းလောက် ရေကျနိုင်မယ်လို့ ခန့်မှန်းထားပါတယ် ” လို့ ဆိုပါတယ်။

ကလေးမြို့ဟာ ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း ရေဘေးဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

အခုလက်ရှိအနေအထားကတော့ စိုးရိမ်ဖွယ်ကောင်းတဲ့အနေအထားကိုမရောက်သေးဘူးလို့သိရပါတယ်။

Ye Lwin
Photo – ThantZin Lynn

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*