မျိုးသုဉ်းမည့် အန္တရာယ်မှ ကာကွယ်ထားရသည့် ရွှေသမင်များကို အမဲလိုက်မှုများကြောင့် အကောင်ရေ လျော့ကျနေဖွယ်ရှိ

မျိုးသုဉ်းမည့် အန္တရာယ်မှ ကာကွယ်ထားရသည့် ရွှေသမင်များကို အမဲလိုက်မှုများကြောင့် အကောင်ရေ လျော့ကျနေဖွယ်ရှိ
May 17, 2017 Asian Fame

3:03 pm
မျိုးသုဉ်းမည့် အန္တရာယ်မှ ကာကွယ်ထားရသည့် ရွှေသမင်များကို အမဲလိုက်မှုများကြောင့် အကောင်ရေ လျော့ကျနေဖွယ်ရှိ

deer 3

ဝေရှိုင်းကျော်
ရန်ကုန်၊ မေ ၁၅

ချပ်သင်းတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအတွင်းရှိ ရွှေသမင်များနှင့် အခြားတောရိုင်း တိရစ္ဆာန်များသည် ဒေသခံများ၏ အမဲလိုက်ခြင်းဒဏ်များ ကြုံတွေ့နေရကြောင်း အဆိုပါ ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမင်းဆွေက ပြောသည်။ ဒေသခံများက ထောင်ကွင်း၊ ကျော့ကွင်းများကို အသုံးပြုပြီးအမဲ လိုက်နေမှုများကြောင့် ရွှေသမင် များ၏ အကောင်ရေ တိုးလာမှုကို လျော့နည်းလာနိုင်စေကြောင်း ၎င်းက ထပ်မံသုံးသပ်ပြောကြားသည်။

”မုဆိုးတွေတော့ ဖမ်းမိတာတွေ မရှိသေးဘူး။ သူတို့ထောင်ထားတဲ့ ကျော့ကွင်းတွေတော့ ခဏခဏ မိပါတယ်။ သေနတ်သံကြားလို့ သွားလိုက်တဲ့အခါ လူတွေကတော့ မတွေ့တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကင်းလှည့်ပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ဦးမင်းဆွေက ပြောသည်။ ချပ်သင်း ဘေးမဲ့တော အတွင်း ရှိ ဒေသခံများက ၎င်းတို့  အခြေခံစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တူမီးသေနတ်၊ ထောင်ကွင်းနှင့် ကျော့ကွင်းတို့ကိုအသုံးပြုပြီး အမဲလိုက်ခြင်းဖြစ်ကြောင်း ချပ် သင်းဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

”တောကလည်း ကျယ်တယ်။ ဝန်ထမ်းအင်းအားကလည်း နည်းနေပါတယ်။ ဒါကြောင့် လုံခြုံရေးအားနည်းနေတာ ဖြစ်ပါတယ်”ဟု ဦးမင်းဆွေက ပြောသည်။ အဆိုပါ ဘေးမဲ့တောအတွင်း ယခင်နှစ်များက အမဲလိုက်သူများသည် ဝန်ထမ်းများကို ပြန်လည်ခုခံ နေမှုများရှိခဲ့ကြောင်း ချပ်သင်းဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ ”ဒီနှစ်မှာတော့ ဝန်ထမ်းတွေကို ပြန်လည်ခုခံတာ မရှိသေးပါဘူး” ဟု ဦးမင်းဆွေက ပြောသည်။

ချပ်သင်းတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောသည် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘ လူမြို့နယ်တွင် တည်ရှိပြီး ဧရိယာ မှာ ၆၆၅၆ဝ ဧက ကျယ်ဝန်း၍ စတုရန်းမိုင်အားဖြင့် ၁ဝ၄ စတု ရန်းမိုင်အကျယ်အဝန်းရှိသည်။ အဆိုပါ ဘေးမဲ့တောအတွင်းရှိ ကျေးရွာ (၃) ရွာနှင့် ဘေးမဲ့တော ပတ်ဝန်းကျင်တွင် ကျေးရွာ ၃၆ ရွာ၊ စုစုပေါင်းကျေးရွာ ၃၉ ရွာရှိ ကြောင်း သယံဇာတနှင့် သဘာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ သိရသည်။

မြန်မ့ာဒေသရင်း ရွှေသမင် သည် ၁၉၉၄ ခုနှစ်တွင် ထုတ်ပြန် ထားသည့် ပြည်ထောင်စု မြန်မာ နိုင်ငံအတွင်း မျိုးသုဉ်းမည့် အန္တ ရာယ်မှ ကာကွယ်ရမည့် တောရိုင်း တိရစ္ဆာန်များ စာရင်းအရ လုံးဝကာကွယ်ထားသည့် နို့တိုက်သတ္တ ဝါများဖြစ်သည်။ ချပ်သင်းဘေးမဲ့တောနှင့် ရွှေ သမင် ထိန်းသိမ်းရေးလုပ်ငန်းများ ကို ယခင်နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင်နေသော အမေရိကန်ပြည်ထောင်စု၊ Smithsonian Institution(SI) အဖွဲ့နှင့် ပူးပေါင်း၍ ချပ်သင်းဘေးမဲ့တောအပါအဝင် သမင်တို့၏ နေရင်းဒေသများကို စီစဉ်ဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ သိရသည်။

လက်ရှိတွင် SI ၏အကူအညီ ဖြင့် သမင်ကျက်စားရာ ဒေသများသို့ ကွင်းဆင်း၍ အချက်အလက်များစုဆောင်းခြင်း၊ နိုင်ငံအဆင့် ရွှေသမင်ထိန်းသိမ်းရေးစီမံချက် ရေးဆွဲနိုင်ရေးတို့ကို ဆောင်ရွက်နေသည်။ ထိုနည်းတူ ချပ်သင်းဘေးမဲ့ တောနှင့် ရွှေသမင်ထိန်းသိမ်းရေး ကိုဒေသခံများ ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်ရေး၊ ဗြိတိန်နိုင်ငံအခြေစိုက် Indo-Myanmar Conservation (IMC) နှင့် ပြည်တွင်း NGO ဖြစ်သည့်တောရိုင်းတိရစ္ဆာန် မိတ်ဆွေများအသင်း (Friends oF Wildlife-Fow) တို့နှင့် ပူးပေါင်း၍ဆောင်ရွက်နေကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*