ရန်ကုန်စာအုပ်လမ်း ပိုမိုစည်ကားရေးအတွက် စာပေအနုပညာဆိုင်ရာ အခမ်းအနားများကိုပါ ထည့်သွင်းကျင်းပသွားမည်

ရန်ကုန်စာအုပ်လမ်း ပိုမိုစည်ကားရေးအတွက် စာပေအနုပညာဆိုင်ရာ အခမ်းအနားများကိုပါ ထည့်သွင်းကျင်းပသွားမည်
February 9, 2017 Asian Fame

3:50 pm
ရန်ကုန်စာအုပ်လမ်း ပိုမိုစည်ကားရေးအတွက် စာပေအနုပညာဆိုင်ရာ အခမ်းအနားများကိုပါ ထည့်သွင်းကျင်းပသွားမည်

အိမ်စည်
ရန်ကုန်၊ဖေဖော်ဝါရီ၃

Yangon Book Street  တွင် စာအုပ်မိတ်ဆက်ပွဲများ၊ ပန်းချီပြပွဲ များနှင့် အခြားစာပေအနုပညာ ဆိုင်ရာပြပွဲများကိုပါ ပူးတွဲပြုလုပ် သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဗဟိုပုံနှိပ်စက်ရုံရှေ့ရှိ သိမ်ဖြူလမ်း တွင် ဇန်နဝါရီ ၇ ရက်မှ   စတင်ကာ ပြန်ကြားရေးဝန်ကြီးဌာနနှင့်မြန်မာ   နိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိ သူများအသင်းတို့မှ ဦးဆောင်၍ အဆိုပါစာအုပ်လမ်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။

”စာအုပ် ဈေးတန်းလေးကို နောက်ပိုင်းကျရင် စာအုပ်လက် မှတ်ထိုးပွဲလေးတွေ၊ စာအုပ်အသစ် ထွက်ပွဲလေးတွေ စာပေဖန်တီးမှုနဲ့ ပတ်သက်တဲ့ ပွဲလေးတွေ၊ ကာတွန်း ပြပွဲလေးတွေ၊ ပန်းချီပြပွဲလေးတွေ နဲ့တွဲပြီး ဈေးတန်းကို စည်သထက် စည်အောင် လုပ်ဖို့အစီအစဉ်ရှိပါ တယ်” ဟု မြန်မာနိုင်ငံစာပေထုတ် ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ အတွင်းရေးမှူး ဦးမြင့်ထွန်းက ပြောသည်။

အဆိုပါစာအုပ်လမ်းသည် စတင်ဖွင့်လှစ်သည့်ရက်မှစ၍ အပတ်စဉ် စာအုပ်ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပြီး စာအုပ်ရောင်း အားမှာလည်း တစ်ရက်လျှင် လေးငါးသိန်းဝန်းကျင်ရှိကြောင်း ၄င်းက ဆိုသည်။

”အပတ်စဉ် ရောင်းအားက ပုံမှန်ရှိနေတယ်။ တချို့တိုက်တွေ ဆိုရင် တစ်ရက်ကို သုံးလေးသိန်း ကနေ လေးငါး ဆယ်သိန်းအထိ ပုံမှန်ရှိနေတယ်” ဟု ၄င်းကပြော သည်။

အဆိုပါ စာအုပ်လမ်းကို စာ ပေဖွံ့ဖြိုးတိုးတက်ရေး၊ စာရေးသူ၊ စာဖတ်သူနှင့် စာအုပ်ဆိုင်များ များလာစေရေး စသည့်ရည်ရွယ် ချက်များဖြင့် နှစ်စဉ်ပွင့်လင်းရာသီ တစ်လျှောက် ဖွင့်လှစ်ပေးသွား မည်ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*