မုန့်ဖတ်များ ဖော်မလင်မသုံးဘဲ ထုတ်လုပ်နိုင်ရန် လုပ်ငန်းရှင်များအား ယခုလအတွင်း သင်တန်းပေးမည်

မုန့်ဖတ်များ ဖော်မလင်မသုံးဘဲ ထုတ်လုပ်နိုင်ရန် လုပ်ငန်းရှင်များအား ယခုလအတွင်း သင်တန်းပေးမည်
November 23, 2016 Asian Fame

5:43 am
မုန့်ဖတ်များ ဖော်မလင်မသုံးဘဲ ထုတ်လုပ်နိုင်ရန် လုပ်ငန်းရှင်များအား ယခုလအတွင်း သင်တန်းပေးမည်
In Local

စိုင်းလမင်း
နေပြည်တော်၊ နိုဝင်ဘာ ၁၆

မုန့်ဖတ်ထုတ်လုပ်သူများ ဖော်မလင်သုံးစရာမလိုဘဲ ထုတ်လုပ်နိုင်မည့်သင်တန်းကို ယခုလ တတိယပတ်အတွင်း ပေးမည်ဖြစ်ကြောင်း
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သိရသည်။

ထိုသင်တန်းကို (FDA) နှင့် အစားအသောက် နည်းပညာသိပ္ပံအသင်းတို့ ပူးပေါင်းကာပေးမည်ဖြစ်ပြီး မုန့်ဖတ်ဖို ၆၆ ဖိုကို သင်တန်းပေးမည်ဖြစ်ကြောင်း (FDA) ညွှန်ချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။

မုန့်ဖတ်များ ကြာကြာခံစေရန်သုံးသော ဖော်မလင်သည် ဘေးအန္တရာယ်များကြောင်းနှင့် စားသုံးသူများအား မထိခိုက်စေရန် မုန့်ဖတ် များ
ကြာကြာခံအောင်လုပ်ဆောင်ရမည့် နည်းလမ်းများကို သင်တန်းတွင် မျှဝေမည်ဖြစ်ကြောင်း သိရသည်။ ”ဖော်မလင်ဟာ ကြောက်စရာကောင်းတယ်။ ဒါတွေရှိတယ်ဆိုပြီး ကျွန်တော်တို့က လက်ကမ်းစာစောင်တွေ ဝေပေးတယ်။ ကိုယ့်သားသမီးဆိုရင်ကျွေးမလား၊ ကိုယ်ဆိုရင်စားမလား။ နားမလည်လို့ လုပ်ကြ တယ်။ ဒီဟာထည့်လိုက်ရင် ကြာကြာခံမယ်၊ ရှိကောင်း ရှိမှာပေါ့။ နားမလည်တာ နားလည်အောင် တစ်ကြိမ် ပညာပေးတယ်။ နောက် အစည်းအဝေးကျတော့ အကုန်လုံးခေါ်ပြီးတော့မှ ဖော်မလင်သည် ဒီ မှာသုံးတာမဟုတ်ဘူး။ ခင်ဗျားတို့ လိုချင်တာ မုန့်ဖတ်ဖြူချင်တယ်၊ ကြာကြာခံချင်တယ်၊ ဖြူမယ် ကြာကြာခံမယ့်ဟာကို ခင်ဗျားတို့ ဖော်မ လင်သုံးတာ လွဲနေတယ်။ အဲ့ဒီတော့ နည်းပေးမယ် သင်တန်းတက်ကြဆိုပြီးတော့မှ ပြောပြခဲ့တယ်” ဟု ဒေါက်တာသန်းထွဋ်က ဆိုသည်။

ထိုဖော်မလင် အစားထိုးသင်တန်းပြီးစီးပါက ပိုမိုကောင်းမွန်ကာ ကြာရှည်ခံနိုင်သော မုန့်ဖတ်ဖြူစေသည့်နည်းကြောင့် စားသုံးသူရော မုန့်ဖတ်လုပ်သူပါ အကျိုးရှိမည်ဟု ၎င်းက ပြောသည်။ ”ဘိန်းအစားထိုးနည်းကတော့ မအောင်မြင်ဘူး။ ဒါပေမယ့် ဖော်လင် အစားထိုးနည်းပညာကတော့ အောင်မြင်မယ်ထင်တယ်။ အောင်မြင်အောင်လည်း လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ပြောသည်။ မုန့်ဖတ်များတွင် ဖော်မလင်ကို ထည့်သွင်းခြင်းကြောင့် အသက် ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်ပေးခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ သတိလစ် မေ့မြောခြင်း၊ သေဆုံးခြင်း၊ ကြာ ရှည်စားပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါပါ ဖြစ်ပွား နိုင်ကြောင်း (FDA) မှ သိရသည်။ (FDA) သည် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့ရှီသူစ့ငည စားသောက်ဆိုင်၌ ”မုန့်တီ၊ မုန့်ဖတ်နှင့် ခေါက်ဆွဲများတွင် ဖော်မလင် ကင်းစင်ပြီး ကျန်းမာရေး နှင့် ညီညွတ်အောင် ထုတ်လုပ်နိုင်ရေး အသိ ပညာပေးဆွေးနွေးပွဲ” ပြုလုပ်ကာ မုန့်ဖတ်တွင် ဖော်မလင်မသုံးရန် မုန့်ဖတ်လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*