ခရီးသည်ယာဉ်နှင့် ခြောက်ဘီးကား တို့ အ​ဝေးထိန်းမိုင်း၃လုံးဖြင့် တိုက်ခိုက်ခဲ့ရ

ခရီးသည်ယာဉ်နှင့် ခြောက်ဘီးကား တို့ အ​ဝေးထိန်းမိုင်း၃လုံးဖြင့် တိုက်ခိုက်ခဲ့ရ
September 20, 2017 Fame Asian

10:20 am
ခရီးသည်ယာဉ်နှင့် ခြောက်ဘီးကား တို့ အ​ဝေးထိန်းမိုင်း၃လုံးဖြင့် တိုက်ခိုက်ခဲ့ရ

ရခိုင်‌၊စက်‌တင်‌ဘာ ၂၀

မင်းပြားမြို့ နှင့်‌မြောက်ဦးမြို့ကြား ရန်ကုန်‌-စစ်‌‌တွေကားလမ်းမအ‌ပေါ်တွင်‌ အဝေးထိန်းမိုင်းသုံးလုံး‌ဖြင့် ခရီးသည်တင်ယာဉ်တစ်စီးနှင့် ၆ ဘီးယာဉ်တစ်စီးတို့ တိုက်ခိုက်ခံရပြီး ပျက်စီးမှု အချို့ရှိခဲ့ကြောင်း မင်းပြားမြို့မရဲစခန်းက ရဲအရာရှိတစ်‌ဦးက‌ပြောသည်‌။

စက်တင်ဘာ ၁၉ ရက်နေ့ညနေကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မ‌နေ့ကည‌နေက‌ မိုင်တိုင်အမှတ် ၉၆/၄ အနီးမှာ‌ဖောက်‌ခွဲခံရတာပါ။ ခရီးသည်‌တင်‌ ယာဉ်‌တစ်‌စီးနဲ့ ၆ဘီးကားတစ်‌စီး မိုင်းရဲ့လှိုင်းရိုက်‌ခတ်‌ခံရတယ်‌။လူအ‌သေအ‌ပျောက်‌မရှိပါဘူး။၆ဘီးယာဉ်‌က‌ရှေ့မှန်‌ကွဲပြီးခရီးသည်တင်ယာဉ်ကတော့ ရှေ့မှန်ကလွဲလို့ ကျန်တဲ့ မှန် ၅ချပ်ချပ်‌စလုံး ကွဲသွားတယ်‌။ “ဟု အဆိုပါ ရဲအရာရှိက‌ပြောသည်‌။

လက်ရှိတွင် မိုင်း‌ဖောက်‌ခွဲသူများကို စုံစမ်း‌စစ်‌‌ဆေးလျက်‌ ရှိ‌ပြီး မိုင်း‌ဖောက်‌ခွဲသူများ မည်‌သည့်‌ အဖွဲ့အစည်းမှ ဖြစ်‌သည်‌ကို တပ်‌မ‌တော်‌မှ စုံစမ်းစစ်ဆေးပြီးနောက် ယ‌နေ့ည‌နေတွင်‌ အ‌ကြောင်းပြန်‌မည်‌ဖြစ်‌သည်‌ဟု မင်းပြားမြို့မ ရဲစခန်းမှသိရသည်‌။

ယခု‌ဖောက်‌ခွဲခံရသည့်‌ မိုင်းများကို အင်‌အား အတင့်‌သင့်‌ရှိ လက်‌လုပ်‌ အ‌ဝေးထိန်းမိုင်း ဟု လက်‌ရှိတွင်‌ ယူဆထားပြီးမြောက်ဦးမြို့တွင်လည်း သံသယရှိသူများနှင့်‌ မသင်္ကာဖွယ်‌ရာများကို စစ်‌‌ဆေး‌ဆောင်‌ရွက်‌လျက်‌ ရှိ‌ကြောင်းမြောက်ဦးမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး သိန်းနိုင်‌‌အေးက‌ပြောသည်‌။

YL/TH

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*