ထိုင်းနိုင်ငံတွင် facebook အသုံးပြုမှု တားမြစ် ပိတ်ပင်မှုဟု ကြေညာမှု ထိုင်းအစိုးရ ပြန်လည် ရုပ်သိမ်း

ထိုင်းနိုင်ငံတွင် facebook အသုံးပြုမှု တားမြစ် ပိတ်ပင်မှုဟု ကြေညာမှု ထိုင်းအစိုးရ ပြန်လည် ရုပ်သိမ်း
May 17, 2017 Asian Fame

10:38 am
ထိုင်းနိုင်ငံတွင် facebook အသုံးပြုမှု တားမြစ် ပိတ်ပင်မှုဟု ကြေညာမှု ထိုင်းအစိုးရ ပြန်လည် ရုပ်သိမ်း

Thaifacebook(ဘန်ကောက်၊ မေ ၁၆)

တော်ဝင်မိသားစုကို အသရေဖျက်ရာရောက်သည့် facebook အကောင့်များကို မဖယ်ရှားပေးလျှင် ထိုင်းနိုင်ငံတွင် facebook အသုံးပြုနေခြင်း ကို တားမြစ်ပိတ်ပင်မည်ဟု ကြေညာထားခြင်းကို ထိုင်းအစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

ယနေ့နံနက် ၁၀ နာရီနောက်ဆုံးထား၍ ထိုင်းနိုင်ငံတော်ဝင် မိသားစု၏ ဂုဏ်သရေကို ဖျက်ဆီးရာရောက်သည့် ပုံများနှင့် စာများတင်ထား သည့် facebook အကောင့် ၁၃၁ ခုကို facebook မှ မဖယ်ရှား မဖြုတ်ချပေးပါက ထိုင်းနိုင်ငံ တွင် facebook အသုံးပြုနေခြင်းကို တားမြစ်ပိတ်ပင်မည်ဟု ကြေညာထားကြောင်း ထိုင်းနိုင်ငံ ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည်။

သို့ရာတွင် အဆိုပါ အသရေဖျက်သည့် အကောင့်များကို တရားဝင် အရေးယူနိုင်ရန် အတွက် ထိုင်းနိုင်ငံ တရားရေးဌာနသို့ ရုံးမိန့်တောင်းခံ ထားရာဝယ် အကောင့် ၃၄ ခုအတွက် ရုံးမိန့်ကျပြီး ကျန် အကောင့် ၉ ၇ ခုကိုမူ တရားရေးဌာနထံမှ အမိန့်ရရန် ဆက် လက်စောင့် ဆိုင်းနေရကြောင်း ထိုင်းနိုင်ငံ ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် တာကွန် တန်တာဆစ်က သတင်းထောက်များအား ယနေ့ မွန်းလွဲပိုင်းကပြောကြားသည်။

သို့ရာတွင် ဥပဒေကြောင်း ဆိုင်ရာ သတင်း အချက်အလက် များကို facebook သို့ တရားဝင် မပို့ရသေးကြောင်း ထိုင်းနိုင်ငံ အမျိုးသား သတင်း ထုတ်လွှင့်ရေးနှင့် ဆက်သွယ်ရေးကော်မရှင် ထံမှသိရပါသည်။ facebook စာမျက်နှာများကိုလည်း ယခုထက်တိုင် ဆက်လက် အသုံးပြု၍ ရနေပါသေးသည်။

”Facebook ဟာ ထိုင်းအစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်မှာပါ”ဟုလည်း မစ္စတာ တာကွန်က သတင်းထောက်များအားပြောပါသည်။

PN002
Ref: Thailand backs off lese-majeste Facebook ban threat

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*