၂ဝဝ၈ ထဲက ဆွဲထုတ်လာတဲ့ အရေးအကြီးဆုံးသဲလွန်စ

၂ဝဝ၈ ထဲက ဆွဲထုတ်လာတဲ့ အရေးအကြီးဆုံးသဲလွန်စ
May 18, 2017 Asian Fame

3:58 pm
၂ဝဝ၈ ထဲက ဆွဲထုတ်လာတဲ့ အရေးအကြီးဆုံးသဲလွန်စ

Myat-Hlaing-Articleကျွန်တော်တို့ မြန်မာနိုင်ငံမှာ အတိုးအဆုတ် ခက်ခဲ လွန်းတဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲထားပြီး လွှတ်တော်နဲ့အစိုးရ၊ တရား စီရင်ရေး အဓိက ကဏ္ဍသုံး ရပ်ကို ချုပ်ကိုင်ထားစေခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အ ရေးအကြီးဆုံး ဥပဒေတွေကို ပြင် ဆင်ခွင့်၊ ပယ်ဖျက်ခွင့်၊ ဥပဒေပြု ရေး အဆို တင်မယ်ဆိုရင် ၇၅ ရာ ခိုင်နှုန်းကျော်ထောက်ခံမှ ပြင်ဆင် ပယ်ဖျက်ခွင့် ပြုနိုင်တယ်ဆိုတဲ့ အ ရေး အကြီးဆုံး အချက်ကို ပြဋ္ဌာန်း ထားပါတယ်။ ကမ္ဘာမှာ အပြင်ရအ ခက်ဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ အဖြစ် သတ်မှတ် ခဲ့ကြပါ တယ်။ ၂ဝ၁၄ ခုနှစ် အန်အယ်ဒီ ပါတီက လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ် စားလှယ်ပါဝင်မှု နည်းပါးနေတဲ့ အ တွက် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွှတ်တော်တွင်းမှာ မပြင်ဆင်နိုင် ကြောင်း လူထုကို ပွင့်လင်းစွာ ချပြ ခဲ့ပါတယ်။  လွှတ်တော် ပြင်ပမှ လူထုအား နဲ့ တောင်းဆိုရင် ဖြစ် နိုင်တယ်လို့ ယူဆပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုကို ဆောင် ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလှုပ် ရှားမှုဟာ မအောင်မြင်ခဲ့ပါဘူး။

၂ဝ၁၅ ခုနှစ်မှာ အန်အယ်ဒီပါ တီဟာ အထွေထွေ ရွေးကောက်ပွဲ မှာ အနိုင် ရခဲ့တာကို အားလုံးသိပြီး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံတော် သမ္မတဖြစ်ရေး အတွက်၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅၉ (စ) ကိုပြင်ဖို့ ကြိုးစားခဲ့ပါသေး တယ်။ ဒီကြိုးစားမှုဟာလည်း မ အောင်မြင်ခဲ့ပါဘူး။ ဒေါ်အောင် ဆန်းစုကြည် သမ္မတ မဖြစ်ခဲ့ရပေ မယ့်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ဟာကွက်တစ်ခုကို ဆွဲထုတ်ပြီး နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ နေရာကို ရယူပြီး ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ထဲက ညောင်နှစ်ပင်မှာ အမျိုးသား ညီလာခံ ခေါ်ယူပြီး ၈ နှစ် ကြာ အောင် အချိန်ယူ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအနေနဲ့ ကြည့်မယ်ဆိုရင် လွှတ်တော်တွင်း၊ လွှတ်တော်ပ နည်းလမ်းတွေအမျိုး မျိုးနဲ့ပြင်ဆင်လို့ မရနိုင်တာကို သိ နေခဲ့ကြပါတယ်။ ဒါပေမယ့်၊ ဘယ် အရာမျိုးမဆို လစ်ဟာနေတဲ့ နေရာ ရှိတတ်စမြဲပါ။ ဒီလစ်ဟာနေတဲ့ အခြေအနေကို အမြဲလေ့ လာနေ မယ် ဆိုရင် သဲလွန်စတစ်စ ထွက် လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်အတွက် နိုင်ငံတော်၏အတိုင် ပင်ခံ ပုဂ္ဂိုလ်နေရာကို ရှာဖွေနိုင်ခဲ့တဲ့ အချက်ကို ကြည့်ရင် တွေ့နိုင်ပါ တယ်။ အခိုင်အမာ တည်ဆောက် ထားမှုတစ်ခုမှာ ဟာကွက်ပျော့ကွက် ရှိနေပါလိမ့်မယ်။ ဒီတည်ဆောက် ထားမှုကို အပေါ်က စပြီး အောက် အထိ၊ အောက်ကစပြီးအပေါ်ထိ၊ အလယ်ကဖြတ်ပြီး အပေါ်အောက် ၊ သေချာလေ့ လာ ရပါလိမ့်မယ်။ အ ဆောက်အဦရဲ့ အတွင်းပိုင်း တည် ဆောက်ထားမှု၊ ပြင်ပက အခြေအ နေတွေ ကို လေ့လာရပါမယ်။

အခုလည်း ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို လွှတ်တော်တွင်းမှာ ပြင် ဆင်လို့မရနိုင်တဲ့အတွက်၊ လွှတ် တော်ပြင်ပ ငြိမ်းချမ်းရေး စားပွဲဝိုင်း ကတစ်ဆင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြင်ဆင်နိုင်ဖို့ သဲလွန်စ တစ်စ ထွက်လာခဲ့ပါတယ်။ ၂ဝ၁၇ မေလ မှာ   ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီက၂၁ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ပြန်ကျင်းပရင် တင်ပြနိုင်ဖို့ နိုင်ငံ ရေးဆွေးနွေးပွဲ ရလဒ်နဲ့အညီ တန်း တူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိစေ ရေးအတွက် ပြည်နယ် များအား လုံး ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေများ ရေးဆွဲခွင့် ကို ဆွေးနွေး အ သိအမှတ်ပြုနိုင်ခဲ့တယ် ဆိုတာ သိ လိုက်ရပါတယ်။

ဒီအချက်ဟာ လွှတ်တော်ပြင်ပ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာ ခံကနေ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင် နိုင်ရေး အတွက် သဲလွန်စ ရှာဖွေတွေ့ ရှိခဲ့တယ်လို့ ပြောချင်ပါတယ်။ ဒီလို ဆွေးနွေး အသိအမှတ် ပြုခဲ့တာကို  ဒီပြည်ထောင်စုငြိမ်းချမ်းရေး ဆွေး နွေးမှု ပူးတွဲကော် မတီ မှာ ပါဝင်တဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ဗိုလ် မှူးခွန်ဥက္ကာက ”ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲခွင့်ရှိခြင်းဟာ ပြည်နယ်ရဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ် ပြုလိုက်တာဖြစ်တယ်”လို့ ပြောဆို ခဲ့ပါတယ်။ အဲဒီလိုပဲ ကေအန်ယူက ဖဒိုစောကွယ်ထူးဝင်း က ”ပြည်နယ် တိုင်းဒေသ ကြီးတွေမှာ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ရေးဆွဲနိုင်တဲ့ အခွင့် အရေးကိုပါ အသိအမှတ် ပြုနိုင်ခဲ့တဲ့ အတွက် ဝမ်းမြောက်မိ ပါတယ်”လို့ ပြောခဲ့ပါတယ်။

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပ ဒေတွေဟာ ပြည်ထောင်စု အဆင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ဆန့်ကျင် ကွဲလွဲလို့ မရဘူးဆိုပေမယ့် ဒီလို ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ က ပြဋ္ဌာန်းလိုက်ပြီး ဒီဖွဲ့စည်းပုံက ခန့်အပ်လိုက်တဲ့ ပြည်နယ်လွှတ် တော်၊ ပြည်နယ် အစိုးရ၊ ပြည်နယ် တရားရုံးတွေရဲ့လုပ်ပိုင်ခွင့်တွေကို  ပြည်ထောင်စု အဆင့်က လာစွက် ဖက်လို့မရပါဘူး။

၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံရဲ့ နိုင်ငံရေးဆွေးနွေးမှု ခေါင်းစဉ်အောက်မှာ အဆင့် ၇ ဆင့်ထဲက ပြည်နယ် လူမျိုးများ တန်း တူညီမျှ နေထိုင်နိုင်ရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရေးကိုသာ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာ ခံက အတည်ပြု နိုင်မယ် ဆိုရင် ပြည်ထောင်စု လွှတ်တော် ကိုတင်ပြီး ထပ်ဆင့် အတည်ပြုချက် ရယူနိုင်ပါ လိမ့်မယ်။ တန်းတူညီမျှရေး နဲ့ ကိုယ် ပိုင် ပြဋ္ဌာန်းခွင့် ရသွားရင် ဖက်ဒရယ် ပြည်ထောင်စုမူ ဆိုတဲ့ အဆင့်တွေ ကို ရောက်ဖို့ နီးစပ်သွားမှာပါ။

”ပြည်ထောင်စု သဘောတူညီ ချက်က ဖက်ဒရယ် ပုံစံဖြစ်နေတယ် ဆိုရင် အဆင့် ၅ မှာ ဖွဲ့စည်းပုံကို ပြင်ကို ပြင်ပေးရတော့မယ်။ ပြင်ပြီး ရင် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပ ဒေသစ်ကို ပြည်ထောင်စုလွှတ်တော် ကနေ  အတည်ပြုပေးရပါလိမ့်မယ်” ဆိုပြီး ကချင်တိုင်းရင်း သားခေါင်း ဆောင် ဒေါက်တာတူးဂျာက မှတ် ချက်ပေးလိုက်ပါတယ်။

ဒီ ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲ ကော်မတီရဲ့ဆွေးနွေးအတည် ပြုချက်ကို နိုင်ငံတော် အတိုင်ပင် ခံရုံး ညွှန်ကြားမှူးချုပ် ဦးဇော်ဌေး က ”အားလုံးက ဖက်ဒရယ် အခြေခံ မူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ သဘောတူညီချက်ပါ။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတွက် ကိုယ်ပိုင်အခြေ ခံဖွဲ့စည်းပုံ ဥပဒေတွေ ထားရှိပေးရ ပါ့မယ်။ ဒါကို အကုန်လုံးက သဘော တူတယ်။ အဲဒါကြောင့် လာမယ့် ညီလာခံဟာ မြန်မာနိုင်ငံ အတွက် သမိုင်းမှတ်တိုင် ဖြစ်လာမှာ ဖြစ်ပါ တယ်”လို့ပြောဆို လိုက်တာကလည်း ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ် ပေါက်လာဖို့ အတွက် အားရစရာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်မှာ တိုင်းရင်းသားတွေ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြတာ ကိုပြန်စဉ်းစား ကြည့်ရင် ပြည်နယ်တွေ မှာရှိတဲ့ တိုင်းရင်းသားတွေ အတွက် တန်းတူညီမျှ အခွင့်အရေး မရခဲ့တာရယ်နဲ့ တိုင်းရင်းသား ပြည်နယ်တွေ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မရှိခဲ့တာကြောင့် ဖြစ် တာကို တွေ့ရပါတယ်။ အခုပြည် ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မ တီက အတည်ပြုပြီး၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံက  ထပ်ဆင့် အတည်ပြုလိုက်မယ် ဆိုရင် တိုင်း ရင်းသားလက်နက်ကိုင်တွေ အတွက်  လက်နက်ကိုင်စရာ မလိုတော့ပါ ဘူး။ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ကတိပြု စာချုပ်ဟာလည်း အလို အလျောက် လက်မှတ်ထိုးပြီးသား ဖြစ်သွားနိုင်ပါတယ်။

တကယ် တိုင်းရင်းသားပြည်သူ တွေအကျိုးကို ကြည့်မယ် ဆိုတဲ့ စေ တနာထားမှုက အဓိကကျပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ စစ်ဘေး ရှောင်တိုင်းရင်းသားပြည်သူတွေ ဒုက္ခရောက်နေခဲ့ရတာ နှစ်ပေါင်း များစွာ ကြာမြင့်နေခဲ့ပါပြီ။ တစ်နိုင် ငံလုံး အပစ် ရပ်စဲနိုင်မယ် ဆိုရင် တောင်ပေါ်၊ တောင်တန်းနေတိုင်း ရင်းသား ပြည်သူတွေ အနေနဲ့ ကိုယ့် အိမ်ကိုယ့်ယာကို ပြန်ပြီး အေးချမ်း စွာလုပ်ကိုင် စားသောက်ခွင့်ရမှာ ပါ။ အန်စီအေ ကတိပြုစာချုပ်ဟာ မိမိတို့ တိုင်းရင်းသားပြည်သူတွေ အတွက်  အခက်အခဲ တစ်ခု ဖြစ်မ နေသင့်ပါဘူး။

တိုင်းရင်းသား ပြည်သူတွေ အေးချမ်းစွာ ပြန်နေထိုင်မှုနဲ့ အန်စီ အေကို လဲလှယ်နိုင်ရပါလိမ့်မယ်။ အန်စီအေ သဘောတူစာချုပ်ကို လက်မှတ်ထိုးပြီး ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို တက် ရောက်သင့်ပါတယ်။ ၂၁ ရာစုပင် လုံငြိမ်းချမ်းရေး ညီလာခံ ရဲ့ နိုင်ငံ ရေးဆွေးနွေးမှု ခေါင်းစဉ်အောက် ကနေ တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးတို့ကို  ဆက်လက် ဆွေးနွေး အဖြေရှာ သင့်ပါ တယ်။ ဒီ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာ ခံကတစ်ဆင့် ပြင်ဆင်ရ ခက်ခဲနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေ ထွက်လာနိုင်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း ငြိမ်းချမ်းရေးဆွေး နွေးပွဲစားပွဲဝိုင်း ဆိုတဲ့ ပလက်ဖောင်း ကတစ်ဆင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြင်ဆင်နိုင်မယ့် သဲလွန် စတစ်စ ထွက်လာနိုင်တယ်လို့ထင်နေခဲ့ပါတယ်။

ဒီ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံက တစ်ဆင့် ပြည်နယ်တိုင်း ရင်းသားခေါင်းဆောင်တွေ လွှတ် တော်ထဲဝင်ရောက်ပြီး ပြည်နယ်လူ ထုကောင်းကျိုးတွေကို ဆောင်ရွက် နိုင်ပါလိမ့်မယ်။ ကိုယ့်ပြည်နယ်မှာ နေထိုင်နေတဲ့ တိုင်းရင်းသား ပြည် သူတွေရဲ့ လိုအပ်ချက်တွေဟာ ကိုယ့်ပြည်နယ် ဥပဒေတွေ ပြဋ္ဌာန်း နိုင်မယ်ဆိုရင် တိုးတက်တဲ့အခြေ အနေတွေဖြစ်လာပါလိမ့်မယ်။ ဒီ လိုပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပ ဒေတွေကို ဆွေးနွေး ညှိနှိုင်းပြဋ္ဌာန်း နိုင်ဖို့အတွက် ပြည်နယ် လွှတ် တော် အသီးသီးမှာ ပါဝင်နေရပါ လိမ့်မယ်။

မိမိတို့ပြည်နယ်မှာ နေထိုင်တဲ့ ပြည်သူတွေကလည်း မိမိတို့လူမျိုးစု ခေါင်းဆောင်တွေကို ပြည်နယ် လွှတ်တော်ထဲမှာ မြင်ချင်ကြမှာပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေ အနေနဲ့  မိမိတို့လူမျိုးစု အကျိုးအတွက် မိမိတို့ အတ္တတွေကိုစွန့်လွှတ်ဖို့ လိုနေပါပြီလို့ပြောချင်ပါတယ်။ ပြည်နယ် တိုင်း လူမျိုးစုတိုင်းက ဒီမိုကရေစီ စနစ်ကို အခုအချိန်မှာ ကိုင်စွဲထား နိုင်ဖို့လိုအပ်နေပါပြီ။ ဒီမိုကရေစီ စနစ်အတွက် လက်နက်ကိုင်လမ်း စဉ်ကို စွန့်လွှတ်နိုင်ရမှာပါ။ ဒီမိုက ရေစီစနစ်မှာ နိုင်ငံရေးပါတီတွေ ယှဉ်ပြိုင်မှု (သို့မဟုတ်)ရွေးကောက် ပွဲဟာ အဓိကကျပါတယ်။

ဒီမိုကရေစီ ဖက်ဒရယ်မူကို ကိုင် စွဲပြီး မိမိတို့ပြည်နယ်၊ မိမိတို့တိုင်း ပြည်တိုးတက်မှုကို ဆောင်ရွက်နိုင် မယ့်ခေတ်ရောက်နေပါပြီ။လက် နက်ကိုင်တော်လှန်ရေးခေတ်၊ စနစ် နဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိရေးကို ရယူဖို့အခြေအနေ ပေးတဲ့ခေတ် မဟုတ်တော့ပါဘူး။

အခု ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီက အသိအမှတ် ပြုပြီး ၂၁ ရာစုပင်လုံ ညီလာခံကို တင်ပြ အတည်ပြုချက်မှာ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်း တိုင်း ပါဝင် ဆွေးနွေးနိုင်လိမ့်မယ် လို့ မျှော်လင့် ယုံကြည်တိုက်တွန်း ချင်ပါတယ်။

မြတ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*