မျိုးကိုကိုစန်းက သူကိုနစ်နာအောင် လုပ်သူကို ဘယ်လိုတုန့်ပြန်လိုက်သလဲ

မျိုးကိုကိုစန်းက သူကိုနစ်နာအောင် လုပ်သူကို ဘယ်လိုတုန့်ပြန်လိုက်သလဲ
January 23, 2017 Asian Fame

3:50 pm
မျိုးကိုကိုစန်းက သူကိုနစ်နာအောင် လုပ်သူကို ဘယ်လိုတုန့်ပြန်လိုက်သလဲ

2

(ရန်ကုန်၊ ဇန်နဝါရီ ၂၃ )

ဣိတ္ထိယ အသွင်အလှမယ် မျိုးကိုကိုစန်းကို နစ်နာအောင် ပြုလုပ်ခဲ့သူများ အနေဖြင့် ၄င်းကိုလုံးဝအပြစ် ကင်းစင်ကြောင်း နိုင်ငံတော်ပိုင် သတင်းစာမှ တရားဝင် တောင်းပန်စာ ထည့်ပေးမှသာ ကျေနပ်မည်ဖြစ်ပြီး အချိန် ၇ ရက် တိတိပေးကြောင်း မျိုးကိုကိုစန်း၏ မိခင်ဖြစ် သူကပြော သည်။

“ကျွန်မသမီးလေး အခုလိုဖြစ်သွားတဲ့ ကိစ္စမှာ တော်တော် များများဆုံးရှုံး နစ်နာမှုကြုံခဲ့ရတယ် ဒီဆုံးရှုံး နစ်နာမှုတွေဟာ တစ်နိုင်ငံလုံးကို သိသွားတဲ့ အတိုင်းအတာ အပြင် နိုင်ငံရပ်ခြားထိပါ ဂုဏ်သိက္ခာထိခိုက်မှုဖြစ်ခဲ့ရတယ်။ အဲဒီအတွက် နစ်နာအောင်လုပ်တဲ့သူ ဘက် ကနေပြီးတော့ မျိုးကိုကိုစန်းဟာ လုံးဝအပြစ်ကင်းစင်ကြောင်းကို နိုင်ငံပိုင် သတင်းစာကနေ တရားဝင် တောင်းပန်တာမျိုးကို ကျွန်မအနေ နဲ့လိုချင်ပါတယ် ” ဟု ဒေါ်သန်းသန်းအေးကပြောသည်။

“မှားပြီး တရားစွဲတယ်ဆို တောင်းပန်ရမှာပေါ့။ ရဲကမှားဖမ်းတယ်ဆို ရဲကတောင်းပန်ရမှာပေါ့။ ဒီနှစ်ခုပဲရှိတယ် ကျွန်တော့်ရဲ့ဥပဒေ အသိအရ ရဲကတော့လုပ်ထုံးလုပ်နည်းအတိုင်းလုပ်သွားတာပဲ။” ဟုမျိုးကိုကိုစန်း၏ရှေ့နေ ဦးအောင်ဇင်ကပြောသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*