သတင်းသမား အသတ်ခံရသော မက္ကဆီကို သတင်းစာ ထုတ်ဝေမှုရပ်နား

သတင်းသမား အသတ်ခံရသော မက္ကဆီကို သတင်းစာ ထုတ်ဝေမှုရပ်နား
April 5, 2017 Asian Fame

1:46 pm
သတင်းသမား အသတ်ခံရသော မက္ကဆီကို သတင်းစာ ထုတ်ဝေမှုရပ်နား

(မက္ကဆီကို၊ ဧပြီ ၄)

သတင်းသမားများ အကြမ်းဖက် ခံရမှုကို တာဝန်ရှိ အာဏာပိုင် များက အရေးယူ အပြစ်ပေးမှု အားနည်းခြင်းမှာ သတင်းစာများ ထုတ်ဝေခြင်းကို ဖိအားပေးရပ် တန့်ခြင်းနှင့် အတူတူ ပင်ဖြစ်သည် ဟုဆိုကာ မက္ကဆီကိုမှ  Norte de Ciudad Juarez  သတင်းစာက ပုံနှိပ် ထုတ်ဝေမှုကို ရပ်နားလိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ထုတ် ယင်းသတင်းစာ၏ အယ်ဒီတာ့ အာဘော်အရ ယခု သတင်းစာသည် နောက်ဆုံးပင် ဖြစ်ပြီး၊ အွန်လိုင်း သတင်းစာ မျက်နှာကိုလည်း မကြာ ခင်ပင် ရပ်တန့်မည် ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး အမှုများနှင့် အခြားပြစ်မှုများကို ကျူးလွန်သည့် လူဆိုးဂိုဏ်း တစ်ခု၏ သတင်းအား အသေးစိတ် စုံစမ်းကာ ရေးသားခဲ့ သည့် ယင်းသတင်းစာမှ သတင်း ထောက် မီရိုဆလာဗာ ဘရိခ်ျသည် လွန်ခဲ့သည့် တစ်လခန့်က မက္ကဆီ ကို နိုင်ငံ ချီဟွာဟွာမြို့တော်ရှိ သူ့အိမ်အနီး ရပ်ထားသော မော် တော်ကားပြင်ပတွင် သေနတ်ဖြင့် ရှစ်ချက် အပစ်ခံရကာ သေဆုံးခဲ့ သည်။ ထိုသို့သေနတ် ပစ်ခံရချိန် တွင် အသက် ၁ဝ နှစ်အရွယ် သူ့ သားငယ်သည် ကားထဲတွင်ရှိနေခဲ့ သော်လည်း သေနတ် ထိခိုက်မှုမရှိ ခဲ့ချေ။ ထိုသို့ ပစ်ခတ်ပြီးနောက် သေနတ် သမားက ‘အာချောင်ခြင်း အတွက်’ ဟူသည့် စာတစ်စောင်ရေးပြီး အလောင်းအနားတွင် ချထားခဲ့သည်။

”ဒါဟာ သတင်းသမားတွေ အတွက် လုံခြုံမှုကို သက်ဆိုင်ရာ အာဏာပိုင်တွေက အာမခံချက် မပေးနိုင်တာပါပဲ” ဟု Norte de Ciudad Juarez သတင်းစာမှ အယ်ဒီတာ တစ်ဦးက ပြောပါသည်။

ယခုအသတ်ခံ ရခြင်းသည် မက္ကဆီကိုနိုင်ငံတွင် မတ်လ အတွင်း တတိယမြောက် အသတ်ခံရသော သတင်းသမား ဖြစ်သည်။

၁၉၉၂ ခုနှစ်မှ ယနေ့အထိ မက္ကဆီကို နိုင်ငံတွင် လူဆိုးဂိုဏ်း  များနှင့် မူးယစ်ဆေးဝါး သတင်းများ ဖော်ထုတ် ရေးသားသဖြင့် သတင်း သမား ၃၅ ဦး အသတ်ခံခဲ့ရပြီး ဖြစ် ကာ ယင်းတို့ အနက်မှ ၂၅ ရာခိုင် နှုန်းခန့်မှာ ရက်စက်စွာ နှိပ်စက်ညှဉ်း ပန်းမှုများကိုပါ ခံခဲ့ရသေးသော်လည်း အာဏာပိုင်များ ဘက်မှ အရေးယူ အပြစ်ပေးမှုများ လွန်စွာအားနည်း ခဲ့သည်။ ထိုခုနှစ်များ အတွင်း အခြား သတင်းသမား ၅ဝဦး တို့သည် လည်း အသတ်ခံရမှုများ ရှိခဲ့ကာ မည်သည့် အတွက်ကြောင့် သေဆုံး ရသည်ကို မဖော်ထုတ်နိုင်ခဲ့ချေ။

PN002
Ref:Mexico newspaper stops printing after reporter shot dead

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*