မြန်မာကျောင်းသားများ ပါဝင်သည့် နိုင်ငံတကာ မြို့ပြထိန်းသိမ်းရေး ဆွေးနွေးပွဲ

မြန်မာကျောင်းသားများ ပါဝင်သည့် နိုင်ငံတကာ မြို့ပြထိန်းသိမ်းရေး ဆွေးနွေးပွဲ
July 10, 2017 Asian Fame

3:20 pm
မြန်မာကျောင်းသားများ ပါဝင်သည့် နိုင်ငံတကာ မြို့ပြထိန်းသိမ်းရေး ဆွေးနွေးပွဲ

HYL(ရန်ကုန်၊ ဇူလိုင်၁၀)

မြန်မာနိုင်ငံမှ ကျောင်းသူ ၄ ဦးနှင့် နိုင်ငံ ၇ နိုင်ငံမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော ၁၄ ကြိမ်မြောက် HYLI မြို့ပြ ထိန်းသိမ်းရေး ၊မြို့ပြတည်ဆောက်မှု ဆွေးနွေးပွဲကို ဇူလိုင်လ ၁၀ ရက်မှစတင်၍ ရန်ကုန်မြို့၌ ကျင်းပသွားမည်ဟု ဟီတာချီ အာရှ လီမိတက်၏ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ်မစ္စတာတိုရှီအာကီ ဟီဂါရှီဟာရ ကပြောသည်။

“နိုင်ငံ ၁ နိုင်ငံကို ထူးချွန်ကျောင်းသား ၄ ဦးစီရွေးချယ်ပြီး ဆွေးနွေးပွဲတွေ လုပ်ဆောင်တာပါ။ ဖိလစ်ပိုင်နိုင်ငံ မှာလုပ်တဲ့ HYLI ၁၃ကြိမ်မြောက် ဆွေးနွေးပွဲ လုပ်ဆောင်တဲ့ အချိန် မှ မြန်မာနိုင်ငံ ပါဝင်တာပါ။ အခုက ၁၄ကြိမ်မြောက် မှကို မြန်မာနိုင်ငံမှာ ကျင်းပနိုင်ခြင်း အတွက် ဂုဏ်ယူပါတယ်။”ဟု မစ္စတာတိုရှီအာကီ ဟီဂါရှီဟာရကပြောသည်။

HYLI ဆွေးနွေးပွဲသည် ပထမဆုံး အကြိမ် အဖြစ် ၁၉၉၆ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၌ ကျင်းပခဲ့သည်။

ဟီတာချီ ရွေးချယ်မှု ဆိုင်ရာ စည်းကမ်းများ ချမှတ်၍ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံ တို့မှ ထူးချွန်ကျောင်းသားကျောင်းသူ ၃၂ ဦးဖြင့် လှုပ်ရှားဆောင်ရွက်မှု များကို ရန်ကုန်မြို့၊ရှန်ဂရီလာ ဟိုတယ်တွင် လေးရက်တာ လုပ်ဆောင် မည်ဖြစ်သည်။

လှုပ်ရှား ဆောင်ရွက်မှု များတွင် မြို့ပြ ထိန်းသိမ်းခြင်း ဆိုင်ရာဆွေးနွေးပွဲများ၊ ပြင်ပလေ့လာရေး အစီအစဉ်များ ၊ လေ့လာတွေ့ရှိချက် ဆိုင်ရာ တင်ပြချက်များ၊ ယဉ်ကျေးမှုဆိုင်ရာ သရုပ်ပြပွဲ များပါဝင်သည်။

“မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံတွင်း ပညာရေးနှင့် လူမှုအခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ် ပါတယ်။၂၀၃၀ ခုနှစ် အတွင်းခေတ်မှီ ဖွံ့ဖြိုး တိုးတက်လာဖို့လည်း အစိုးရနှင့် အစိုးရ မဟုတ်သော ကဏ္ဌများမှ လူတွေနဲ့ အနီးကပ် ပူးပေါင်းမှာပါ။ “ဟု၎င်းကပြောသည်။

ဟောပြောပွဲ တတိယနေ့တွင် လာရောက် ဆွေးနွေးမည့် ကျောင်းသား ၊ကျောင်းသူများက ရန်ကုန်မြို့တော် ခန်းမ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီနှင့်မြန်မာ UN Habitat ရုံးများသို့ သွားရောက် လေ့လာ လည်ပတ်မည်ဖြစ်သည်။

“ကျော်ကြားတဲ့ ခေါင်းဆောင်တွေရဲ့ထောက်ပံ့မှုတွေ ရတဲ့အတွက် အလွန် ဝမ်းသာပါတယ်။ ပူးပေါင်းဖန်တီးမှု ကတစ်ဆင့် မြို့ပြ ထိန်းသိမ်းမှု အတွက် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာ ဆွေးနွေးမှာပါ။ အစိုးရပိုင်း ဆိုင်ရာ၊ စီးပွားရေးနှင့် ပညာရေး ဆိုင်ရာတွေက ရည်ရွယ်ချက် တူညီတဲ့ ခေါင်းဆောင်တွေနဲ့အတူ လူအဖွဲ့အစည်း စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကို အတူဖြေရှင်းဖို့ အတွက် စိတ်လှုပ်ရှားမိပါတယ်။ “ဟု မစ္စတာ တိုရှီအာကီ ဟီဂါရှီဟာရကပြောသည်။

လူဦးရေထူထပ်သော ရန်ကုန်မြို့တွင် မြို့ပြထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များ ရှိနေသဖြင့် ယင်းဆွေးနွေးပွဲမှ ရရှိသော တင်ပြချက် များကို စက္ကူဖြူစာတမ်း ထုတ်ဝေ၍ စီးပွားရေး လုပ်ငန်းဆိုင်ရာများ ၊အစိုးရနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် သုံးသပ်နိုင်ရန် မျှဝေ သွားမည်ဖြစ်သည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*