ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အလုပ်အဖွဲ့ညွှန်မှူး ဒေါက်တာ မင်းဇော်ဦး သြဂုတ်လ အတွင်းတွင် တာဝန်မှ အနားယူမည်

ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အလုပ်အဖွဲ့ညွှန်မှူး ဒေါက်တာ မင်းဇော်ဦး သြဂုတ်လ အတွင်းတွင် တာဝန်မှ အနားယူမည်
July 12, 2017 Asian Fame

1:33 pm
ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အလုပ်အဖွဲ့ညွှန်မှူး ဒေါက်တာ မင်းဇော်ဦး သြဂုတ်လ အတွင်းတွင် တာဝန်မှ အနားယူမည်

DrMinZawOo(ရန်ကုန် ၊ ဇူလိုင် ၁၂)

ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)အလုပ် အဖွဲ့ ညွှန်ကြား ရေးမှူး ဒေါက်တာ မင်းဇော်ဦး ဟာ သြဂုတ်လ လယ်လောက်မှာ တာဝန်ကနေ အနားယူတော့မယ် လို့ ပြောပါတယ်။

သူဟာ ယခင် လုပ်ဆောင်ခဲ့တဲ့ သုတေသန လုပ်ငန်းနဲ့ နိုင်ငံရေး သုံးသပ် ချက် တွေ ၊ မူဝါဒတွေ စတဲ့ လုပ်ငန်းကိုပြန်လည် လုပ်ကိုင်နိုင်ဖို့ အခုလို တာဝန်က အနားယူရတာဖြစ်တယ် လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီလို အနားယူဖို့ ကိစ္စကို ပြီးခဲ့တဲ့ အစိုးရ လက်ထက်တုန်းကလည်း ၀န်ကြီး ဦးအောင်မင်းထံမှာ အခုလို တင်ပြခဲ့ဖူးပေမယ့် အဲ့ဒီတုန်းက NCA ကို ညှိနှိုင်းနေတုန်း ကာလဖြစ်တာကြောင့် အနားယူခွင့် မပေးခဲ့ကြောင်း သူကဆိုပါတယ်။

“၂၀၁၆ နှစ်ကုန်လောက် ကတည်း JMC အစည်းအဝေး မှာတင်ပြခဲ့ဖူးတယ်။ ဒါပေမဲ့ အချိန်မကျသေးတဲ့ အတွက် နောက်ထပ် ၆ လလောက် စောင့်ပေးဖို့ ကိုပြောခဲ့တယ်။ JMC မှာက နည်းပညာပိုင်း အဓိက လုပ်ခဲ့တာပေါ့နော်။ JMC လည်ပတ်မှ တိုက်ပွဲတွေ လျော့ချ နိုင်မယ်။ ဒါကြောင့် လည်ပတ်နိုင်အောင် လုပ်ငန်း အကောင်အထည် ဖော်နိုင်အောင် လုပ်ခဲ့တာပေါ့နော်။

ပြီးတော့ လိုအပ်တဲ့ ငွေကြေးကိစ္စ။ တစ်နှစ်ကို ၆.၅ သန်းလောက် လိုတယ်။ တစ်ခြား လိုအပ်တဲ့အလုပ်အဖွဲ့တွေ တည်ဆောက် တာတွေ ပေါ့နော်။ ညှိနှိုင်းတဲ့နေရာမှာ လုပ်ငန်းလမ်းညွှန် လုပ်ထုံး လုပ်နည်းကို နှစ်ဖက်က လက်ခံအောင် အတည်ပြုအောင် လုပ်ခဲ့ရတာ ရှိတယ်။ ဒါတွေက ခရီးရောက်တယ် လို့ပြောလို့ရတယ်။ တိုက်ပွဲ ၉၀ ရာနှုန်းလောက် လျော့ချနိုင်ခဲ့တယ်။ အခုပြည်ထောင်စု အဆင့်တင်မက ပြည်နယ် အဆင့်တွေ ဒေသဆိုင်ရာ မှာလည်း ၂ ခုရှိခဲ့ပြီ။ ယန္ဒရားလည်း လည်ပတ်လာပြီ ။ ငွေကြေး အထောက်အပံ့ ရှိနေပြီ ။ အလုပ်အဖွဲ့တွေလည်း ရှိနေပြီ။

ဒီတော့ အရင်လုပ်ခဲ့တဲ့ သုတေသန သုံးသပ်ချက်တွေ မူဝါဒတွေ အဲ့ဒီဘက်ကို ပြန်သွားမလို့ပါ” လို့ဒေါက်တာ မင်းဇော်ဦးကပြောပါတယ်။

အခု ဒေါက်တာ မင်းဇော်ဦး တာဝန်က အနားမယ့် အတွက် သူ့နေရာကို တာဝန် ဆက်ယူမယ့် သူကတော့ ယခင် မြန်မာ့ငြိမ်းချမ်းရေး စင်တာ (MPC)ရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦး ဖြစ်တယ်လို့ သိရပါတယ်။

JMC ဟာ NCA စာချုပ်အရ ဖြစ်ပေါ်လာတဲ့ အဖွဲ့ တစ်ခုဖြစ်ပါတယ်။ ပြည်ထောင်စု အဆင့်မှာ JMC-U ဆိုတဲ့ အဖွဲ့ရှိပြီး NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိပြီး တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့တဲ့ တိုင်းနဲ့ ပြည်နယ် တွေမှာတော့ JMC- (တိုင်း/ပြည်နယ်) စတဲ့ အဖွဲ့တွေဖွဲ့စည်းထားပါတယ်။

ဒီအဖွဲ့တွေဟာ NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ တပ်မတော်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွား မှုတွေ မဖြစ်အောင် ထိန်းညှိ ဖြေရှင်းဆောင်ရွက်ပေးတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*