မြန်မာအသင်း၏နည်းစနစ်ပိုင်းကိုမြင်လျှင်အင်တာမီလန်အသင်းအံ့သြသွားမည်ဟု မြန်မာ ယူ-၁၈ နည်းပြချုပ်ဆို

မြန်မာအသင်း၏နည်းစနစ်ပိုင်းကိုမြင်လျှင်အင်တာမီလန်အသင်းအံ့သြသွားမည်ဟု မြန်မာ ယူ-၁၈ နည်းပြချုပ်ဆို
August 10, 2017 Fame Asian

4:38 pm
မြန်မာအသင်း၏နည်းစနစ်ပိုင်းကိုမြင်လျှင်အင်တာမီလန်အသင်းအံ့သြသွားမည်ဟု မြန်မာ ယူ-၁၈ နည်းပြချုပ်ဆို

bရန်ကုန်၊သြဂုတ် ၁၀

မြန်မာ ယူ-၁၈ အသင်းနှင့် အင်တာမီလန် ယူ-၁၈ အသင်းတို့ခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရသည်။ဩဂုတ်လ (၁၁)ရက်နေ့နှင့် (၁၃) ရက်နေ့ညနေ ၆နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ပွဲများအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၁၀ရက်နေ့က Novotel Yangon Max ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

“အင်တာမီလန်လို အသင်းမျိုးနဲ့ ကစားရတာ ဂုဏ်ယူစရာပါ။ ဒီခြေစမ်းပွဲတွေကနေ ကျွန်တော့်ကစားသမားတွေအနေနဲ့ သင်ယူစရာတစ်ခုခု ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒီခြေစမ်းပွဲတွေက အာရှခြေစစ်ပွဲနဲ့ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲတွေအတွက် ပြင်ဆင်မှုတွေထဲက တစ်ခုပါ။ မနက်ဖြန် ပွဲမှာ မြန်မာအသင်းရဲ့ နည်းစနစ်ပိုင်းကို မြင်ရင် အင်တာမီလန်အသင်းအနေနဲ့ အံ့သြသွားပါလိမ့်မယ်”ဟု မြန်မာ့လက်ရွေးစင်ယူ၁၈အသင်းနည်းပြချုပ် Mr.Rabah Benlarbiကပြောသည်။

အင်တာမီလန် ယူ-၁၈ အသင်းသည် ဩဂုတ်လ ၉ရက်၊ညနေ၅နာရီ ၂၅မိနစ်အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာပြီ ဖြစ်ပြီးNovotel Yasngon Max ဟိုတယ်တွင်တည်းခိုနေကြောင်းသိရသည်။

“ကျွန်တော်တို့အသင်းမှာ အီတလီလူငယ်လက်ရွေးစင်ကစားသမားတွေအပြင် အခြားနိုင်ငံအသင်း တွေရဲ့ လူငယ်လက်ရွေးစင်ကစားသမားတွေလည်း ပါပါတယ်။ မြန်မာအသင်းရဲ့ ခြေစွမ်းကိုတော့ ပြိုင်ပွဲရောက်မှသိရမှာပါ။ ဒီခရီးစဉ်ကနေ အတွေ့အကြုံကောင်းတွေ ရရှိမယ်လို့ မျှော်လင့်ပါတယ်။”ဟု Technical Director of Inter Milan U18မှ Daniele Bernazzaniကပြောသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*