မလေးရှားနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးစိန်ဦး

မလေးရှားနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးစိန်ဦး
August 24, 2017 Fame Asian

2:10 pm
မလေးရှားနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးစိန်ဦး

21015908_1538269516235325_4091810823825111732_o

နေပြည်တော်၊သြဂုတ်

မလေးရှားနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးစိန်ဦးသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁၁:၀၀) နာရီတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဘုရင့်နန်းတော် Istana Negara ၌ မလေးရှားနိုင်ငံ၊ ဘုရင် His Majesty the Yang di-Pertuan Agong XV, Sultan Muhammad V ထံ ပေးအပ်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သြဂုတ်လ ၂၄ရက်နေ့တွင် ကြေညာသည်။

ဦးစိန်ဦးသည် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေရာမှ မလေးရှားနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။၎င်းသည် တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*