ရန်ကုန်မြို့ ရှိ မီးပွိုင့်များတွင် CCTV များ ဧပြီလအပြီးတပ်ဆင်မည်

ရန်ကုန်မြို့ ရှိ မီးပွိုင့်များတွင် CCTV များ ဧပြီလအပြီးတပ်ဆင်မည်
March 15, 2017 Asian Fame

3:49 pm
ရန်ကုန်မြို့ ရှိ မီးပွိုင့်များတွင် CCTV များ ဧပြီလအပြီးတပ်ဆင်မည်

cctv

ဝေရှိုင်းကျော်
ရန်ကုန်၊ မတ် ၁၃

ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် CCTV များကို ဧပြီလ အပြီးတပ်ဆင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဦးသန်းဝင်းကပြောသည်။

ရန်ကုန်မြို့ရှိ အဓိကလမ်းမ ကြီး ၁၁ လမ်းပေါ်ရှိ မီးပွိုင့် ၁၅၄ ခုတွင် CCTV များတပ်ဆင်၍ မီး ပွိုင့်များကို ထိန်းချုပ်ကာ Control Centre မှ ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်ရန် ယခင်အစိုးရလက်ထက်က တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သော CRCC (China) နှင့် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Shwe Yin တို့က ပူးပေါင်းလုပ် ကိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ CCTV များတပ်ဆင်ပြီးစီးသွားပါက မှတ်တမ်းများမှတစ်ဆင့်အတိအကျ ဖမ်းဆီးအရေးယူဆောင်ရွက် ခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှအတွင်းရေး မှူး ဦးသန်းဝင်းက ပြောသည်။

”ဒီဟာက အဖွဲ့အစည်းတစ်ခု တည်းလုပ်လို့ မရပါဘူး။ အကုန် ပေါင်းပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တွေပါမယ်။ အဓိက က တော့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေပါမှာ ဖြစ်ပါတယ်။ နောက်တော့ Control Centre တွေပါပါမှာဖြစ်ပါတယ်။ အခုလို သုံးဖွဲ့ပေါင်းပြီးတော့ လုပ်ဆောင်ရင်တော့ ရလဒ်ကောင်းကတော့ ထွက်လာမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ သုံးဖွဲ့ပေါင်းစည်းကာ လုပ်ဆောင်ရာတွင် အထောက်အထားများရှိပြီး အရေးယူခြင်းမရှိပါက အကျိုးသက်ရောက်မှု ရှိလာမှာ မဟုတ်ကြောင်း ဦးသန်းဝင်းက ဆိုသည်။ မီးပွိုင့် ၁၅၄ ခု၌ CCTV များ တပ်ဆင်ခြင်းအား ၂ဝ၁၆ ခုနှစ် သြဂုတ်၂ ရက်တွင်အပြီး သတ်လုပ်ဆောင်ရမည် ဖြစ်သော်လည်း တင်ဒါအောင်ကုမ္ပဏီက လုပ်ဆောင်နိုင်ခြင်းမရှိဘဲ မတ်လ ပထမအပတ်အထိ CCTV များ အပြီးသတ်တပ်ဆင်နိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ အ ဓိကလမ်းမကြီး ၁၁ လမ်းပေါ်၌ CCTV တပ်ဆင်နေမှု ၈ဝ ရာခိုင်နူန်းခန့် ပြီးစီးနေပြီး ရာခိုင်နှုန်း ၂ဝ ပြီးစီးရန် လိုအပ်နေသေးသည်။ မီး ပွိုင့် ၁၅၄ ပွိုင့်အနက် CCTV တပ်ဆင်မှုရာခိုင်နှုန်း ၈ဝ ပြီးစီးသည့် မီးပွိုင့်များအား Control Centre မှထိန်းချုပ်ကာ ယာဉ်ကြောရှင်းလင်း ရေးလုပ်ငန်းများကို လုပ်ဆောင် လျက်ရှိပြီး CCTV တပ်ဆင်ရန် ကျန်ရှိနေသေးသည့် မီးပွိုင့်များမှာမူ Control Centre မှ ထိန်းချုပ်နိုင် ခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ဦးသန်းဝင်းက ပြောသည်။

လက်ရှိအချိန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလဖြစ်သည့်အတွက် လျှပ်စစ်မီးဖြတ်တောက်ကာ ဆောင်ရွက်ရမည့် ဓာတ်တိုင်ထောင် ခြင်းလုပ်ငန်းများကို ရပ်နားထားရသဖြင့် CCTV တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း ခဏရပ်တန့်ထားရကြောင်း ၎င်းက ဆက်ပြောသည်။
YBS ယာဉ်လိုင်းများစတင် ပြေးဆွဲသည့်အချိန်မှစ၍ ဖေဖော် ဝါရီ ၂၈ ရက်နေ့အထိ စည်းကမ်းဖောက်ဖျက်မူများကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁ဝဝ နီးပါးကို အရေးယူဆောင်ရွက်ထား ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ထို့အပြင် YBS ယာဉ်လိုင်း များကို စီးနင်းသူများအနေနှင့် အွန်လိုင်းမှတစ်ဆင့် တိုင်ကြားနိုင်ပြီး အဆိုပါယာဉ်လိုင်း၏ စည်းကမ်း ဖောက်ဖျက်မှုများကို တိုင်ကြားနိုင်သည့် ဆော့ဖ်ဝဲမှာ Yangon Bus Report ဖြစ်ပြီး Google မှတစ်ဆင့် Free Download ပြုလုပ်ကာ တိုင်ကြားနိုင်သည်။ ယခင် မထသစနစ် ကို ဖျက်သိမ်းပြီး YBS ယာဉ်လိုင်း စနစ်ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက် နေ့က စတင်ပြောင်းလဲပြေးဆွဲပေး ခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*