YBS စနစ်ကို ဝေဖန်မှုများ ပြင်းထန်နေစဉ် YBS ယာဉ်နောက်လိုက်အချို့၏ ရမ်းကား ရိုက်နှက်မှုများ ရှိနေ

YBS စနစ်ကို ဝေဖန်မှုများ ပြင်းထန်နေစဉ် YBS ယာဉ်နောက်လိုက်အချို့၏ ရမ်းကား ရိုက်နှက်မှုများ ရှိနေ
May 3, 2017 Asian Fame

3:12 pm
YBS စနစ်ကို ဝေဖန်မှုများ ပြင်းထန်နေစဉ် YBS ယာဉ်နောက်လိုက်အချို့၏ ရမ်းကား ရိုက်နှက်မှုများ ရှိနေ

ybs

ဖြိုးထက်အောင်၊ ဝေရှိုင်းကျော်
ရန်ကုန်၊ မေ ၂

YBS ယာဉ်လိုင်းစနစ်နှင့် ပတ်သက်၍ လွှတ်တော်နှင့်ပြည်သူများအကြား ဝေဖန်မှုမြင့်တက်နေ ချိန်မှာပင် YBS ယာဉ်နောက် လိုက်များ၏ ရမ်းကားရိုက်နှက်မှုများမှာ ဧပြီလ နောက်ဆုံးပတ်အတွင်းက ရက်ဆက်နီးပါး ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အင်းစိန်မြို့နယ်မှ လွှတ် တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် ၏ ‘အများပြည်သူသယ်ယူပို့ ဆောင်ရေးနှင့်ပတ်သက်၍ အစိုးရ သို့တိုက်တွန်းသောအဆို’ကို လွှတ် တော်ကိုယ်စားလှယ် ၂၆ ယောက် အထိ ဆွေးနွေးဝေဖန်ခဲ့သည်။ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ယင်းအဆိုကိုအတည် ပြု ပေးခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က YBS ယာဉ်လိုင်း ၆၁ ယာဉ်နှစ်စီးကားချင်းယှဉ် မောင်းရာမှ တက္ကစီယာဉ်နှင့် ကားချင်းငြိကာ တက္ကစီယာဉ်မောင်းကို တုတ်ဖြင့် ရိုက်နှက်ခဲ့မှု ဖြစ်ပွားခဲ့သည်။ ဧပြီလ ၃ဝ ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့ နယ် သုဓမ္မာလမ်းရှိ အဝိုင်းကြီး ကားမှတ်တိုင်တွင် YBS ယာဉ်လိုင်း (၁ဝ) မှ ယာဉ်နောက်လိုက်က ကားပေါ်ပါ ခရီးသည်တစ်ဦးကို သစ်သားဂျမ်းတုံးဖြင့် ရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့သည်။

ထိုသို့ YBS ယာဉ်လိုင်းများ၏ ရမ်းကားနေမှုများမှာ NLD အစိုးရကို စိန်ခေါ်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးရန်အောင်က သုံးသပ်သည်။ ”ဒါတွေက မဖြစ်သင့်တဲ့ကိစ္စတွေ လက်မခံနိုင်စရာ ကိစ္စတွေပါ။ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သင့်နေပါပြီ။ ဒါအစိုးရကို စိန်ခေါ်နေတဲ့ပြဿနာဖြစ်နေပါပြီ။ ဒါမျိုးကိုတော့ လုံးဝ လက်မခံနိုင်ဘူးဆိုတာကို ပြသဖို့ လိုနေပါပြီ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က မထသစနစ်မှ ပြောင်းလဲလိုက်သော YBS ယာဉ်လိုင်း စနစ်သည် ယခုဆိုလျှင် ရက်ပေါင်း ၁ဝဝ ကျော်သက်တမ်းရှိခဲ့ပြီ ဖြစ်သည်။ ၃ လ တာကာလအတွင်းတွင် ယခင်မထသစနစ်က အမူအကျင့်များဖြစ်သော ယာဉ်အချင်း ချင်းပြိုင်မောင်းခြင်း၊ ယာဉ်စီးခပိုမို ကောက်ခံခြင်း၊ ခရီးသည်များကို ရိုင်းပြစွာ မချေမငံဆက်ဆံခြင်းနှင့် ယာဉ်နောက်လိုက်များ ရမ်းကားခြင်း စသည်တို့ မှာ YBS စနစ်တွင်လည်း ပျောက်ကွယ်မသွားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ထားသည်။ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့၏ Complaint Center သို့ရက် ၁ဝဝ အတွင်း တိုင်ကြားမှုများထဲတွင် ယာဉ်လိုင်းနံပတ် ၆ မှာ တိုင်ကြားခံရမှုပေါင်း ၁၁ဝ ကျော်ဖြင့် အများဆုံးရှိနေပြီး နံပတ်(၇)၊ (၃၁၊ (၆၄) နံပတ်များမှာ တိုင်ကြားခံရမှု အများဆုံးဖြစ်ကြောင်း YRTA က ပြောသည်။

YBS စတင်ပြေးဆွဲပြီး တစ်လအကြာတွင် စည်းကမ်းဖောက်ဖျက်မှုကြောင့် အရေးယူခဲ့သော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁ဝဝ ကျော်ရှိပြီး တစ်လအတွင်း တိုင်ကြားမှု တစ်ထောင်ကျော်ရှိခဲ့သည်။ စတင်ပြေးဆွဲချိန်မှ ယခုထိဆိုလျှင် အရေးယူမှုပေါင်း ၆ ထောင်ကျော် ပြုလုပ်ပြီးဖြစ်ကြောင်းတိုင်း အစိုးရက ပြောကြားထားသည်။ YBS ယာဉ်လိုင်းစနစ်နှင့် ပတ်သက်ပြီး မအောင်မြင်အောင် ဆောင်ရွက်နေသော နိုင်ငံရေးပ ရောဂများ ရှိနေကြောင်းနှင့် ယင်း ကိစ္စကို ပြည်ထောင်စုအစိုးရသို့ တင်ပြထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်နီ လာကျော်က ပြောထားသည်။ YBS ယာဉ်လိုင်းများကိုစီးနှင်းသူများအနေနှင့် အွန်လိုင်းမှ တစ်ဆင့်တိုင်ကြားနိုင်ပြီး အဆိုပါ ယာဉ်လိုင်း၏ စည်းကမ်းဖောက် ဖျက်မှုများကို တိုင်ကြားနိုင်သည့် ဆော့ဖ်ဝဲမှာ Yangon Bus Report ဖြစ်သည်။ Google Play Store မှ တစ်ဆင့် Free Download ပြုလုပ်ကာ တိုင်ကြားနိုင်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*