Lighting Festival ကိစ္စ ရန်ကုန်တိုင်းအစိုးရကို ဝေဖန်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဘာပြန်ပြောလိုက်သလဲ

Lighting Festival ကိစ္စ ရန်ကုန်တိုင်းအစိုးရကို ဝေဖန်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဘာပြန်ပြောလိုက်သလဲ
March 24, 2017 Asian Fame

4:58 pm
Lighting Festival ကိစ္စ ရန်ကုန်တိုင်းအစိုးရကို ဝေဖန်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဘာပြန်ပြောလိုက်သလဲ

LF(ရန်ကုန်၊ မတ် ၂၄)

မတ်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်တိုင်း အစိုးရက လျှပ်စစ် မီးချွေတာမယ် လို့ ပြောနေပေ မဲ့ လက်ရှိ ကျင်းပနေတဲ့ မီးအလှပွဲတော်ကို ကျင်းပ ခွင့်ပြုခဲ့တာဟာ မကောင်းပါဘူးလို့ ဒဂုံမြို့ နယ် မဲဆန္ဒနယ် အမှတ်(၂)က တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျက ဝေဖန်ခဲ့ပါတယ်။

အဲဒီဝေဖန်ခဲ့မှုကို ဒီကနေ့ သင်္ကြန်ပွဲတော် ကျင်းပရေးနဲ့ ပတ်သတ်ပြီး တိုင်းအစိုးရရုံး အတွင်း ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီးချုပ် က အခုလိုပြန်လည်တုံ့ပြန်လိုက်တာပါ။

Lighting Festival ကို တိုင်းအစိုးရက ခွင့်ပြုခဲ့တဲ့ လုပ်ရပ်ဟာ မဖြစ်သင့်ဘူး လို့ လွှတ်တော် အမတ်က ဝေဖန်တာဟာ ထင်ရာမြင် ရာပြောနေခြင်း ဖြစ်တယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြန်လည်တုံ့ ပြန်ပြောဆို လိုက်ပါတယ်။

”ဒီလို အခြေအနေမျိုးလေးတွေ နဲ့ ပတ်သတ်ပြီး ပြောဆိုဆွေးနွေးမှုတွေဟာ နည်းနည်း စနစ် ကျဖို့ လိုပါတယ်။ ပေါ်ပြူလာဖြစ်ဖို့ ပဲ သတင်း မီဒီယာမှာ အကြောင်းအရာ တစ်ခုပါဖို့ လောက် ဆိုရင်တော့ ကျွန်တော် တို့ ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရဲ့ mission vision နဲ့ နည်းနည်း အလှမ်းဝေးသွားပါလိမ့်မယ်။ ဒီမိုကရေစီ ခေတ်ကြီးမှာ မီးလည်းမထွန်းနဲ့ ဘာမှ မလုပ်နဲ့ဖွံ့ ဖြိုး တိုးတက်ရေးလည်း မလုပ်နဲ့ လို့  လုပ် လို့ မရပါဘူး” လို့ ဦးဖြိုးမင်းသိန်းကဆိုပါတယ်။

တစ်ချို့  ကိစ္စလေးတွေဟာ ထင်ရာမြင်ရာပြောနေတာလေးတွေ နည်းနည်း ရှိကြောင်း၊ ဒီမိုက ရေစီနိုင်ငံတစ်ခုရဲ့ စီးပွားရေးဖွံ့ ဖြိုး တိုးတက် ဖို့ ဆိုရင် ပွဲလမ်းသဘင်တွေနဲ့ တကယ်ကို စီးပွားရေး ဖွံ့ ဖြိုး တိုးတက်အောင် ဆောင်ရွက်ရကြောင်း၊ ယခုပွဲဟာလည်း အစိုးရမီးကို သုံး စွဲခြင်း မဟုတ်ဘဲ ကိုယ်ပိုင်မီးစက်နဲ့ လုပ်တာသာဖြစ်ကြောင်း ၀န်ကြီးချုပ်ကပြောပါတယ်။

ဒဂုံမြို့ နယ် ၊ပြည်သူ့ ရင်ပြင်မှာ ကျင်းနေတဲ့ မီးအလှပွဲတော် မှာ LED မီးသီးပေါင်း သန်း၇၀ ထွန်းညှိထားပြီး အသည်းပုံ၊ ပန်းအလှပုံ၊ ဆင်ပုံစတဲ့ အရုပ်ပုံ များစွာနဲ့ ပုံဖော်ပြသထားပါတယ်။ ပွဲတော်ကို မတ်လ ၁၉ ရက်မှ ဧပြီလ ၃၀ ရက်နေ့ အထိ ပြုလုပ် သွားမှာဖြစ်ပြီး လူကြီးတစ်ဦး ကျပ် ၃၀၀၀၊ ကျောင်းသားကတ်ပြသော ကျောင်းသား တစ်ဦးကို ငွေကျပ် ၁၅၀၀ နှုန်း သတ်မှတ် ထားပြီး ငါးနှစ်အောက် ကလေး များ အခမဲ့ဝင်ရောက်ကြည့်ရှု့ နိုင်တယ် လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*