ရန်ကုန်တိုင်းဒေသကြီင်္းအတွက် ယခုနှစ် ဘဏ္ဍာနှစ်မှာ ငွေကျပ် ၄၇ ဘီလီယံကျော်ကို ထပ်တိုးသုံးစွဲသွားမည်

ရန်ကုန်တိုင်းဒေသကြီင်္းအတွက် ယခုနှစ် ဘဏ္ဍာနှစ်မှာ ငွေကျပ် ၄၇ ဘီလီယံကျော်ကို ထပ်တိုးသုံးစွဲသွားမည်
September 1, 2017 Fame Asian

5:17 pm
ရန်ကုန်တိုင်းဒေသကြီင်္းအတွက် ယခုနှစ် ဘဏ္ဍာနှစ်မှာ ငွေကျပ် ၄၇ ဘီလီယံကျော်ကို ထပ်တိုးသုံးစွဲသွားမည်

1

ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီင်္းအတွက် ယခုနှစ် ဘဏ္ဍာနှစ်မှာ ငွေကျပ် ၄၇ ဘီလီယံကျော်ကို ထပ်တိုးသုံးစွဲသွားမှာဖြစ်တယ်လို့ ရန်ကုန်ုတိုင်းဒေသကြီး အစိုးရက ဒီကနေ့ တိုင်းလွှတ်တော်မှာ ပြောပါတယ်။ အဲဒီထပ်တိုးသုံးစွဲမယ့်ငွေကြေးတွေကို အဓိကအနေနဲ့  လမ်းတွေဖောက်ဖို့ သုံးစွဲသွားမှာဖြစ်ပြီး ရန်ကုန်မြို့ တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်မှ မြို့ (၇) မြို့ ကလမ်းတွေကို ဖောက်လုပ်ပေးသွားမှာဖြစ်တယ်လို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောပါတယ်။၎င်းဟာ စက်တင်ဘာလ ၁ ရက်
နေ့ (ယနေ့ ) မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ လျာထားချက်နဲ့ ပတ်သတ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြခဲ့တာပါ။

”အဓိကအားဖြင့်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ လမ်းညွန်ချက်အရ လမ်းများဖောက်လုပ်ရေးအတွက်ကို ဦးစားပေးထားပါတယ်။ကျေးလက်ဒေသ တိုးတက်ရေးဦးစီးဌာန ကနေပြီးတော့ မြို့ နယ်(၇)မြို့ နယ်အတွက် ဖောက်လုပ်သွားပါမယ်” လို့ သူကပြောပါတယ်။ လမ်းဖောက်လုပ်မယ့် စာရင်းမှာပါတဲ့မြို့ နယ်များကတော့ လှည်းကူး၊တိုက်ကြီး၊ မှော်ဘီ၊ သုံးခွ၊ တွံတေး၊ သန်လျင်နဲ့ ထန်းတပင်မြို့ နယ်တို့ ဖြစ်ပါတယ်။ဒါ့အပြင် လမ်းဦးစီးဌာန၊ မြို့ ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနနဲ့ ရန်ကုန်မြို့ တော်စည်ပင် သာယာရေးကော်မတီတို့ ကဆောင်ရွက်မယ့် လမ်းတွေလည်း ပါရှိတာကိုတွေ့ ရပါတယ်။

ယခုနှစ်ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းဒေသကြီင်္းအတွက် သုံးစွဲဖို့ ၄၂၄ ဘီလီယံကျော်ကို မူလခန့် မှန်းလျာထားခဲ့ကြပေမယ့် ယခုအခါမှာတော့ ဖြည့်စွက်တောင်းခံမှုအပေါ် ပြည်ထောင်စုမှထောက်ပံ့နိုင်မှုပမာဏ၊၀င်ငွေတိုးရှာနိုင်မှု၊ ရန်ကုန်တိုင်းဒေသကြီး အတွက်ပြည်ထောင်စုမှ ရရှိမယ့် ခွဲတမ်းကျ အခွန်ဝေစုတို့ အရ ၄၇ ဒသမ ၆ ဘီလီယံကျော်ကို ထပ်တိုးခွင့်ပြုလိုက်တာဖြစ်ပါတယ်။ယင်းငွေကြေးတွေကိုတော့ လမ်းဖောက်ဖို့ အဓိကသုံးစွဲမှာဖြစ်ပြီးတော့ ဗဟိုအဖွဲ့ အစည်းတွေ၊၀န်ကြီးဌာနတွေ၊ တိုင်းဒေသကြီးကုန်တင်ကုန်ချ ကော်မတီရုံး၊ရန်ကုန်မြို့ တော် စည်ပင် သာယာရေးကော်မတီနဲ့ စည်ပင်သာယာရေး အဖွဲ့ တို့ က ခွဲဝေသုံးစွဲသွားမှာဖြစ်တယ်လို့ ဝန်ကြီးရဲ့ လွှတ်တော်ကိုတင်ပြချက်အရသိရပါတယ်။

”ပထမငါးလ အမှန်စာရင်းပေါ်မှာ မူတည်ပြီးတော့ နောက် ၇ လကိုခန့် မှန်းပြီးတွက်တဲ့အခါမှာ ၄၂၄ ဘီလီယံ(သုံးစွဲရန်မူလခန့် မှန်းခြေပမာဏ) ဟာ လောက်ငှနိုင်ချေမရှိတဲ့အတွက် ထပ်ပြီးတော့ တိုးမြှင့်သုံးစွဲနိုင်ဖို့ အတွက် ဖြည့်စွက်ခွင့်ပြုဖို့ လျာထားသတ်မှတ်ရပါတယ်” လို့ သူကပြောပါတယ်။

မူလသတ်မှတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွက် သုံးစွဲမယ့် ငွေကြေး ၄၂၄ ဘီလီယံကျော် နဲ့ ယခုထပ်တိုးသုံးစွဲမယ့် ငွေကြေး ၄၇ ဘီလီယံကျော်နဲ့ ပါဆိုရင် ရန်ကုန်တိုင်းဒေသကြီးအတွက် သုံးစွဲမယ့်ငွေကြေးဟာ ၄၇၁ ဘီလံကျော်အထိဖြစ်လာမှာပါ။ထပ်တိုးသုံးစွဲ
မယ့်ငြွေေ့ကးလျာထားချက်တွေကိုတော့ စက်တင်ဘာလ ၅ ရက်နေ့ (လာမယ့်အင်္ဂါနေ့ ) မှာ ပြုလုပ်မယ့် တိုင်းလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသွားကြမှာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*