NLD အစိုးရက ၁၄လအတွင်း အကျဉ်းသား ၂၄၀၀ ကျော် လွှတ်ပေးခဲ့

NLD အစိုးရက ၁၄လအတွင်း အကျဉ်းသား ၂၄၀၀ ကျော် လွှတ်ပေးခဲ့
June 21, 2017 Asian Fame

4:15 pm
NLD အစိုးရက ၁၄လအတွင်း အကျဉ်းသား ၂၄၀၀ ကျော် လွှတ်ပေးခဲ့

insein

နေပြည်တော်၊ဇွန် ၂၁

NLD အစိုးရ စတင်အုပ်ချုပ်သည့် ၂၀၁၆ခုနှစ် ဧပြီလ ၁ရက်နေ့က စပြီး တစ်နှစ်ကျော်ကာလအတွင်း လွှတ်ငြိမ်းဖြင့် လွှတ်ပေးလိုက်သည့်
အကျဉ်းသား အရေအတွက်မှာ ၂၄၀၀ ကျော် ရှိသွားပြီဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။အကျဉ်းသား ၂၄၀၀ ကျော်ထဲတွင် နိုင်ငံခြားသား အကျဉ်းသားများလည်း ပါဝင်ပြီး ၇၃ဦး ဟု ပြည်ထဲရေး ဒုတိယ၀န်ကြီးက ရှင်းပြသည်။ကျန်အကျဉ်းသားများမှာ နိုင်ငံသားအကျဉ်းသားများ ဖြစ်ကြသည်။

ပြီးခဲ့သည့် လကလည်း ဒုတိယဗိုလ်ချူပ်ကြီးဟောင်း ဦးဆန်းဆင့်အပါအ၀င် အကျဉ်းကျ ကျောင်းသားများ၊ဆန္ဒပြ လယ်သမား အချို့ အစရှိသူ တို့ကို သမ္မတ က လွှတ်ပေးခဲ့သည်။ယခု အစိုးရ လက်ထက်အတွင်း လွှတ်ငြိမ်းဖြင့် လွှတ်ပေးလိုက်သည့် အကျဉ်းသားအများစုမှာ လွှတ်သင့်၊လွှတ်ထိုက်သူများ ပါဝင်လာကြသည့် အတွက် အများစု ကကြိုဆိုခဲ့ကြသည်။ပြီးခဲ့တဲ့ အစိုးရကလည်း သူ၏ သက်တမ်း အတွင်း အကျဉ်းသား ၅၃၀၀၀ကျော်လွှတ်ပေးခဲ့သည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*