အေဂျင်စီများကျင့်ဝတ်လိုက်နာမှုရှိ/မရှိစောင့်ကြည့်မည့်(CCMC)ကော်မတီ၏ကိုယ်စားလှယ်တစ်ဦးအဖြစ် ဦးကျော်ထင်ကျော်(MOEAF) ကိုရွေးချယ်

အေဂျင်စီများကျင့်ဝတ်လိုက်နာမှုရှိ/မရှိစောင့်ကြည့်မည့်(CCMC)ကော်မတီ၏ကိုယ်စားလှယ်တစ်ဦးအဖြစ် ဦးကျော်ထင်ကျော်(MOEAF) ကိုရွေးချယ်
June 22, 2017 Asian Fame

12:28 pm
အေဂျင်စီများကျင့်ဝတ်လိုက်နာမှုရှိ/မရှိစောင့်ကြည့်မည့်(CCMC)ကော်မတီ၏ကိုယ်စားလှယ်တစ်ဦးအဖြစ် ဦးကျော်ထင်ကျော်(MOEAF) ကိုရွေးချယ်

code

ပြည်ပကိုအလုပ်သမားပို့ဆောင်နေတဲ့ အေဂျင်စီတွေ ကျင့်ဝတ်လိုက်နာမှု ရှိ/မရှိ စောင့်ကြည့်မယ့် ကော်မတီ (CCMC)မှာ အေဂျင်စီတွေကိုယ်စားလှယ်အဖြစ်ပါဝင်ဖို့ ဦးကျော်ထင်ကျော်ကို ရွေးချယ်လိုက်ပါတယ်။ဦးကျော်ထင်ကျော်ဟာဆိုရင် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEAF ရဲ့ အတွင်းရေးမှူးရာထူးယူထားသူလည်းဖြစ်ပါတယ်။

အေဂျင်စီများကျင့်‌ဝတ်‌လိုက်‌နာခြင်းနှင့်‌ ကြီးကြပ်‌စစ်‌‌ဆေး‌ရေး‌ကော်‌မတီ(CCMC) မှာ ဦးကျော်ထင်ကျော်ဟာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်ရတော့မှာဖြစ်ပါတယ်။သူ့ကို ‌‌အေဂျင်‌စီများလိုက်‌နာရန်‌ကျင့်‌ဝတ်‌(COC)လက်‌မှတ်‌‌ရေးထိုးထားတဲ့ အေဂျင်‌စီ ၁၁၄ ခုကနေ သဘောတူရွေးချယ်တင်မြောက်လိုက်တာဖြစ်ပါတယ်။MOEAF အသင်းဝင်အေဂျင်စီ ၂၆၅ ခု ရှိတဲ့အထဲက ၁၁၄ ခုကနေ ဒီလိုက်နာရမယ့်ကျင့်ဝတ်တွေကို လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။

ဒီလက်မှတ်ရေးထိုးထားတဲ့အေဂျင်စီတွေအနေနဲ့ တစ်ကယ်ရော ကျင့်ဝတ်တွေ လိုက်နာမှု ရှိ/မရှိကို အေဂျင်စီများကျင့်‌ဝတ်‌လိုက်‌နာခြင်းနှင့်‌ ကြီးကြပ်‌စစ်‌‌ဆေး‌ရေး‌ကော်‌မတီ(CCMC) ကနေ စောင့်ကြည့်စစ်ဆေးမှာဖြစ်ပါတယ်။လိုက်နာမှုမရှိတဲ့အေဂျင်စီတွေကို ပညာပေးခြင်း အရေးယူခြင်းတွေဆောင်ရွက်မှာဖြစ်ပါတယ်။

ဒီစောင့်ကြည့်မယ့်ကော်မတီမှာ စုစုပေါင်း တာဝန်ရှိသူ ၇ ဦးပါဝင်မှာဖြစ်ပါတယ်။ ဒီ ၇ ဦးကတော့ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနက တစ်ဦး ၊ လူကုန်တားရဲတပ်ဖွဲ့ကတစ်ဦး ၊ အေဂျင်စီကိုယ်စားလှယ်တစ်ဦး ၊ ဥပဒေပညာရှင်တစ်ဦး ၊ အလုပ်သမားရေးကျွမ်းကျင်သူတစ်ဦး ၊ ရွှေ့ပြောင်းလုပ်သားကိုယ်စားလှယ်တစ်ဦး ၊ သီးခြားလွတ်လပ်သူတစ်ဦး တို့ဖြစ်ပါတယ်။ဒီကော်မတီရဲ့ ကိုယ်စားလှယ်တွေသက်တမ်းဟာ ၂ နှစ်စီဖြစ်ပြီး ၂ ခါသာရွေးချယ်ခံခွင့်ရှိမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်တွေကို MOEAF ကကုန်ကျခံမှာဖြစ်ပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*