အင်းစိန်​မီးရထားကျန်းမာရေးဝန်​ထမ်း​တွေနေဖို့ ကျပ်သန်း ၅၀၀ ခန့်တန် RC ​၁လုံး လာမယ့်ဘဏ္ဍာနှစ်မှာရမယ်

အင်းစိန်​မီးရထားကျန်းမာရေးဝန်​ထမ်း​တွေနေဖို့ ကျပ်သန်း ၅၀၀ ခန့်တန် RC ​၁လုံး လာမယ့်ဘဏ္ဍာနှစ်မှာရမယ်
August 22, 2017 Fame Asian

4:11 pm
အင်းစိန်​မီးရထားကျန်းမာရေးဝန်​ထမ်း​တွေနေဖို့ ကျပ်သန်း ၅၀၀ ခန့်တန် RC ​၁လုံး လာမယ့်ဘဏ္ဍာနှစ်မှာရမယ်

hနေပြည်တော် ၊ သြဂုတ် ၂၂

အင်းစိန် မီးရထားကျန်းမာရေး ဝန်ထမ်းတွေအတွက် ငွေကျပ် သန်း ၅၀၀နီးပါးတန် RC ၁လုံးဆောက်လုပ်ပေးသွားမယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အင်းစိန် မဲဆန္ဒနယ်အမတ် ဦးမောင်မောင်ဦး မေးမြန်းတဲ့ “င်းစိန်မြို့နယ်၊ မီးရထားပိုင်နယ်မြေအတွင်း သက်တမ်းလွန် အိုမင်းနေပြီဖြစ်သော အန္တရာယ်ရှိ မီးရထားဝန်ထမ်းအိမ်ရာများအား ခေတ်နှင့်လျော်ညီသည့် ဝန်ထမ်းအိမ်ရာအသစ်များ အဖြစ် ပြန်လည်ဆောက်လုပ်ပေး ရန် အစီအစဉ် ရှိ၊ မရှိ”မေးခွန်းကို ပို့ဆက်ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး ဦးကျော်မျိုး က လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ အင်းစိန်မီးရထားကျန်းမာရေးဝန်ထမ်းတွေနေထိုင်ဖို့ (၆) ခန်းတွဲ(၄) ထပ် RC(၁)လုံး (ရေ/ မိလ္ဘာ အပါအဝင်) ကို ငွေကျပ်(၄၉၀.၅၄၄) သန်းနဲ့ ငွေလုံးငွေရင်းအသုံးစရိတ်မှကျခံ ဆောက်လုပ်ပေးနိုင်ဖို့ ထည့်သွင်းလျာထားတင်ပြသွားမှာဖြစ်ကြောင်း ပြောပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ အင်းစိန်မြို့နယ် မီးရထားဝန်ထမ်းအိမ်ယာအသစ်တွေဆောက်လုပ်ဖို့ ရန်ပုံငွေ ကျပ် သန်း(၁၅၀) လျာထားခဲ့ပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားမြို့နယ်(၃) ခုမှာရှိတဲ့ မီးရထားဝန်ထမ်းအိမ်ယာတွေကို ပြင်ဆင်တည်ဆောက်ခြင်းတွေ အရေးပေါ်ဆောင်ရွက်ခဲ့ရတဲ့အတွက်ကြွေးကျန်တွေပေးချေရန်ရှိတာကြောင့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခဲ့ရကြောင်း ၀န်ကြီးက ရှင်းလင်းပြောဆိုပါတယ်။

ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းအသုံးစရိတ်ထဲက ခွင့်ပြုရရှိပြီးဖြစ်တဲ့ ဘဏ္ဍာငွေကျပ်(၁၆.၁၃၉) သန်း နဲ့ ဒညင်းကုန်းမီးရထား ရဲဝန်ထမ်း(ဖွဲ့စည်းပုံ တိုးချဲ့)နေအိမ် (၃) ခန်းတွဲ(၁) လုံး ကို ပြီးစီးအောင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်း ထပ်လောင်း အသိပေးပြောကြားခဲ့ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*