အကြမ်းဖက်သမား အသည်းကို ဆားနှင့် တို့စားပြမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေ ပြော

အကြမ်းဖက်သမား အသည်းကို ဆားနှင့် တို့စားပြမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေ ပြော
April 26, 2017 Asian Fame

11:54 am
အကြမ်းဖက်သမား အသည်းကို ဆားနှင့် တို့စားပြမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေ ပြော

Phillippine-President-Duterte( မနီလာ၊ ဧပြီ ၂၅)

စကားပြောဆိုရာတွင် ရမ်းရမ်း ကားကားနှင့် ကြွားလုံး ထုတ်တတ်သော ဖိလစ်ပိုင်သမ္မတ ဒူတာတေက အကြမ်းဖက် သမား၏ အသည်းကို စားမည်ဟု ပြောလိုက်ပြန်ပြီ ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင် တပ်ဖွဲ့များနှင့် မွတ်ဆလင် အစွန်းရောက် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အဘူဆေယက်ဖ် အုပ်စု တို့ တိုက်ပွဲ ဖြစ် ပွာြး ပီးနောက် ယင်းအဖွဲ့မှ အကြမ်းဖက် သမားများကို ရည်ညွှန်း၍ သမ္မတ ဒူတာတေက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

”ဆားနဲ့ အချဉ်ရည်လေးပဲပေး အဲဒီ အကြမ်းဖက်ကောင် ရဲ့အသည်းကို ကျုပ်စားပြမယ်”ဟု ဒူတာတေ ကပြောသည်။

ယခုလ စောစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ အတွင်းဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် ၁၀ ဦးကို အသေဖမ်းမိခဲ့သော်လည်း၊ သုံးဦးထက် မနည်း ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

သမ္မတဒူတာတေ အာဏာ ရရှိပြီးနောက်ပိုင်းတွင် မူးယစ်ဆေးသမား များကို အထူး နှိမ်နင်းခဲ့ရာ ပထမ ၆ လ အတွင်းတွင်ပင် မူးယစ်ဆေး ရောင်းဝယ်သူ၊ သုံးစွဲသူ ခြောက်ထောင်ထက် မနည်းကို သတ်ဖြတ်အပစ်ပေးခဲ့သည်။

”အကြမ်းဖက် ကောင်တွေဆိုတာ တိရိစ္ဆာန်တွေပဲ။ ကျုပ်ကို တိရိစ္ဆာန်လို လာလုပ်ရင် ကျုပ်က သူတို့ထက် အဆ ၅၀ လောက် ပိုကြမ်းလို့ရတယ်” ဟု လည်း ဒူတာတေက အကြမ်းဖက်များနှင့် ပတ်သက်၍ ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့ပါသေးသည်။

PN-002
Ref:Philippine President Rodrigo Duterte says he would eat a terrorist’s liver

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*