ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက် ဦးစီး၍ ဇာတ်ညွှန်းရေးသားနည်းအခမဲ့သင်ကြားပေးသွားမည်

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက် ဦးစီး၍ ဇာတ်ညွှန်းရေးသားနည်းအခမဲ့သင်ကြားပေးသွားမည်
May 18, 2017 Asian Fame

11:51 am
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက် ဦးစီး၍ ဇာတ်ညွှန်းရေးသားနည်းအခမဲ့သင်ကြားပေးသွားမည်

အိမ်စည်
ရန်ကုန်၊ မေ ၁၂

ဇာတ်ညွှန်းရေးသားနည်း သင်တန်းတက်ရောက်လိုသူများအတွက် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆွေဇင်ထိုက်မှ ဦးစီး ၍ အခမဲ့သင်ကြားပေးသွားမည် ဖြစ်သည်။ အဆိုပါ ၁/၂ဝ၁၇ ဇာတ်ညွှန်း သင်တန်းကို မေလ ၉ ရက်မှ စတင်ပြီး ဇွန်လ ၁ဝ ရက်အထိ ဝင်ခွင့်လျှောက်လွှာများကို လက်ခံပေးမည်ဖြစ်ပြီး လျှောက်လွှာများကို ပဲန်မြန်မာစင်တာရုံးခန်းတွင် ဖြစ်စေ၊ PEN Myanmar Page တွင်ဖြစ်စေ၊ EN Myanmar Group မှာဖြစ်စေရယူနိုင်မည် ဖြစ်သည်။

သင်တန်းကာလမှာ သုံးလတာကြာမြင့်မည်ဖြစ်ပြီး သင်တန်းချိန်မှာ မနက် ၁ဝ နာရီမှ ၁၂ နာရီ အထိဖြစ်သည်။ သင်တန်းတက် ရောက်ရမည့်ရက်များမှာ စနေ၊ တနင်္ဂနွေ နှစ်ရက်ဖြစ်ပြီး တစ်ပတ် ခြားတစ်ခါ တက်ရောက်ရမည် ဖြစ်သည်။ သင်တန်းကို ဇွန်လ ၁၇ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ ဇာတ်ညွှန်းရေးသားနည်းကို စိတ်ပါဝင်စားသူများအနေဖြင့် မည်သူမဆိုလွတ်လပ်စွာ လျှောက်ထားနိုင်ပြီး သင်တန်းကြေးအခမဲ့ ဖြစ်ပါသည်။ အသေးစိတ်ထပ်မံ သိရှိလိုပါက ပဲန်မြန်မာစင်တာသို့ အီးမေးလ် penmyanmar­center @gmail.com သို့ဖြစ်စေ၊ ဖုန်း ဝ၉-၇၈ဝ၅၉၂၉၁၃ သို့ဖြစ်စေစုံစမ်း မေးမြန်းနိုင်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*