ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ပေးရန် မင်းဘူးမြို့ပေါ်တွင် ဆန္ဒပြ

ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ပေးရန် မင်းဘူးမြို့ပေါ်တွင် ဆန္ဒပြ
March 22, 2017 Asian Fame

11:31 am
ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ပေးရန် မင်းဘူးမြို့ပေါ်တွင် ဆန္ဒပြ

ဦးမင်း
မင်းဘူး၊ မတ် ၂၁

မကွေးတိုင်းဒေသကြီး မင်း ဘူးမြို့တွင် မတ် ၂၁ ရက် နံနက် ၉ နာရီက လူဦးရေ ၃ဝဝ ကျော် ပါဝင်သော ဆန္ဒပြပွဲတစ်ခု ပြုလုပ် သွားကြောင်း သတင်းရရှိသည်။

မကွေးမြို့နယ် ဘုရားပြိုကျေး ရွာမှ ဆန္ဒပြရာတွင်လိုက်ပါခဲ့ သော ဦးသန်းဝင်းက ဆန္ဒပြရခြင်း နှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ”မကွေးတိုင်းထဲမှာ မင်းဘူး၊ စကု မြို့နယ် ငဖဲ၊ နောက်ပြီးတော့ မင်းလှ အဲဒီမြို့နယ်တွေ အတွင်းပေါင်း စုံထဲမှာ ရှိပါလျက်နဲ့ ကျောက်မီး သွေးကုမ္ပဏီတွေ ဒီလောက်အများ ကြီးထဲက ဒီ စိန်ခြည်လင်း ကုမ္ပဏီ တစ်ခုတည်းသာ တရားစွဲတာဟာ ဖမ်းဆီးထားလို့ ဆန္ဒပြရတာပါ။အစိုးရက ဖိအားပေးတယ် ဆိုတာ ကတော့ အဲဒီထိအောင် ကျွန်တော် တို့ကမမီဘူးပေါ့။ ဒါပေမယ့် ဒီနေ့ တောင်သူလယ်သမားတွေ မိုးခေါင် ရေရှားတဲ့အတွက် ဒီစိန်ခြည်လင်း ကုမ္ပဏီအပေါ်မှာ ကျောက်မီးသွေး လုပ်ငန်းတွေမှာ မှီခိုနေရပါတယ်။ အခုလိုအလုပ်တွေ ရပ်ဆိုင်းထား တော့ တောင်သူတွေမှာ နစ်နာပါ တယ်ခင်ဗျ” ဟု ဖြေကြားခဲ့သည်။

မင်းဘူး (စကု) မြို့နယ်အတွင်း မြင့်မြတ်ချမ်းအေးနှင့် သတ္တုဥက္ကာ ကျောက်မီးသွေး ကုမ္ပဏီများ၏ ကျောက်မီးသွေး တူးဖော်သည့် လုပ်ကွက်များအကြား သတ်မှတ် ဧရိယာထက် ကျူးကျော်၍ ကျောက်မီး သွေးတူးဖော်နေသည် ဟု တိုင်ကြားမှုများရှိခဲ့သဖြင့် မင်း ဘူး(စကု)မြို့နယ်မှ ရဲတပ်ဖွဲ့ တာ ဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ ကာ ဆန်းထွန်းလင်းပါ လေးဦးအား ရဲအုပ်သက်နိုင်ဦးက တရားလိုပြု၍ မင်းဘူးမြို့နယ် တရားရုံးတွင် ရမန် ယူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ မင်းဘူးမြို့နယ် တရားရုံးမှ တရားသူကြီး ဦးဇော်မင်းကမီဒီယာ များသို့ ဖြေကြားရာတွင် ”ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဒီနေ့အထိ ကျွန်တော့်ကို ဖိအားပေးတာမျိုး မရှိပါဘူး။ ကျွန်တော်ကိုယ်တိုင် လည်းပဲ လွတ်လပ်စွာပဲ နှစ်ဖက် သက်သေခံချက်တွေ ယူတယ်။ ဒီ နေ့ဆိုရင် အပြီးသတ်လျှောက် လဲချက်တွေ ကြားနာမယ့် နေ့ပေါ့။ ကျွန်တော့်ဆီက အမှုတွဲပေါ်ပေါက် ချက်တွေနဲ့ သက်သေခံချက်တွေ ပေါ် မူတည်ပြီးတော့ပဲ ကျွန်တော် လွတ်လပ်စွာပဲ စီရင်ဆုံးဖြတ်သွား မှာပါ။ ဒီနေ့အချိန်ထိတော့ ကျွန် တော့်အပေါ်မှာ ဖိအားပေးတာ၊ တိုက်တွန်းတာ လုံးဝမရှိပါဘူး” ဟု ပြောကြားသည်။

ဆန္ဒပြသူများသည် မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားရုံးအားဖိအားပေးခြင်း လုံးဝရပ် ဆိုင်းပေးဟူသည့် စာသားပါ ဆိုင်း ဘုတ်ကြီးများကို ကိုင်ဆောင်ခဲ့ ကြပြီးြေ<ွကးကြော်သံများြေ<ွကးကြော်ကာ မင်းဘူးမြို့မြောက် လှည်းကောက်အဝိုင်းအနီးမှစတင်ထွက်ခွာ၍ မင်းဘူး-မကွေး လမ်းမတစ် လျှောက် မြို့နယ်တရားရုံးရှေ့အထိ ချီတက်ခဲ့ကြကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*