တို့များ ခေတ်ဆီက (၁၉)

တို့များ ခေတ်ဆီက (၁၉)
January 20, 2017 Asian Fame

10:59 am
တို့များ ခေတ်ဆီက (၁၉)

mh swe

တို့များခေတ်ဆီကဟူသော ခေါင်းစီးနှင့် ကျွန်တော်ရေးနေပါသည်။ ကျွန်တော်ကိုယ်တိုင် သိသော အကြောင်းအရာများ ဖြစ်စဉ်ဖြစ်ရပ်များ ကျွန်တော်ကိုယ်တိုင် ကြုံခဲ့တွေ့ခဲ့သော ခေတ်ကာလဆီက ဖြစ်ရပ်များကို ရေးသားခဲ့ပါသည်။ ကြားဖူးနားဝမဟုတ်၊ တစ်ဆင့် စကား မဟုတ်၊ ကိုယ်တိုင်သိသော ကြုံတွေ့ခဲ့ရသော သေချာသော ဖြစ်စဉ်ဖြစ်ရပ်များကိုသာရေးခဲ့ပါသည်။ အများအားဖြင့် ကျွန်တော် နှင့် ကျွန်တော့်ပတ်ဝန်းကျင် အကြောင်းရေးခဲ့ခြင်းသာ ဖြစ်ပါ၏။

ကိုယ့်အကြောင်း ကိုယ်ရေး ရာမှာလည်း ဖုံးဖုံးဖိဖိသာသာထိုးထိုး ဝင့်ဝင့်ြ<ွကာြး<ွကား ဂုဏ်ယူစွာ ရေးသားရခြင်းမှာ လွယ်ပါ၏။ ကိုယ့်ညံ့ချက်ကို ရေးပြရမှာ တော့ လူ့သဘာဝလက်တွန့်တတ် ကြပါ။ တကယ်တော့ ကျွန်တော်အ မှန်တကယ် ညံ့ခဲ့သော အကြောင်းကို ကျွန်တော်ယခုရေးဖို့ ကြံရွယ်ပါသည်။

ကျွန်တော်သည် လူညံ့တစ်ယောက် ဖြစ်ပါ၏။ြ<ွကားသည်ဟု မထင်ကြစေလို ပါ။ ကျွန်တော့်ကို မယုံလျှင် ကျွန်တော့် ဇနီးကို မေး ကြည့်နိုင်ပါသည်ဟု သက်သေ ထူလိုပါသည်။ တစ်ခါက ဖြစ်ပါ၏။ ကျွန်တော်တို့ဇနီးမောင်နှံ နှစ်ယောက် သည် သားကြီးဇော်ဦးဆွေနှင့် သုံးယောက် တည်းနေသော အချိန်ဖြစ်ပါ၏။

တစ်နေ့သောအခါမှာ ကျွန်တော့်ဇနီး သည် ကိုယ်ပူချိန် ပြင်းစွာဖြင့်ဖျားပါ၏။ ခေါင်းလည်း မထူနိုင် မလှုပ်နိုင်၊ မထနိုင် အပြင်း ဖျားပါ၏။ ၁၉၆ဝ ခုလွန်နှစ်ကာလဆီက နာမည် ကြီးသော ဃသမငခငိငည အဖျားကျဆေးကို တိုက်သည် ရေနွေးကျိုတတ်သော ကျွန် တော်က ရေနွေးကျိုသည်။ ရေနွေးပွက် ပွက်ဆူသည့် ပန်းကန်ပြားထဲ ထည့်၍ ဆေးနှင့် ရေနွေးနှင့် တိုက်၏။ မိန်းမဘာမှ မပူနဲ့၊ နားနေဟု အား ပေးရ၏။ ညစာကို ကျွန်တော် စီစဉ်မည်ဟု တာဝန်ယူလိုက်ပါ၏။ ကျွန်တော့်ဇနီးက ပြောပါသည်။ ဆေးသောက်ပြီး ချွေးထွက်လျှင် အဖျားကျမည်၊ ညစာသူချက်မည်ဟု ပြောပါသည်။

မိန်းမချက်သမျှ စားလာခဲ့သည်မှာ သားကြီးပင် သုံးနှစ်ပြည့်ပြီး တစ်ခါတလေ ဖျားသော ဘဝကြင်ဖော် ချစ်ဇနီးကို ဒုက္ခ မပေးသင့်ဟု ခံယူသည်။

”မိန်းမဘာမှမပူနဲ့၊ ကိုမောင်တာဝန် ယူမယ်” ဟု ဝင့်ြ<ွကားလိုက်သည်။ ငယ်စဉ် ကလည်း အမေနှင့် အစ်မချက်တာတွေ တွေ့ဖူးသည်။ တပ်ထဲရောက်တော့ ရဲ ဘော်တွေ ချက်တာ စားခဲ့ရသည်။ အိမ် ထောင်ကျတော့ မိန်းမချက်တာ တွေ့ဖူး သည်။ ဝင်ရောက် ကူညီမှု မပြုခဲ့သော် လည်း မြင်နေတွေ့ခဲ့ပါသည်။

ထို့ကြောင့် မီးမွှေးသည်၊ ဒယ်အိုးကို မီးဖိုပေါ်တင်သည်။ ဆီထည့်သည်။ ဘာမှ ခက်သည် မဟုတ်၊ ကြက်ဥသုံးလုံး ဖောက် သည်။ ဒယ်အိုးထဲထည့်လိုက်သည်။ ကြက်ဥက အမြှုပ်တွေထလာသည်။ ပွလာ သည်။ ဖောင်းလာသည်။ ကြက်ဥကြော် တာများ အလွယ်လေးဟု မိန်းမကိုြ<ွကားဖို့ စိတ်ကူးသည်။ ဘယ်အချိန်မှာ ဒယ်အိုးကို ချရမည်ကို ကျွန်တော်မသိ။ ကြက်ဥကြော် ကျက်ပြီဟု ယူဆသောအချိန်မှာ ဒယ်အိုး ကို ချဖို့ ကြံသည်။ ဒယ်အိုးလက်ကိုင်က ပူ လွန်း၍ မကိုင်နိုင်။ မီးဖိုဘေးမှ လက်နှီးကို ရှာသည်။ အလွယ်တကူမတွေ့ ကြက်ဥ ကြော်အိုးက မီးခိုးတွေထလာသည်။ မွှေး သော အနံ့က ခါးသော တူးခြစ်သော အနံ့ ထွက်လာသည်။ ဝင်းဝါနေသော ကြက်ဥ ကြော်က နီရောင်သန်းလာသည်။ အနား လေးများက မည်းလာသည်။ ဒယ်အိုးကို မီးဖိုပေါ်မှ ချလိုက်သောအချိန်မှာ ကျွန် တော့်လက်ရာ ကြက်ဥကြော်သည် မီးသွေး ခဲအပြားကြီးလို ဖြစ်နေလေပြီ။ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနှင့် ကြက်ဥကြော်လိုက်သော ကျွန်တော်လည်း သားကြီးကိုလက်ဆွဲ၍ ကားလေးမောင်းပြီး အိမ်မှထွက်ခဲ့ရသည်။ လမ်းထိပ်က တရုတ်ဆိုင်မှာ အသားကင်၊ အခေါက်ကင်ဝယ်ပြီး သားအဖနှစ်ယောက် ညစာကိုဖြေရှင်းလိုက် ရပါတော့သည်။ ကျွန်တော့်ဇနီးက ပြောပါသည်။ ကြက်ဥကြော် တူးသောအနံ့ရသည်။ သူကလည်း ခေါင်းမထူနိုင်၊ တူးခြစ်နေ သော အနံ့က ဆိုးလှသည်။ နေမကောင်း သော သူ့မှာ ခေါင်းကို ခေါင်းအုံးနှင့် ဖိထားလိုက်ရသည်ဟု ဆိုသည်။

အဖျားကျပြီးနောက်နေ့မှစ၍ ကြက်ဥ ကြော်တူးနေသော ဒယ်အိုးကိုသုံးလေးရက် ရေစိမ်ထားရသည်။ ပြီးနောက် ဒယ် အိုးမှာ ကပ်နေသော ကြက်ဥကြော်ချိုး ကပ်ကို တိုက်ချွတ်ရသည်က သုံးလေးရက် ကြာသည်ဟု ချီးမွန်းပါသည်။ ကျွန်တော်၏ ကြက်ဥ ကြော်ဇာတ်လမ်းကို လည်း တွေ့သမျှအသိမိတ် ဆွေတိုင်းကို ပြောပြတတ်ပါသည်။ တစ်ခုတော့ ကောင်းပါသည်။ ထိုအချိန် ထိုအခါက အသက် သုံး ဆယ်မကျော်မီ ကြက်ဥကြော် အတွေ့ အကြုံရပြီးနောက် ယခု အသက် ၈ဝ ကျော်လာသည်အထိ မီးဖိုချောင် အလုပ်ဆို၍ ဘာတစ်ခုမှ ဝင်ကူရသော အခွင့်အ ရေး မရခဲ့တော့ပါချေ။ ထို့ကြောင့် ကျွန်တော်ကြေ<ွကးကြော် ရပါသည်။နာမည်သာ ဆိုးတာ လူသက်သာတယ်ဟူ၍။ နာမည်ဆိုးပြီး လူသက်သာသော ကျွန်တော်၏ ပတ်ဝန်းကျင်မှာ နာမည် ကောင်းရပြီး လူ မသက်သာသူတွေ ရှိ သည်။

ကျွန်တော့်ဇနီးမှာ မွေးချင်းညီအစ်မ နှစ်ယောက်သာရှိ၏။ သူ့ ညီမ၏ ခင်ပွန်းကျွန်တော့်၏ မယားညီအစ်ကိုသည် လွန်တော်၏။ ကျွန်တော့်လို မဟုတ်။ဈေးဝယ်ဖို့ ဝါသနာပါ၏။ ဟင်းချက် ဝါသနာပါ၏။ ဝါသနာပါရာမှာပင် ဖွယ် ဖွယ်ရာရာ ဟင်းရံများလည်း စီစဉ်တတ်သော အဆင့်ရှိသူ ဖြစ်၏။ကျွန်တော့်ခယ်မက အလွန် ချေးများ သူဖြစ်၏။ ကြက်သားဟင်းဆိုလျှင် မွေးမြူရေးကြက်ကို မစား။ ဗမာကြက်မှ စား၏။ မွေးမြူရေး ကြက်သားက အရသာ မရှိ။ ဖွယ်တယ်တယ်၊ ပွတတ၊ အဝတ်ဖတ် ဝါးရသကဲ့သို့ ဖြစ်သည်ဟုဆို၏။ ထို့ကြောင့် ကျွန်တော့် မယားညီ အစ်ကိုက ကိုယ်တိုင်ဈေးသွားသည်။ သူ့ ဇနီးအတွက် ဗမာကြက်ဝယ်သည်။ ဗမာ ဟင်းချက်နည်းနှင့် ချက်ပေးသည်။ သူနှင့် ကလေးများအတွက် အများစားဖို့ မွေးမြူရေးကြက်ကိုဝယ်သည်။ အများစာ တစ်အိုးချက်သည်။ ဤမျှ စိတ်ရှည်သော ဟင်းချက်ဝါသနာပါသောသူသည် ကျွန်တော် ၏ မယားညီအစ်ကိုအဖြစ်အနားမှာ ရှိနေ သည်။ ထို့ထက် ရင်းနှီးသူရှိသေး၏။ တစ်မိ တည်းဝမ်းမှ ဖွားသော တစ်အူထုံ့ဆင်း ညီ အစ်ကိုအရင်း ရှိသည်။ ကျွန်တော့်ထက် နှစ်နှစ်သာကြီးသော ကျွန်တော့်အစ်ကို။

သူသည် ကျွန်တော်နှင့် ဆန့်ကျင် ဘက်။ စိတ်ရှည်သည်။ စကားနည်းသည်။ မီးဖိုချောင်ကိစ္စ စိတ်ဝင်စားသည်။ ကိုယ် တိုင်ဈေးသွားသည်။ ကျွန်တော့် မရီးထက် အစ်ကိုက ဟင်းချက်လက်ရာ ကောင်းသည်ဟု ဆို၏။ တစ်နေ့သောအခါ ကျွန်တော်တို့ နှစ် ယောက်သူတို့ အိမ်ရောက်သွားသောအခါ အစ်ကိုမရှိ၊ ဈေးသွားနေသည်ဟုဆို၍ မရီး ဖြစ်သူနှင့် ကျွန်တော်တို့ စကားပြောနေခဲ့ ကြသည်။ မကြာမီ ကျွန်တော့်အစ်ကိုဈေးမှ ပြန်လာသည်။ လင်မယားနှစ်ယောက် သားလေးတစ် ယောက်တည်းမိသားစုအတွက် ငါးသလောက် အကောင်လိုက် လက်ကဆွဲလာသည်။ ကျွန်တော်တို့ကို နှုတ်ဆက်ရင်း တစ် ဆက်တည်း သူ့ဇနီးကို ပြောလိုက်သည်။ ”မစိမ့်ရေ လတ်လတ်ဆတ်ဆတ် ငါးသလောက် အရွယ်တော်ရလို့ ဝယ်လာခဲ့ တယ်။ ဘယ်လို ချက်မလဲ၊ ဘယ်လိုတုံး မလဲ” ဟု မေးသည်။ ”ခေါင်းနဲ့ အမြီးပိုင်း ကို ရေစပ်စပ်ချက်ပြီး ကိုယ်ထည်ကို တစ်ဝက်ပေါင်း တစ်ဝက်ကြော်ရကောင်းမလား” ဟု တိုင်ပင်သလို အကြံပြုသလို စကားကြီး ဆယ်ခွန်းထဲ မပါသောနည်းနှင့် ပြောလိုက်သည်။ အစ်ကိုက အိုကေဟု ပြောလိုက်သည်။ ထိုအခါ ကျွန်တော်က ပညာမဲ့သူပီပီ မေးလိုက်မိသည်။ ငါးသလောက်ပဲ ဘယ်လို တုံးရတာ လဲဟု မေးလိုက်သောအခါ မသက်ဆွေက ဝင်ရှင်းသည်။ ”ငါးသလောက်ကို ပေါင်းရင် ဝမ်း ဗိုက်သား အတုံးကြီးကြီးတုံးရတယ်။ ကြော် ရင် လက်သန်းလောက်ပါးပါး အကွင်း လိုက် တုံးရတယ်။ ဟင်းချက်ရင် အရွယ်တော်လေးတွေ တုံးရတယ်”ဟု ပညာရှင် စကားဆိုပါလေတော့သည်။ သည်လိုဆိုတော့လည်း ကြက်ဥကြော် ကိုပင် အဖြစ်ရှိအောင် မကြော်တတ်သော ကျွန်တော်က နာမည်သာဆိုးပေမယ့် လူ သက်သာလှပါလားဟုတွေးရင်း ပြုံးနေမိ ပါတော့သည်။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*