လိုင်စင်မဲ့ယာဉ်များကို စီမံချက်ချဖမ်းဆီးနေပြီး ဖော့ပြားပေါ်တွင် နံပါတ်ဂဏန်းများ ရေးသားတပ်ဆင်မောင်းနှင်ပါက အရေးယူခံရမည်။

လိုင်စင်မဲ့ယာဉ်များကို စီမံချက်ချဖမ်းဆီးနေပြီး ဖော့ပြားပေါ်တွင် နံပါတ်ဂဏန်းများ ရေးသားတပ်ဆင်မောင်းနှင်ပါက အရေးယူခံရမည်။
August 31, 2017 Fame Asian

12:15 pm
လိုင်စင်မဲ့ယာဉ်များကို စီမံချက်ချဖမ်းဆီးနေပြီး ဖော့ပြားပေါ်တွင် နံပါတ်ဂဏန်းများ ရေးသားတပ်ဆင်မောင်းနှင်ပါက အရေးယူခံရမည်။

 

c

နေပြည်တော် သြဂုတ် ၃၁

တရားမဝင် မှောင်ခိုဝင်ရောက်လာသော လိုင်စင်မဲ့မော်တော်ယာဉ်များကို စီမံချက်များဖြင့်ဒေသအလိုက် ဖမ်းဆီးရေးယူနေပြီး ယာဉ်နံပါတ်ပြားနေရာတွင် အင်ဂျင်နှင့်ဖရိန် နံပါတ်များကို ဖော့ပြားတွင်ရေးသားတပ်ဆင် မောင်းနှင်ပါက အရေးယူခံရမည်ဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှုးရုံး(နေပြည်တော်)မှသိရသည်။

“ကားတွေမှာ ကညနက စနစ်တကျ လုံခြုံရေးအမှတ်အသားတွေပါဝင်တဲ့ နံပါတ်ပြားတွေဘဲတပ်ဆင်မောင်းနှင်ခွင့်ရှိပါတယ်၊တကယ်လို့ ဆိပ်ကမ်းကနေ သွင်းလာတဲ့ကားတွေ အတွက် ကညနမှာ မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်ဖို့ စတိနဲ့ယာယီနံပါတ်တွေ ကိုအသုံးပြုနိုင်ပါတယ်၊အဲဒါတွေကလည်း ဆိပ်ကမ်းကနေ ကားအရောင်းစင်တာအဲ့ကနေကညနကို မောင်းနှင်ဖို့ (၇)ရက်သက်တမ်းနဲ့ ထုတ်ပေးထားတာပါ”ဟု ယာဉ်ထိန်းတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှုး ကျော်စွာကဆိုသည်။

လိုင်စင်မဲ့ယာဉ်နှင့်တရားဝင်လိုင်စင်ကားများကို ခွဲခြားရာတွင် ယာဉ်နံပါတ်ပြားကို ပထမဦးစွာ စစ်ဆေးခြင်းဖြစ်သဖြင့် သတ်မှတ်ထားသည့် ယာဉ်နံပါတ်ပြားများကိုသာ အသုံးပြုကြရန်ဖြစ်ပြီး မလိုက်နာပါက အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ထားသည့် ဖောင်းကြွနံပါတ်ပြားများမဟုတ်ဘဲ ကားအင်ဂျင်နှင့်ဖရိန်နံပါတ်များကို မည်သည့်ကားမှတပ်ဆင်ခွင့်မရှိကြောင်းနှင့် တပ်ဆင်ပြီး အများပြည်သူပိုင်လမ်းများတွင်မောင်းနှင် သွားလာပါက မော်တော်ယာဉ်ဥပဒေနှင့်အညီ စစ်ဆေးအရေးယူခံရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အကြမ်းဖျင်းအားဖြင့် လူစီးကိုယ်ပိုင်ယာဉ်များအတွက် နံပါတ်ပြားအနက်ရောင်၊အဌားယာဉ်များအတွက်အနီရောင်၊ခရီးသွားကုမ္မဏီကားများအတွက် အပြာရောင်၊ သံရုံးကားများနှင့်၊ INGO ပိုင်ကားများအတွက် အဖြူရောင်၊ သာသနာရေးမှ ခွင့်ပြုထားသော ကားများအတွက် အဝါရောင် စသဖြင့် သတ်မှတ်ထားသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*