ဝန်​ကြီးဌာနတွေ နဲ့ပုဂ္ဂလိက လုပ်​ငန်း​တွေမှာ မသန်​စွမ်းတွေကို အလုပ်​ထပ်ခန့်​ဖို့ စီစဉ်နေ

ဝန်​ကြီးဌာနတွေ နဲ့ပုဂ္ဂလိက လုပ်​ငန်း​တွေမှာ မသန်​စွမ်းတွေကို အလုပ်​ထပ်ခန့်​ဖို့ စီစဉ်နေ
June 13, 2017 Asian Fame

4:06 pm
ဝန်​ကြီးဌာနတွေ နဲ့ပုဂ္ဂလိက လုပ်​ငန်း​တွေမှာ မသန်​စွမ်းတွေကို အလုပ်​ထပ်ခန့်​ဖို့ စီစဉ်နေ

DrWMA(နေပြည်တော် ၊ ဇွန် ၁၃)

မသန်စွမ်း ၆၄ ဦးကို လူကယ်ပြန်ဝန်ကြီးဌာန က အလုပ် ခန့်အပ်ထား ပြီး ဖြစ်တယ်လို့ယင်းဝန်ကြီး ဌာနရဲ့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လွှတ်တော်မှာ ပြောပါတယ်။

“ကျွန်တော်တို့ ဝန်ကြီးဌာနမှာ ခန့်ထားတဲ့ အပြင် တခြား ဝန်ကြီးဌာနတွေ ၊အဖွဲ့အစည်းတွေ ၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာလည်း မသန်စွမ်းတွေကို အလုပ်ခန့်ထားဖို့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်” လို့ သူက ပြောပါတယ်။

လွှတ်တော် ကလည်း မကြာတော့မယ့် ကာလမှာ မသန်စွမ်း အခွင့်အရေး ဥပဒေတစ်ခု ကို အတည်ပြုတော့ မှာဖြစ်လို့ မသန်စွမ်း သူများရဲ့ အခွင့်အရေးကို ဝန်ကြီးဌာနက ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးနိုင်တော့ မှာဖြစ်တယ်လို့ ၀န်ကြီးက ဆက်ပြောတယ်။

SLM

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*