1:14 pm
ဖြိုးထက်အောင်
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
အစိုးရအနေဖြင့် အသုံးမလို တော့၍ ပစ်ထားသောတောထဲ တောင်ထဲမှပစ္စည်းများကို စနစ်တ ကျ ထုတ်ယူသုံးစွဲခွင့်ပြုပြီး တန်ဖိုး မြင့် ထုတ်ကုန်များ ဖြစ်လာစေရန် ထောက်ပံ့ပေးစေလိုကြောင်း မြန် မာ့လက်မှု အနုပညာအသင်းက ပြောသည်။
”မြန်မာလူမျိုးတို့ရဲ့ ပန်းဆယ် မျိုးလက်ရာတွေကို အိမ်နီးနားချင်း တွေဖြစ်တဲ့ ဗီယက်နမ်၊ လာအိုနိုင်ငံ တွေနဲ့ယှဉ်လို့ရတယ်။ သူတို့ဆို တိုး တက်နေပြီ။ စက်ကောလက်ကော ယှဉ်လို့ရတယ်။ ယှဉ်လို့မရတာတစ်ခု က အစိုးရရဲ့ပံ့ပိုးမှုပါ” ဟု အဆိုပါ အသင်းမှဒုဥက္ကဋ္ဌ ဦးမောင်ေ မာင် အောင်က ဆိုသည်။
လက်ရှိတွင် လက်မှုအနုပညာ လုပ်ငန်း လုပ်ကိုင်နေသူများအတွက် ကုန်ကြမ်းရရှိမှု အခြေအနေခက်ခဲ လျက်ရှိနေပြီး ကိုယ်ပိုင်အစီအ စဉ် ဖြင့်သာ ကုန်ကြမ်းရှာဖွေနေရ ကြောင်း၊ ကုန်ကြမ်းအနေဖြင့် အ စိုးရက တရားဝင်စီစဉ်ပေးခြင်းမျိုး မရှိသေးကြောင်း ၄င်းကဆက်ပြော သည်။
”ပန်းပုလုပ်ငန်းဆိုရင်တော့ လက်ရှိမှာ ပုံမှန်အတိုင်းတော့ရှိနေ သေးတယ်။ ဒါပေမယ့် ကျွန်တော် တို့စိုးရိမ်တာက ကုန်ကြမ်း တကယ် လို့လုံးဝမရှိတော့ဘူးဆိုရင် ပန်းပု ထုတဲ့ပညာရှင်တွေ ဘာလုပ်ရမှန်း ကို သိမှာမဟုတ်တော့ဘူး။ အခက် အခဲတွေ ဖြစ်လာနိုင်ပါတယ်” ဟု ဦးမောင်မောင်အောင်က ပြော သည်။
အသေးစားလက်မှုလုပ်ငန်း များမှာ ထုတ်လုပ်မှုကိုအလျဉ်းသင့် သလိုသာ ကုန်ကြမ်းရှာပြီး လုပ် ဆောင်နေရကြောင်း၊ ပြည်ပသို့တင် ပို့၍မရနိုင်သည့် တောထဲတွင် စွန့် ပစ်ထားသောပစ္စည်းများကို လက် မှုအနုပညာသမားများအနေဖြင့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုအဖြစ် ထုတ်လုပ်ပေးနိုင်၍ ယင်းကဲ့သို့သော စွန့်ပစ်ပစ္စည်းများကို ထုတ်ယူသုံးစွဲ ခွင့်၊ တန်ဖိုးမြှင့်ခွင့်ပေးပါက ပျောက် ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ လက်မှုအနုပညာလုပ်ငန်းများပြန် လည်တိုးတက်နိုင်ကြောင်း အသင်း ဥက္ကဋ္ဌ ဦးသာဓုက ပြောသည်။
ထို့အပြင် လက်မှုအနုပညာ ပစ္စည်းများ တင်ပို့ရောင်းချမှုအနေ ဖြင့် ပြီးခဲ့သည့်ဆယ်နှစ်ကျော်ကကဲ့ သို့ကွန်တိန်နာများဖြင့် တင်ပို့ရောင်း ချရသည့်အနေအထားမျိုး မရှိတော့ ဘဲ ယခုအခါ ပြည်တွင်းလက်ဆောင် ပစ္စည်းအရောင်းဈေးကွက်ကိုသာ အဓိကထား ရောင်းချနေ ရကြောင်း သိရသည်။
မြန်မာမှုလက်မှုအနုပညာ ပစ္စည်းမျိုးစုံ ခင်းကျင်းပြသမည့် အ ခမ်းအနားကို လာမည့် ဒီဇင်ဘာ ၂၃ ရက်နေ့နှင့်၂၄ ရက်နေ့တို့တွင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး မင်္ဂ လာခန်းမတွင် ပြုလုပ်ကျင်းပသွား မည်ဖြစ်ပြီး သစ်သားပန်းပု၊ ကျောက် စီပန်းချီကား၊ ကြိမ်၊ ဝါး၊ ရွှေချည် ထိုး၊ ကြေးထည်၊ ငွေထည်ပစ္စည်း များကို အဓိကထား ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယဉ်ကျေးမှုတက္ကသိုလ် မှ ပန်းချီဆရာများက ရုပ်ပြောင်ပုံ တူပန်းချီကားရေးဆွဲခြင်း၊ အမှတ် တရ ပန်းချီရေးဆွဲခြင်းအစီအစဉ် များ ပါဝင်မည်ဖြစ်ပြီး ယခုကျင်းပ မှုမှာ ဒုတိယအကြိမ်မြောက်ကျင်းပ သည့်ပွဲဖြစ်ကြောင်း မြန်မာ့လက်မှု အနုပညာအသင်းမှ သိရသည်။