ပြစ်မှုနှင့် ပြစ်ဒဏ်

ပြစ်မှုနှင့် ပြစ်ဒဏ်
June 21, 2017 Asian Fame

6:49 pm
ပြစ်မှုနှင့် ပြစ်ဒဏ်

wy

ကျောင်းသား/သူ ၂သိန်းကျော် အောင်မြင်ခဲ့ကြသော ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် အကျဉ်းစာစစ်ဌာနများမှ နေ၍ ၀င်ရောက်ဖြေသည့် အကျဉ်းသူ/သား အချို့လည်း အောင်မြင်ခဲ့ကြသည်။အကျဉ်းစာစစ်ဌာနများ၏ ယခုနှစ် အောင်ချက် သည် ယခင်နှစ်က လောက် သိသာထင်ရှားစွာ မတက်ခဲ့သော်လည်း အောင်မြင်သူ ၁၆ယောက်ထဲတွင် ၆ဦး မှာ ဂုဏ်ထူး ထွက်ခဲ့သည့်အတွက် ယင်းကားစံချိန်သစ်တစ်ခု ဖြစ်လာခဲ့သည်။ဂုဏ်ထူးထွက်သည့် အထဲတွင် မူးယစ်ဆေးဝါးမှု နှင့် ထောင် ကျခဲ့ကြသူ ၄ဦး ပါနေသည်။

Popular News သတင်းထောက် တွေ့ဆုံခွင့်ရခဲ့သော စာမေးပွဲအောင်မြင်သည့် အကျဉ်းသားလူငယ် အချို့၏ ပြောကြားချက်အရ ၎င်းတို့ဖမ်းဆီးခံရစဉ် သက်သေအဖြစ်သိမ်းဆည်း ရမိခဲ့သော ပမာဏသည် အနည်းငယ်သာ ရှိသည်ဟုသိရသည်။ဂုဏ်ထူး ၃ဘာသာထွက်ခဲ့သော အိုးဘိုအကျဉ်းထောင် က အကျဉ်းသူသည် မူးယစ်ဆေးပြား ၁၅ပြား ၂ကြိမ်လက်ဝယ်တွေ့ရှိမှု ဖြင့် ထောင် ၁၀နှစ် ကျခဲ့သည်။

မူးယစ်ဆေး မသုံးစွဲဘဲ အားပေးကူညီမှု၊လက်ဝယ်တွေ့ရှိမှု တို့ဖြင့် ထောင်ကျခဲ့သည့် သူမသည် ကိုယ်တိုင်ဝင်အလုပ်လုပ်ခဲ့သည့် ကုန်စုံဆိုင်မှာ မူးယစ်ဆေးဝါး ရောင်းချသည့် ဆိုင်မှန်း အစပိုင်းက မသိခဲ့ဟု သိရသည်။ လက်ဝယ်တွေ့ရှိမှုဆိုသည်ကလည်း ဆိုင်အတွင်း မွှေနှောက်ရှာဖွေရင်း တွေ့ခဲ့ခြင်း ဟုဆိုသည်။ ဆိုင်ရှင်မှာမူ ထွက်ပြေးသွားရာ အမှုကို သူမရင်ဆိုင် ခဲ့ရသည်။အိုးဘိုအကျဉ်းထောင်မှ တစ်ဘာသာ ဂုဏ်ထူးရ အကျဉ်းသား ၄ဦးထဲက ၂ ဦးသည်လည်း မူးယစ်မှု နှင့် ထောင်ကျခဲ့ကြသူများဖြစ်သည်။တစ်ဦးက WY ဆေးပြား ၂ပြားမိမှုနှင့် သုံးစွဲမှု ၄ နှစ်၊ကျန်တစ်ဦးက WY ဆေးပြား ၁၉၃ပြား သယ်ဆောင်မှု နှင့် ၁၀ နှစ်ဖြစ်သည်။

အလားတူ အင်းစိန်ထောင်စာစစ်ဌာန မှဖြေသည့် တစ်ဘာသာ ဂုဏ်ထူးရ အကျဉ်းသားသည်လည်း ဆေးခြောက် ၀ဒသမ၀၉ ဂရမ် နှင့် ထောင် ၆ နှစ် ကျခံခဲ့ရသည်။အိုးဘိုထောင်မှ တစ်ဘာသာဂုဏ်ထူးရ ၂ဦးမှာ လူသေစေမှု၊လူသတ်မှုကို အားပေးခဲ့မှုတို့နှင့် ထောင်ကျနေခြင်းဖြစ်သော်ငြား သူတို့၏ ထောင်ဒဏ်သည် ၄နှစ် နှင့် ၃ နှစ်သာ ဖြစ်နေသည်။မူးယစ်ဆေး သုံးမှုနှင့် ထောင် ၈နှစ်ကျခံနေရသည့် ရိုးရိုးအောင် အကျဉ်းသား ၁ဦးက သူသုံးပြီး ပြန်ပေးဆပ်နေရသည့် အချိန်သည်မတန်ဟု ပြောသည်။သူပြောသည်က လွန်အံ့မထင်။ယခုနှစ် စာမေးပွဲ အောင်သည့် အကျဉ်းသားတစ်ဦးမှာ လည်း လူသတ်မှု နှင့် ထောင် ၆နှစ်သာ အပြစ်ကျခံနေရသည်ကို မျက်မြင်တွေ့ခဲ့ရသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ် မှုကို သေဒဏ်အထိအပြစ်ပေး၍ ရသည့် အမှုတစ်ခုဟု သတ်မှတ်ထားပြီး သုံးစွဲမှုကို ၅နှစ်၊လက်ဝယ်တွေ့ရှိပါက ၅နှစ်ထက်ပိုသည့် ထောင်ဒဏ် ချမှတ်၍ ရသည်ဟု မူးယစ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဇော်လင်းထွန်းက ပြောသည်။”ဒါက တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်”ဟု ရဲမှူးကြီးက ထပ်လောင်းပြောကြားပါသည်။

MTA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*