ဓါးစာခံအဖြစ်ဖမ်းဆီးမခံရရေး တောင်ကြီးခရိုင်မှ ပညာရေးဝန်ထမ်းများကို သတိပေးထား

ဓါးစာခံအဖြစ်ဖမ်းဆီးမခံရရေး တောင်ကြီးခရိုင်မှ ပညာရေးဝန်ထမ်းများကို သတိပေးထား
August 30, 2017 Fame Asian

12:11 pm
ဓါးစာခံအဖြစ်ဖမ်းဆီးမခံရရေး တောင်ကြီးခရိုင်မှ ပညာရေးဝန်ထမ်းများကို သတိပေးထား

21192204_1950459828540921_1094714217113302482_n

တောင်ကြီး ၊ သြဂုတ် ၃၀

ရှမ်းပြည်နယ် တောင်ကြီးခရိုင်ပညာရေးမှူးရုံးလက်အောင်ခံ ဌာန အသီးသီးမှာရှိတဲ့ ပညာရေးဝန်ထမ်းတွေအားလုံးကို လုံခြုံရေးသတိရှိဖို့ သြဂုတ်လ ၂၉ ရက်နေ့ကပဲ ခရိုင်ပညာရေးမှူးရုံးက သတိပေး အကြောင်းကြားလိုက်ပါတယ်။

“လုံခြုံရေးအထူးဂရုပြုရန်ကိစ္စ” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီအကြောင်းကြားစားထဲမှာ မြန်မာ့တပ်မတော်နဲ့ ထိတွေ့မှုတွေအတွင်း KIA မှ အကျအဆုံးများလာတဲ့ အခါ TNLA အနေနဲ့ တပ်မတော် ၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲတွေ ၊ အစိုးရ၀န်ထမ်းတွေကို ဓါးစားခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ဖို့ အမိန့်ပေးထားကြောင်း သတင်းရရှိတဲ့အတွက် သက်ဆိုင်ရာဝန်ထမ်းတွေ ဓါးစားခံအဖြစ် ဖမ်းဆီးမခံရရေး အထူးဂရုပြုဖို့ ထည့်သွင်းရေးသားထားပါတယ်။

ဒါ့အပြင် ရုံးဌာနတွေအနေနဲ့ လူပုဂ္ဂိုလ်လုံခြုံရေး ၊ ရုံး/ဌာနလုံခြုံရေး ၊ စာရွက်စာတမ်းလုံခြုံရေး တွေ အထူးဂရုပြုဆောင်ရွက်ထားဖို့ ၊ ခရီးသွားလာရင်လည်း လုံခြုံရေးအထူးဂရုပြုသွားလာဖို့ သတိပေးအကြောင်းကြားထားပါတယ်။

ဒါနဲ့ပတ်သတ်ပြီး တောင်ကြီးခရိုင်ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက “ခရိုင်ညွှန်ကြားချက်ပေးတာ ။ မြို့နယ်ရုံးတွေကို အဓိကထားပါတယ်။ တပ်လှန့်သတိပေးတဲ့သဘောပါ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီအကြောင်းကြားစာကို မြို့နယ်ပညာရေးရုံးတွေကနေတစ်ဆင့် အခြေခံပညာကျောင်းတွေကို ဆက်လက် ညွှန်ကြားပေးဖို့လည်း သတိပေးထည့်သွင်းထားပါတယ်။

တောင်ကြီးခရိုင်ပညာရေးမှူးရုံးလက်အောင်မှာဆိုရင် တောင်ကြီးမြို့နယ်ပညာရေးမှူးရုံး ၊ ဟိုပုံးမြို့နယ်ပညာရေးမှူးရုံး ၊ ညောင်ရွှေမြို့နယ်ပညာရေးမှူးရုံး ၊ ကလောမြို့နယ်ပညာရေးမှူးရုံး ၊ ဆီဆိုင်မြီု့နယ်ပညာရေးမှူးရုံး ၊ ပင်းတယမြို့နယ်ပညာရေးမှူးရုံး ၊ ရွာငံမြို့နယ်ပညာရေးမှူးရုံး ၊ ရပ်စောက်မြို့နယ်ပညာရေးမှူးရုံး ၊ ပင်လောင်းမြို့နယ်ပညာရေးမှူးရုံး ၊ ဖယ်ခုံမြို့နယ်ပညာရေးမှူးရုံး တို့ ရှိပါတယ်။

YL ၊ TH

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*