ယခုနှစ်မူဝါဒနှင့် လျှောက်ထားသည့် မော်တော်ယာဉ် ပါမစ်သက်တမ်းကို နှစ်ကုန် (၁၂)လပိုင်း အထိသာ ခွင့်ပြုပေးရန် သတင်းများ ထွက်ပေါ်နေ

ယခုနှစ်မူဝါဒနှင့် လျှောက်ထားသည့် မော်တော်ယာဉ် ပါမစ်သက်တမ်းကို နှစ်ကုန် (၁၂)လပိုင်း အထိသာ ခွင့်ပြုပေးရန် သတင်းများ ထွက်ပေါ်နေ
September 5, 2017 Asian Fame

11:08 am
ယခုနှစ်မူဝါဒနှင့် လျှောက်ထားသည့် မော်တော်ယာဉ် ပါမစ်သက်တမ်းကို နှစ်ကုန် (၁၂)လပိုင်း အထိသာ ခွင့်ပြုပေးရန် သတင်းများ ထွက်ပေါ်နေ

car(နေပြည်တော် သြဂုတ် ၅)

ယခုနှစ် အတွက် သတ်မှတ်ထားသည့် မော်တော်ယာဉ် မူဝါဒနှင့်လျှောက်ထားသည့် ပါမစ် သက်တမ်းများကို နှစ်ကုန်(၁၂)လပိုင်း အထိ သာ ခွင့်ပြုပေးရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်များ ချပေးရာတွင် သက်တမ်း(၃)လ၊ သက်တမ်း တိုးအဖြစ် ပထမအကြိမ်(၂)လ၊ ဒုတိယ အကြိမ်(၁)လ စုစုပေါင်း (၆)လအထိ ခွင့်ပြုပေးလျက် ရှိသည်။ သို့သော် ယခုအခါ ယခုနှစ်မူများ အတိုင်းလျှောက်ထားသည့် ပါမစ် များကို(၁၂)လပိုင်းအထိသာ ခွင့်ပြုပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ် လာခြင်းဖြစ်သည်။

“ကားတင်သွင်းခွင့်မူဝါဒ သတ်မှတ်ချက် အတိအကျ ကမထွက်သေးပါဘူး၊ ကြီးကော် အစည်းအဝေးစောပြီး လုပ်နေကြတဲ့ အတွက် အရင်နှစ် ထက်စောပြီး မူဝါဒထွက်ဖို့တော့ ရှိပါတယ်၊ ဒါပေမယ့် အတိအကျပြောဖို့ မဖြစ်နိုင်သေးပါဘူး အစည်းအဝေး လုပ်နေကြ တုန်းပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်ကဆိုသည်။

ထွက်ပေါ်နေသည့် သတင်းများအရ ယခုနှစ် အတွက်မော်တော် ယာဉ်တင်သွင်းခွင့် ပါမစ်များကို ယခုနှစ် မကုန်ခင် အပြီး တင်သွင်းကြ ရမှာဖြစ်ပြီး လာမည့်နှစ်အတွက် သက်တမ်းတိုးခွင့် ရတော့မည်မဟုတ်ပေ။ ယခုလအတွင်း လျှောက်ထားမည့် ကားပါမစ် များအတွက် သက်တမ်း စုစုပေါင်း(၆)လရတော့မည် မဟုတ်ဘဲ (၁၂)လပိုင်း အထိ (၅)လသာ ရရှိတော့မည်ဖြစ်သည်။

လာမည့်နှစ် အတွက် မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒ အပြောင်းအလဲ တွင် ဘယ်မောင်း ကားများနှင့် ပြည်တွင်းထုတ်ကား များအတွက် ဦးစားပေးမည် ဖြစ်သောကြောင့် ယခုနှစ်အတွင်း လျှောက်ထားသည့် ကားပါမစ်များကို ရှေ့နှစ် အတွက် မကျုံးမဝင်ရန် စီစဉ်နေခြင်း ဖြစ်နိုင်ကြောင်း ကားလောကအတွင်း သုံးသပ်လျက်ရှိနေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*