ချောင်းသာကမ်းခြေတွင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာပေးကမ်ပိန်းလုပ်မည်

ချောင်းသာကမ်းခြေတွင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာပေးကမ်ပိန်းလုပ်မည်
June 1, 2017 Asian Fame

12:24 pm
ချောင်းသာကမ်းခြေတွင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာပေးကမ်ပိန်းလုပ်မည်

(ရန်ကုန်၊ မေ ၂၉)

ချောင်းသာ ကမ်းခြေတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေး ကမ်ပိန်း ကို ဇွန်လပထမပတ် အတွင်း ပြုလုပ်သွား မည်ဖြစ်ကြောင်း သြစတြေးလျကျောင်း သားဟောင်းများ အဖွဲ့(မြန်မာ)တည် ထောင်သူ ဒေါ်မေမိုးဝါက ပြောသည်။

”Clean Beach, Clean Water”ဟု အမည်ပေးထားသော အဆိုပါ ကမ်ပိန်း ကို မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျသံရုံး၊ သြစတြေး လျ ကျောင်သားဟောင်းများ အဖွဲ့ (မြန်မာ)နှင့် ဟိုတယ်ဆိုင်ရာလုပ် ငန်းရှင်များအသင်း (ချောင်းသာဇုန်)တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး  ချောင်း သာ ကမ်းခြေကို အသန့်ရှင်းဆုံး ကမ်းခြေ တစ်ခုဖြစ်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။

”ကမ်းခြေသန့်ရှင်းဖို့နဲ့ Pollution ဆိုတာက လူတိုင်းနဲ့ သက်ဆိုင်တယ် ဆိုတဲ့ မက်ဆေ့ခ်ျလေး ပေးချင်တဲ့အတွက် ကမ် ပိန်းလုပ်တာပါ” ဟု ၄င်းကပြောသည်။

ကမ်ပိန်းကို ဇွန်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် လုပ်ဆောင်မည် ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ ပေးခြင်းကို ကမ်းခြေနှင့် ရွာထဲတွင် နှစ် ပိုင်းခွဲ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဇွန် လ ၃ ရက်နေ့တွင် ကမ်းခြေ တစ်လျှောက် သာမက ချောင်းသာ ကျေးရွာတွင်ပါ စည် ပင်သာယာ အဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ် ရေးအဖွဲ့များ ဒေသခံများ၊ ဟိုတယ်ဇုန် တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း အင်အား ၃ဝဝ ခန့်ဖြင့် အမှိုက်ကောက် မည်ဖြစ်ကြောင်း ချောင်းသာ ဟိုတယ်ဇုန် အတွင်းရေးမှူး ဦးနိုင်ဝင်း ကပြောသည်။

သြစတြေးလျ ကျောင်းသားဟောင်း များအဖွဲ့ (မြန်မာ)သည် နှစ်စဉ် လူမှုရေး ဆိုင်ရာများနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင် ရာ လှုပ်ရှားမှုများ ကို လုပ်ဆောင်နေသော အဖွဲ့ဖြစ်ပြီး ယမန်နှစ်ကလည်း သဘာဝ ဘေးအန္တရယ်ဆိုင်ရာ လှုပ်ရှားမှု များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကမ်ပိန်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို  မေလ ၂၉ ရက် နံနက်တွင် ရန်ကုန်မြို့ ချက်ထရီယမ်ဟို တယ်၌ ပြုလုပ်ခဲ့သည်။

ချောင်းသာဟိုတယ်များကို မိုးရာသီ ၌ ဖွင့်လှစ်သွားမည့် အပြင် ၂ဝ ရာခိုင် နှုန်း မှ ၅ဝ ရာခိုင်နှုန်းအထိ လျှော့ဈေး များဖြင့် တည်းခိုနိုင်မည် ဖြစ်ကြောင်း လည်း ဟိုတယ်ဇုန် တာဝန်ရှိသူများက အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။

မေဇင်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*