မြိတ်ကျွန်းစုကို မြန်မာ့အထင်ကရခရီးသွားဒေသအဖြစ် အထူးမြှင့်တင်မည်

မြိတ်ကျွန်းစုကို မြန်မာ့အထင်ကရခရီးသွားဒေသအဖြစ် အထူးမြှင့်တင်မည်
February 3, 2017 Asian Fame

4:03 pm
မြိတ်ကျွန်းစုကို မြန်မာ့အထင်ကရခရီးသွားဒေသအဖြစ် အထူးမြှင့်တင်မည်

Myeik Kyun Su (Tavel) copy

ဖြိုးထက်အောင်
ရန်ကုန်၊ ဇန်နဝါရီ ၂၇

မြိတ်ကျွန်းစုကို မြန်မာနိုင်ငံ၏အထင်ကရ ခရီးသွားဆွဲဆောင်မှုနေ ရာအဖြစ် ယခုနှစ်အတွင်းအထူးမြှင့် တင် ဆောင်ရွက်သွားမည်ဖြစ်ေ ကြာင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနက ပြောသည်။

”လတ်တလောမှာ  ဦးစားပေးအနေ နဲ့ ပရိုမိုးရှင်းလုပ်ကို လုပ်ရမှာရှိပါတယ်။  မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေး၊ အင်း လေး စတာတွေ က လူသိများပြီးသား တွေ။ နောက်ထပ်အလားအလာရှိတဲ့ နေရာကို ရွေးချယ်တဲ့အခါကျတော့ ငြိမ်းချမ်းရေးနဲ့လည်း အန္တရာယ်ကင်း ရှင်းရမယ်။ ခရီးသွားဧည့်သည်တွေ အားလုံးလည်း စိတ်ဝင်စားနိုင်ရမယ်။ လူသူမရောက်ဖူးသေးတဲ့ အသစ်တစ်ခု ကို ဖော်ထုတ်တာဖြစ်ေ အာင်လို့ မြိတ် ကျွန်းစုကို ရွေးချယ်ထားပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့် သွင်က   ပြောသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ မှ၂ဝရက် နေ့အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ သော အာဆီယံခရီးသွား လုပ်ငန်းဖိုရမ် ၂ဝ၁၇ တွင်လည်း   မြန်မာနိုင်ငံမှ ခရီး သွားဆွဲဆောင်မှုအသစ်အဖြစ် မြိတ် ကျွန်းစုကို မိတ်ဆက်တင်ပြခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင် သန်းဝင်းက ဆိုသည်။

”ပထမဆုံးကျွန်မတို့ ဝန်ကြီးဌာန အနေနဲ့ Fan Trip တွေဖိတ်ခေါ်မယ်။  မီဒီယာတွေ၊Travel Agent  တွေကို  အဲဒီဒေသကိုဖိတ်ခေါ်ပြ သမယ်။  ဘာပဲ ပြောပြော တစ်ဆင့်စကား တစ်ဆင့်နား နဲ့ နိုင်ငံတကာက သိသွားပြီဆိုရင်တော့ ပိုပြီးတိုးတက်မှာပေါ့။ အင်တာနက်  ဝက်ဘ်ဆိုက်တွေမှာလည်း ကြေညာ မယ်။ Tour Program  တွေလည်း ရောင်း ချသွားပါမယ်” ဟု ၄င်းက ပြောသည်။

မြိတ်ကျွန်းစု ခရီးသွားမြှင့်တင်ရေး ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ကာ အဆိုပါ ကော်မတီက ခရီးသွား မြှင့်တင်ရေးကိစ္စများကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြိတ်ကျွန်းစုသည် တနင်္သာရီတိုင်း ကော့သောင်းခရိုင်အတွင်း၌ တည်ရှိပြီး ကျွန်းပေါင်း ၈ဝဝကျော် ရှိရာ ကျွန်းစု များ၏ ရေပေါ်ရေေ အာက်၌ သန္တာ ကျောက်တန်း မျိုးစိတ် ၅၈ မျိုး၊ ခရု ကမာမျိုးစိတ် ၉ မျိုး၊ ငါးမျိုးစိတ် ၄၂ မျိုး၊ ငှက်မျိုးစိတ် ၂၂၈ မျိုးနှင့် နို့တိုက် သတ္တဝါ ၁၉ မျိုးတို့အပြင် သွေးနွေး၊ သွေးအေးသတ္တဝါ မျိုးစိတ်ပေါင်းများ စွာနေထိုင်ကြကြောင်း၊ ကျွန်းများ အနီး ရေအောက် သန္တာကျောက်တန်းများ ကြည့်ရှုခြင်း၊ ရေအောက်သတ္တဝါများ လေ့လာနိုင်ရန်Tour Program  ပြုလုပ် ခြင်း၊ ကယက်လှေလှော်ခြင်း၊ သဲသောင် ပြင်ပေါ် လမ်းလျှောက်ရင်း ရောင်စုံ ခရုများ ကောက်ခြင်း စသည်ဖြင့် အ ပန်းဖြေနိုင်ကြောင်း သိရသည်။

မြိတ်ကျွန်းစု အတွင်းသို့ ၂ဝ၁၅ ခု နှစ်တွင် စက်တပ်ရွက်လှေ ၃၉၆ စီးနှင့် ကမ္ဘာလှည့်ခရီးသွား ၃၂၇ဝ ဦး ဝင် ရောက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ စက်တပ် ရွက် လှေ ၃၂၅ စီးနှင့် ဧည့်သည် ၂၆၁ဝ ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*