ဗိုလ်အောင်ဒင် သီချင်းခေါင်းစဉ်ကိစ္စ ရှင်းပြီ

ဗိုလ်အောင်ဒင် သီချင်းခေါင်းစဉ်ကိစ္စ ရှင်းပြီ
April 26, 2017 Asian Fame

11:14 am
ဗိုလ်အောင်ဒင် သီချင်းခေါင်းစဉ်ကိစ္စ ရှင်းပြီ

Bo Aung Din

ရဲရဲ
ရန်ကုန်၊ ဧပြီ ၂၅

တေးရေး သဟာအောင် ရေးသား၍ အဆိုတော် မနော သီဆို အောင်မြင်ခဲ့သည့် ဗိုလ်အောင်ဒင် သီချင်းခေါင်းစဉ်နှင့် ပတ်သက်၍ ဗိုလ်အောင်ဒင်နာမည်ကို မူရင်း ဖန်တီးသူ ဒါရိုက်တာ ရွှေဒုံးဘီ အောင်၏ မိသားစုဝင်များနှင့် တွေ့ဆုံညှိနှိုင်းပွဲကို ဧပြီလ ၂၅ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)တွင် ပြု လုပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ညှိနှိုင်းမှုမှာ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ မိသားစုဝင်များအနေဖြင့် စိတ်ဆိုးခြင်းကြောင့်မဟုတ်ဘဲ ခေါင်းစဉ်နှင့် ပတ်သက်၍ အသိပေးစေ၊ သိစေလိုခြင်း ကြောင့် ဖြစ်သည်ဟုလည်း ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ မြေးတော်စပ်သူ ဒေါ်ခင်သန့်စင်အောင်က ပြောသည်။

”ဒီ ဗိုလ်အောင်ဒင် ရုပ်ရှင်က တစ်ခေတ်တစ်ခါက ပရိသတ်ရင်ထဲကို ရောက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဘဘရွှေဒုံးဘီအောင်ရဲ့ ဒီဗိုလ်အောင်ဒင် နာမည်ကို သဟာအောင်က ဗိုလ်အောင်ဒင်လို လူကြမ်းဆိုပြီး ရေးလိုက်တယ်။ ပရိသတ်ကြားမှာလည်း အောင်မြင်သွားပါတယ်။ ဒါကို ဝမ်းသာပါတယ်။ အဆိုရော၊ အရေးရော ကောင်းတဲ့အတွက် သဘောကျပါတယ်။ နောက်ပိုင်းမှာကျတော့ တဖြည်းဖြည်း ဗိုလ်အောင်ဒင်ကို အသုံးချလာတာလေးတွေ တွေ့လာလို့ ဂီတအစည်းအရုံးကို အကြောင်းကြားတာပါ။ သဟာအောင်ကလည်း သူမသိတဲ့အတွက် သုံးစွဲမိတာပါ၊ တောင်းပန်ပါတယ်တဲ့။ အန်တီတို့ကလည်း ကျေနပ်ပါတယ်။ သတင်းစာမှာလည်း တောင်းပန်စာ ထည့်ပေးဖို့ ပြောပါတယ်” ဟု ဒေါ်ခင်သန့်စင်အောင် က ပြောသည်။

”ကျွန်တော်တို့က လူငယ်တွေဖြစ်တဲ့အခါ ဒီနာမည်ကို သိပေမယ့် ရင်းမြစ်ကိုတော့ လက်လှမ်းမမီပါဘူး။ ရေးတဲ့အခါမှာလည်း ဒီဗိုလ်အောင်ဒင်ဆိုတဲ့ နာမည်က ကျွန် တော်တို့ သူငယ်ချင်း တစ်ယောက်ကို ခေါ်တဲ့နာမည်ကို အမှတ်ရပြီး ရေးလိုက်တာပါ။ ဆရာကြီးကို စော်ကားလိုစိတ်မရှိပါဘူး။ မသိလို့ ရေးမိတာ အခုသိပြီဖြစ်တဲ့အ တွက် ကာယကံရှင်တွေ ကျေနပ်အောင် ဆောင်ရွက်ပေးမှာပါ။ နောက်ကိုလည်း ဆင်ခြင်ပါ့မယ်” ဟု တေးရေးသဟာအောင်က သူရေးသားခဲ့သော ဗိုလ်အောင်ဒင် သီချင်းနှင့်ပတ်သက်၍ ပြောသည်။ တေးရေး သဟာအောင် အနေဖြင့် ဗိုလ်အောင်ဒင်နာမည် နှင့် ပတ်သက်၍ တောင်းပန်စာကိုလည်း ငါးရက်အတွင်း သတင်း စာများမှ ထည့်သွင်း တောင်းပန်သွားမည်ဟုလည်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*