ရေကြီးရေလျှံမှုကြောင့် ဧရာဝတီတိုင်း အတွင်းရှိ စာသင်ကျောင်း ၁၀၀ ကျော် ပိတ်ထားရ

ရေကြီးရေလျှံမှုကြောင့် ဧရာဝတီတိုင်း အတွင်းရှိ စာသင်ကျောင်း ၁၀၀ ကျော် ပိတ်ထားရ
July 21, 2017 Asian Fame

5:14 pm
ရေကြီးရေလျှံမှုကြောင့် ဧရာဝတီတိုင်း အတွင်းရှိ စာသင်ကျောင်း ၁၀၀ ကျော် ပိတ်ထားရ

20228547_1932015517052019_7232322543910969437_n(ရန်‌ကုန်‌၊ဇူလိုင်‌ ၂၁)

ဧရာဝတီမြစ်ရေလျှံမှုကြောင့် ဧရာဝတီတိုင်း အတွင်းမှာရှိတဲ့ စာသင်‌ကျောင်း‌ပေါင်း ၁၀၆‌ကျောင်း ကို  ပိတ်‌ထားရတယ် လို့ တိုင်း‌ဒေသကြီး ပညာ‌ရေး၊ ဦးစီးအရာရှိ ‌ဒေါ်နှင်းနုဝင်း က‌ပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။

စာရင်းဟာ ဆိုရင် ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ထိရရှိထားတဲ့ နောက်ဆုံးစာရင်းဖြစ်ပါတယ်။

“‌ရေ‌ကြီး‌နေတဲ့ မြို့ ၁၀မြို့က အထက်‌တန်း၊ အလယ်‌တန်းနဲ့ မူလတန်း‌ကျောင်း‌တွေ ပိတ်‌ထားတာပါ။ စာသင်‌‌ကြားဖို့ မဖြစ်‌နိုင်‌‌တော့လို့ ပိတ်‌ထား ရတာပါ။ ဇူလိုင်‌ ၁၇ရက်‌ကစပြီး ‌ရေကြီးတဲ့‌မြို့က ‌ကျောင်း‌တွေကို ပိတ်‌ရာက ဒီ‌နေ့ထိဆို‌ကျောင်း‌ပေါင်း ၁၀၆‌ကျောင်း ရှိ‌နေပါပြီ “လို့ သူက ဆိုပါတယ်။

‌ရေကြည်‌ ၊ကြံ့ခင်း၊ ဇလွန်‌ ၊ဟသာင်္တ ၊မြန်‌‌အောင်‌ ၊‌လေးမျက်‌နှာ ၊အင်္ဂပူ ၊‌ညောင်‌တုန်း ၊ဓနုဖြူနဲ့ ပန်းတ‌နော် စတဲ့ မြို့ ၁၀ မြို့မှာ ရှိတဲ့ ကျောင်းတွေဖြစ်ပါတယ်။

အင်္ဂပူမြို့မှာ ၃၄‌ကျောင်း၊ဇလွန်‌မြို့မှာ ၂၈‌ကျောင်း ၊‌ညောင်‌တုန်းမြို့မှာ ၁၂‌ကျောင်း ၊မြန်‌‌အောင်‌မြို့မှာ ၁၁‌ကျောင်းနဲ့ ကျန် မြို့ ၆ မြို့က စာသင်ကျောင်း စုစုပေါင်း ‌ ၂၁‌ကျောင်းကိုပိတ်ထားရတာဖြစ်ပါတယ်။

“‌ရေကျသွားရင်‌ တော့ပြန်‌ဖွင့်‌မယ်‌။လာမယ့် ၂၇ရက်‌နေ့ ၊၂၅ရက်‌နေ့ နဲ့ ၈လပိုင်း၁ရက်‌‌နေ့မှာ ပြန်ဖွင့်‌မယ်‌ဆိုပြီး ‌ပြောတဲ့‌ ‌ကျောင်း‌တွေလဲ ရှိတယ်‌”လို့ ဒေါ်နှင်းနုဝင်းက ဆိုပါတယ်။

လက်‌ရှိ ဧရာဝတီမြစ်‌‌ရေမြင့်‌တက်‌မှုမှာ ကျဆင်းသွားပြီဖြစ်ပေမယ့် ဒီ မြို့ ၁၀ မြီု့ထဲက ရေတွေ ပြန်‌မကျ‌‌သေးဘူးလို့ သူကဆိုပါတယ်။

မိုးရွာသွန်းရင် ရေပြန်တက် လာတာကြောင့်လည်း စာသင်ကျောင်းတွေကို ပြန်‌လည်‌ မဖွင့်ပေးနိုင်သေးတာဖြစ်တယ် လို့သိရပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*