ဘဏ္ဍာငွေလျာထားချက် အသေးစိတ်စာရင်းတွေ တိုင်းလွှတ်တော်ကို အချိန်မီတင်ပြပေးဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ ငွေစာရင်းကော်မတီ အဆိုတင်သွင်း

ဘဏ္ဍာငွေလျာထားချက် အသေးစိတ်စာရင်းတွေ တိုင်းလွှတ်တော်ကို အချိန်မီတင်ပြပေးဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ ငွေစာရင်းကော်မတီ အဆိုတင်သွင်း
September 11, 2017 Fame Asian

5:18 pm
ဘဏ္ဍာငွေလျာထားချက် အသေးစိတ်စာရင်းတွေ တိုင်းလွှတ်တော်ကို အချိန်မီတင်ပြပေးဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ ငွေစာရင်းကော်မတီ အဆိုတင်သွင်း

u-moe-myint

ရန်ကုန်၊ စက်တင်ဘာ ၁၁

တိုင်းအစိုးရမှ တိုင်းလွှတ်တော်ကိုတင်ပြရတဲ့ ဘဏ္ဍာငွေလျာထားချက် အသေးစိတ်စာရင်းတွေ တိုင်းလွှတ်တော်ကို အချိန်မီတင်ပြပေးဖို့ ရန်ကုန် တိုင်းဒေသ ကြီးလွှတ်တော်၊ပြည်သူ့ ငွေစာရင်းကော်မတီက ဒီကနေ့ အဆိုတင်သွင်းလိုက်ပါတယ်။ တိုင်းအစိုးရမှ တင်သွင်းရတဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းတွေနဲ့ ဌာနဆိုင်ရာလုပ်ငန်းတစ်ခုချင်းစီအတွက် သုံးစွဲမယ့် အသေးစိတ်စာရင်းတွေကို ပြည်သူ့ ငွေစာရင်းကော်မတီက စီစစ်ချိန်မရလိုက်ဘဲ အတည်ပြုပေးနေရတာတွေရှိနေတဲ့အတွက် ဘဏ္ဍာငွေလေလွင့်မှုတွေရှိနိုင်တာမို့ အခုလို အဆိုတင်သွင်းရခြင်းဖြစ်တယ်လို့ ပြည်သူ့ ငွေစာရင်းကော်မတီအဖွဲ့ ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကပြောပါတယ်။

”လွှတ်တော်ဘတ်ဂျတ်မှာဆိုရင် တစ်ပတ်လောက်ထိကို မရောက်လာသေးဘူး။ စီမံချက်တွေ အသေးစိတ်စာရင်းတွေ။ ဒါကြောင့်တွက်ရတဲ့အခါမှာ အသေးစိတ်မကျဘူး။ ယေဘုယျဆန်တယ်။ စစ်ဆေးမှုပဲလုပ်နိုင်တာပေါ့ ။ ပြောမယ်ဆိုရင်တော့ရန်ကုန်တိုင်းဘတ်ဂျတ်မှာ ငွေလုံးငွေရင်းနဲ့ သုံးစွဲနေတဲ့ တံတားတည်ဆောက်မှုလုပ်ငန်းတွေ ၊ကြီးမားတဲ့ ဘီလီယံနဲ့ ချီပြီးသုံးစွဲရတဲ့စီမံကိန်းတွေကို စစ်တဲ့နေရာမှာ အသေးစိတ်မသိတဲ့အတွက် အကြမ်းဖျဉ်းလောက်ပဲစစ်လိုက်ရတာမျိုးရှိတယ်” လို့ ဦးမိုးမြင့်က သတင်းထောက်တွေကိုပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ ပြီးခဲ့တဲ့ စတုတ္ထပုံမှန်အစည်းအဝေး၊ မတ်လ ၂၃ ရက်နေ့ က ဘဏ္ဍာရေးဝန်ကြီးတင်သွင်းခဲ့တဲ့ ဘ ဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းကို ပြည်သူ့ ငွေစာရင်းကော်မတီအနေနဲ့ သေချာစစ်ချိန်မရလိုက်ဘူးလို့ သူကပြောပါတယ်။ဒါပေမယ့် ဖြည့်စွက်ဘတ်ဂျတ်ကိုတော့ စီစိနိုင်ခဲ့လို့ ၁ ဒသမ ၄ ဘီလီယံအထိ လျော့ချနိုင်ခဲ့ပြီး လျော့ချခဲ့တဲ့ ဘဏ္ဍာငွေတွေကိုတော့ လွှတ်တော်ကိုယ် စားလှယ်တွေတင်ပြထားပြီး လုပ်ငန်းဆောင်ရွက်မယ့်အထဲမပါဝင်တဲ့ လမ်းလုပ်ငန်းအပါအ၀င် စီမံကိန်းများမှာ သုံးစွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

” စီစစ်ဖို့ အချိန်မရဘဲနဲ့ အတည်ပြုလိုက်ရတဲ့အတွက် ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှုများစွာရှိနိုင်ပါတယ်။ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှာဆိုရင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ရသုံးခန့် မှန်းချေငွေစာရင်းကို အသေးစိတ်တွက်ချက်မှုများကို အချိန်မီကြိုတင်ရရှိခဲ့လို့ငွေလုံးငွေရင်းမှာ ငွေကျပ် ၈၃ ဘီလီယံကျော် တောင်းခံထားခြင်းကို စီစစ်နိုင်ခဲ့တဲ့အတွက် ငွေကျပ် ၁၄ ဘီလီယံနီးပါးစီစစ်လျော့ချနိုင်ခဲ့တယ်” လို့ လွှတ်တော်မှာ ငွေစာရင်းကော်မတီကပြောပါတယ်။

တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းကတော့ ဘတ်ဂျတ်စာရင်းတွေကို ကြီးကြပ်ရတဲ့ကိစ္စရပ်ဟာ တိုင်းဒေသကြီးရဲ့ စီမံကိန်းဌာနနဲ့ ရသုံးမှန်းခြေငွေစာရင်းဌာနတို့ က အချက်အလက်များစုစည်းပြီး တိုင်းအစိုးရအဖွဲ့ အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်  ကြီးဌာနက ဆောင်ရွက်ရတာဖြစ်တယ်လို့ လွှတ်တော်မှာပြောပါတယ်။

၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၀ ပုဒ်မခွဲ ခ မှာ တိုင်းဒေသကြီး(သို့ မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ကပဲ တင်သွင်းခွင့်ရှိတဲ့ တိုင်းဒေသကြီး၊ပြည်နယ် ဒေသန္တရစီမံကိန်းနှစ်စဉ်အရအသုံးခန့် မှန်းခြေငွေစာရင်းနဲ့ အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းတွေကို သတ်မှတ်ထားတဲ့နည်းလမ်းများနဲ့ အညီတိုင်းဒေသကြီး(သို့ မဟုတ်)ပြည်နယ်လွှတ်တော်ကိုတင်သွင်းရမယ်လို့ ပြဌာန်းထားပါတယ်။အဲဒီလိုတင်သွင်းရာမှာလည်း တိုင်းဒေသကြီး(သို့ မဟုတ်)ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း(၁၃) ပုဒ်မ ၁၂၉(က)မှာ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်ကိုတင်ပြရာမှာ သတ်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအနေနဲ လွှတ်တော်အစည်းအဝေးမကျင်းပမီ အနည်းဆုံးရက်ပေါင်း ၃၀ အလိုမှာ ပေးပို့ ရမယ်လို့ ပါရှိပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*