ကျန်းမာရေးစနစ် နှင့် ကျန်းမာရေး အသုံးစရိတ်

ကျန်းမာရေးစနစ် နှင့် ကျန်းမာရေး အသုံးစရိတ်
March 24, 2017 Asian Fame

1:32 pm
ကျန်းမာရေးစနစ် နှင့် ကျန်းမာရေး အသုံးစရိတ်

Juan-ArticleWHO  ရဲ့ Health System Performance Index အရ ကျန်း မာရေး စောင့်ရှောက်မှု အကောင်း ဆုံးကနေ အဆိုးဆုံး တိုင်းပြည်ထိ အဖွဲ့ဝင်နိုင်ငံတွေကို အမှတ်စဉ်ချ လိုက်တဲ့အခါ ကမ္ဘာ့ အကောင်းဆုံး ဆရာဝန်၊ သမားတော်ကြီးများ စု စည်းရာလို့ လက်မထောင်နေတဲ့ အမေရိကန် ပြည်ထောင်စုဟာ နံ ပါတ်ဝမ်း တစ်၊ ဂဏန်းတစ်ပဲလို့ ထင်တစ်လုံး နဲ့ နေကြရာက တ ကယ်တမ်း မှာတော့ အဆင့် ၃၉ မှာသာ ရပ်တည် ရရှာတယ်။ ကျန်း မာရေးစနစ်ရဲ့ စွမ်းဆောင်ရည် အ ကောင်းဆုံး အဆင့်(၁)က ပြင်သစ် နိုင်ငံ၊ အဆင့်(၂)က အီတလီနိုင်ငံ၊ UK က အဆင့်(၁၈)၊ အာရှစီးပွား ရေးဘုရင် ဂျပန်ကတော့ အဆင့် (၁ဝ)ပါ။ ဝမ်းနည်းစရာကောင်းတာ က ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီဇယားမှာ အဆင့်(၁၉ဝ) ချိတ်ပါ တယ်။ သူ့နောက်မှာ ဘာကီယာဖူ ဆို တစ်နိုင်ငံသာ ကျန်ပါတော့ တယ်။ (အထင်သေးလွန်ပြီး ရမ်း ထည့်တဲ့ Data  တွေရယ်။ တိတိကျ ကျ ဘယ်လိုမှ မရနိုင်လို့ မှန်းထည့် တဲ့ Data တွေကြောင့် ဒီလောက် ဖြစ် ရတာပါ။ အမှန်တော့ Financial Contribution Component  တစ်ခုကလွဲရင် ဒီလောက် အခြေ အနေ မဆိုးပါ။)

ဒီလိုလည်း အဖြေထွက်ရော အရာရာ ငါသာ ပထမ လုပ်ချင်ကြ တဲ့ အန်ကယ်ဆမ်တို့ မစ္စတာ ယန်း ကီးတို့ လူစုဆွေ့ဆွေ့ခုန်အောင် မခံ မရပ်နိုင်ဖြစ်ကြပါတယ်။ ပြင်သစ်နဲ့ အင်္ဂလန်မှာ ဆရာဝန် တစ်ဦးရဲ့ တစ်နှစ် ပျမ်းမျှဝင်ငွေဟာ ဒေါ်လာ ခြောက်သောင်းသာ ရှိနေချိန်မှာ USA က ဆရာဝန် တစ်ဦးဟာ တစ် နှစ်ပျမ်းမျှဝင်ငွေ ဒေါ်လာ နှစ်သိန်း ကျော်ရှိပါတယ်။ ကျန်းမာရေး အ သုံးစရိတ်ကို ကြည့်ဦးမလား။ ပြင် သစ်နဲ့ အီတလီက ကျန်းမာရေးအ တွက် နိုင်ငံ့ GDP (Gross Domes-tic Product)  ရဲ့ ၉ ရာခိုင်နှုန်း၊  UK  က ၈ ရာခိုင်နှုန်း နီးပါးလောက်ပဲ သုံးနေချိန်မှာ USA က ကျန်းမာ ရေးအတွက် GDP ရဲ့ ၁၄ ရာခိုင် နှုန်းလောက်သုံးပြီး ဇောတိက ဇီဝက ဂိုက် ဖမ်းနေပါတယ်။ ဒါနဲ့တောင် ဒီလောက် အဆင့် ဖြစ်စရာလားဆို ပြီး ဒေါမနဿ ပွားကြတယ်လေ။ စူပါမက မက်ဂါ အင်အားကြီးများ ဆိုတော့ WHO အညွှန်းကိန်းဟာ မှန်ပုံမရဘူးလို့ ယူဆပြီး သူသြဇာ ညောင်းတဲ့ OECD ခေါ် စီးပွားရေး အကျိုးတူ ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ကို Health System Perfor-mance Index အသစ် တီထွင်ခိုင်းပြီး တစ်စင် ထောင်ပါလေရော။ OECD Index အရလည်း သူ့ရဲ့ကျန်းမာ ရေးစနစ် အဆင့် သတ်မှတ်ချက်ဟာ ဒုံးရင်းဒုံရင်းပါပဲ။ အလုပ်ပိုပြီး တစ် ရှက်ကနေ နှစ်ရှက် ဖြစ်ခဲ့ရတာသာ အဖတ်တင်ခဲ့တယ်။

ကမ္ဘာ့ထိပ်သီး ပါဝါ နိုင်ငံကြီး ကျန်းမာရေး စရိတ်တွေ ဒီလောက် သောက်သောက်လဲ သုံးစွဲပြီး ကျန်း မာရေးစနစ်က ဘာကြောင့်ထိပ်သီး  မဖြစ်ရတာတုန်း ဆိုတာ စိတ်ဝင်စား စရာပါပဲ။  US Health System Analysts များရဲ့ သုံးသပ်ချက်အနန္တ ထဲကအဓိက အကြောင်းကတော့ ကျန်းမာရေး စောင့်ရှောက်မှုကို အ စိုးရက တာဝန်လုံးဝမယူဘဲ ပုဂ္ဂလိ ကလက်ထဲ ဝကွက်အပ်ပြီး Privatization  လုပ်ထားလို့ ဒီလိုအဖြစ် ဆိုးရတာပါပဲတဲ့ ခင်ဗျ။

ခေတ်သစ် ဘောဂဗေဒရဲ့ ဂေါ့ ဖားသားကြီး အဒမ်စမစ်က ”အစိုးရ က အုပ်ချုပ်ရေးပိုင်း ကိုသာ တာဝန် ယူပါလေ။ စီးပွားရေး လုပ်ငန်းမှန် သမျှ လုပ်ငန်းရှင်တွေ စိတ်ကြိုက် လုပ်ပါစေ။ ဈေးကွက် ချိန်ခွင်လျှာ ကို မမြင်ရတဲ့လက် (Invisible Hands) တွေက သူ့အလိုလိုထိန်း ညှိပေးသွားလိမ့်မယ်” ဆိုတဲ့စကား ကို ဈေးကွက် စီးပွားရေး မာစတာ အန်ကယ်ဆမ် တို့က အင်မတန်နှစ် သက်သကိုး။ ဒါနဲ့ပဲ Health Care ကို ဈေးကွက် စီးပွားရေးပုံစံ လုပ်လို့ ဖြစ်ဖြစ် မဖြစ်ဖြစ် ဈေးကွက်ထဲ ဇွတ် ထည့်ပစ်လိုက်ကြတော့တာပေါ့။ ဒီမှာ မေးစရာ ရှိလာတာက…

ကျန်းမာရေးစောင့်ရှောက်မှု ဟာ ဈေးကွက်ဝင် ကုန်ပစ္စည်းလား။

အခြေခံ ဘောဂဒေသီအိုရီမှာ ဝယ်လိုအား (Demand)၊ ဈေးနှုန်း (Price)နဲ့ ဝင်ငွေ (Income) ပေါ် မူတည်ပြီး ဈေးကွက်ဝင် ကုန်ပစ္စည်း အမျိုးအစားကို လေးမျိုးလေးစားခွဲ ကြပါတယ်။

၁။ ပစ္စည်းဈေးနှုန်း(Price) ကြီးနေ ပြီး စားသုံးသူရဲ့ဝင်ငွေ(Income) က နည်းနေရင် အဲဒီပစ္စည်းကို ဝယ် လိုအားနည်းမယ်။ ပစ္စည်းဈေးနှုန်း ကျလာပြီး ဝင်ငွေကောင်း နေရင် တော့ ပစ္စည်းအပေါ် ဝယ်လိုအား ကောင်းလာမယ် ဆိုရင် အဲဒီလိုကုန် ပစ္စည်း အမျိုးအစားကို ပုံမှန်ကုန် ပစ္စည်း (Normal Goods) လို့ ခေါ် ပါတဲ့။ လူသုံးကုန်ပစ္စည်း အများစု ဟာ ဒီ ဃအေနါသမပ ထဲမှာ။

၂။ ပစ္စည်းဈေးနှုန်း တက်သည် ဖြစ်စေ၊ ကျသည်ဖြစ်စေ၊ ဝယ်သူရဲ့ ဝင်ငွေ အခြေအနေ ဘယ်လိုရှိရှိ၊ ပစ္စည်းတစ်ခု အပေါ် ဝယ်လိုအား က မပြောင်းလဲဘဲ ဘယ်ခေတ် ရောက်ရောက် ပန်းပန်လျက်ပါ ဆို တဲ့ ပစ္စည်းမျိုးကို မရှိမဖြစ် ကုန် ပစ္စည်း (Essential Goods) တဲ့၊ အခြေခံစားသောက်ကုန် ပစ္စည်း များ ပေါ့။

၃။ပစ္စည်းဈေးနှုန်းက အရမ်းချို သာတယ်၊ သုံးစွဲသူများ ကလည်း မူးစုပဲစုဆိုတဲ့ အချိန်မှာ ဒီပစ္စည်း မျိုး အလွန် ရောင်းကောင်းတယ်။ လူတွေရဲ့ဘဝတွေ အဆင်ပြေ၊ လူ နေမှုတွေ အဆင့်မြင့်၊ ဝင်ငွေတွေ တိုးလာတာ နဲ့အမျှ ဝယ်လိုအားက ဖုတ်ခနဲ ပြုတ်ကျတတ်တဲ့ ပစ္စည်း မျိုးကို မရှိသုံး ကုန်ပစ္စည်း  (Inferior Goods) တဲ့ဗျား။ အသင့်စားခေါက် ဆွဲထုပ်တို့၊ 3 in 1 instant coffee mix  တို့ဆိုတာ ဒီလိုအမျိုးအစား တဲ့ဗျာ။ သိန်းငါးရာ ထီပေါက်ရင် ခေါက်ဆွဲခြောက်ကွန် တိန်နာနဲ့ တစ်လုံး ဝယ်စားမယ်လို့ စိတ်ကူး ယဉ်တဲ့ လူမျိုးတွေ့ဖူးလို့လား။ ဒါ ကြောင့် ဒီပစ္စည်းမျိုး ထုတ်လုပ် ရောင်းချသူများဟာ လူတွေ အမြဲ တမ်းဆင်းရဲ၊ စုတ်ပြတ်ပြီး အမွဲ တကာ့ထွဋ်ခေါင် ဘဝက မတက်ပါ စေနဲ့လို့ ဆုတောင်းရမလိုပါပဲ။

၎။ ဝယ်သူတွေက ဝင်ငွေ အလွန် ကောင်းချိန်မှာ ဝယ်လိုအား အ တန်အသင့် ရှိမယ်၊ ပစ္စည်းဈေးနှုန်း ကတော့ ထိလုမိုးဆီ တိမ်သို့မီ။ ဝင် ငွေနည်းနည်း လျော့သွားတာနဲ့ လုံးဝကို မရောင်းရတော့တဲ့ ပစ္စည်း မျိုးတွေကို ဇိမ်ခံကုန်ပစ္စည်း (Lux-ury Goods)  ပါတဲ့။ ကျောက်မျက် ရတနာ၊ ဇိမ်ခံကားများ စသည်ဖြင့် ပေါ့။ ဒီပစ္စည်းရောင်းသူ တွေက တော့ လူတွေအားလုံး ဇောတိက ဘဝကတစ်ပြားမှ မလျော့ပါစေနဲ့ လို့ နေ့စဉ် ဘုရားမှာ အခါတစ်ရာ ဆုတောင်းမယ် ထင်ပါတယ်။ ကု သိုလ်ရတာပေါ့ဗျ။

ပြောချင်တာက အကယ်၍ ကျန်းမာရေး စောင့်ရှောက်မှုဟာ ရောင်းလို့၊ ဝယ်လို့ရတဲ့ ကုန်ပစ္စည်း တစ်ခုဆိုရင် အထက်ပါ လေးမျိုး ထဲက ဘယ်အမျိုးအစား ပါဝင်ပါ သလဲ။ စဉ်းစားတော်မူ ကြည့်ကြပါ လေ။ သေချာ စဉ်းစားရင် ဘယ်အ မျိုးအစားထဲမှ အတိအကျ ထည့်လို့ မရပါ။ ဒါကြောင့် ကျန်းမာရေးစောင့် ရှောက်မှုကို ကုန်ပစ္စည်းလို သဘော ထားခဲ့ရင်တောင် ဒါဟာ လူထုနဲ့ ဆိုင်သော ကုန်ပစ္စည်း (Merit Good, Public Good)  သာဖြစ်တယ်လို့ ပြောတဲ့သူက ပြော၊ ကျန်းမာရေး စောင့်ရှောက်မှုဟာ လူတစ်ဦးချင်း စီအတွက် ဆိုရင် မရှိမဖြစ်ကုန်ပစ္စည်း ဖြစ်ပြီး တိုင်းပြည်တစ်ခုလုံး အတွက် ဆိုရင်တော့ ဇိမ်ခံကုန်ပစ္စည်း ပဲလို့ စွပ်စွဲတဲ့ လူတွေလည်း ဒုနဲ့ဒေး။ ငွေကုန်ကြေးကျ ခံနိုင်တိုင်းတော့ ကျန်းမာရေး စနစ် တစ်ခုကောင်း မလာတာကို ကိုရွှေ အမေရိကန်က အကောင်းဆုံး သင်ခန်းစာပြသွားခဲ့ ပါပြီ။ သို့သော်လည်း ငွေကြေးကို လုံးဝ ထည့်သွင်း မစဉ်းစားဘဲ စေ တနာ၊ ဝါသနာ၊ အနစ်နာသာ အ ရင်းတည်ပြီး ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းကြီး တစ်ခုလုံးကို လည်ပတ်လို့ ရနိုင်ရိုးလား။ ဥဒ္ဒစ္စ၊ ကုက္ကုစ၊ ဒေါမနဿတွေ တိုးလာပါ လိမ့်မယ်။ ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းဟာ ဥုံ-ဟတ်ချ လောင်း ရောဂါပျောက်စေလို့ မန်း မှုတ်ပြီး ရှိသမျှရောဂါ ပျောက်စေ မယ်ဆိုရင်တောင် ဂါထာမန်းမှုတ်သူ စတဲ့ အရင်းအနှီးလိုသေးတာကိုး။

(ဆက်လက်ဖော်ပြပါမည်)
Juan

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*