၂ဝ၁၇ ခုနှစ်တွင် မြန်မာ့စီးပွားရေး တိုးတက်ရန် မမျှော်လင့်နိုင်သေး

၂ဝ၁၇ ခုနှစ်တွင် မြန်မာ့စီးပွားရေး တိုးတက်ရန် မမျှော်လင့်နိုင်သေး
March 22, 2017 Asian Fame

4:03 pm
၂ဝ၁၇ ခုနှစ်တွင် မြန်မာ့စီးပွားရေး တိုးတက်ရန် မမျှော်လင့်နိုင်သေး

HEZ-Economice

မှူးအိမ်ဇော်
ရန်ကုန်၊ မတ် ၂ဝ

ယခု ၂ဝ၁၇ ခုနှစ်သည်လည်း မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် များစွာမျှော်လင့်၍ ရနိုင်ဦးမည်မဟုတ်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက သုံး သပ်သည်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီမှစ၍ နှောင့်နှေးနေခဲ့သော မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သည် အစိုးရသစ်လက်ထက် တစ်လျှောက် တစစကျဆင်းလာခဲ့ပြီး လာမည့် ၂ဝ၁၇ ခုနှစ်အကုန်ပိုင်းအထိ ပြန်လည်မြင့်တက်လာစေရန် မျှော်လင့်၍ မရနိုင်သေးကြောင်း စီးပွားရေးကျွမ်းကျင်သူများက ပြောသည်။

”လာမယ့် ၂ဝ၁၇ ခုနှစ်အတွက် ဘာတွေ မျှော်မှန်းလို့ရမလဲဆိုရင် တော့ ပွင့်ပွင့်လင်းလင်းပြောရင် ဘာမှ ဖွံ့ဖြိုးလာဦးမယ်မထင်ပါဘူး။ ဝန်ထမ်းတွေရဲ့ အုပ်ချုပ်စီမံခန့်ခွဲမှုတွေ ကို ပြောင်းလဲရပါတယ်။ ကျွန်တော့် အထင်ပြောရရင် နောက် သုံးလေး နှစ်လောက်မှ ပြန်ပြီးဦးမော့လာ မယ်လို့ ယူဆပါတယ်”ဟု စီးပွား ရေးကျွမ်းကျင်သူ ဦးရဲမင်းအောင် က ပြောသည်။ လာမည့်ဘဏ္ဍာနှစ်သည် မြန် မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိက စတင်တာထွက် မည့်နှစ်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးကျော်ဝင်းက မတ် ၁၈ ရက်က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပသည့် Meeting between Chair-man of Myanmar Investment Commission and Foreign Busi-ness Communities အခမ်းအနား တွင်ပြောဆိုထားသည်။

”အစိုးရအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အခြေခံကျတဲ့အချက်တွေကို မပြောင်းလဲနိုင်ရင်တော့ အဆင်မပြေဘူး။ အဓိက အခြေခံ ဖြစ်နေတဲ့ ဘယ်သူက ဘာလုပ်ရ မယ်ဆိုတာကို သိဖို့လိုပါတယ်။ မဟုတ်ရင် အရင်စနစ်အတိုင်းသွားနေတဲ့ အခါကျတော့ ဒီအတိုင်းပဲ ဖြစ်နေတော့မှာပေါ့”ဟု မြန်မာ့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးခင် မောင်သန်းက ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ် ငန်းဆောင်ရွက်မှုများသည် ၂ဝ၁၆ -၂ဝ၁၇ ကာလတွင် နှေးကွေးသွား ခဲ့ရာ စီးပွားရေးတိုးတက်မှုနှုန်း သည် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့သည်။ စီးပွားရေးတိုးတက်မှုနှုန်းအရ ရှေ့အလားအလာမှာ အကောင်းဘက် ဦးတည်နေသော်လည်း ထို နှုန်းကို တည်ငြိမ်အောင် ထိန်းထား နိုင်ရန်မှာ မြန်မာနိုင်ငံအနေဖြင့် မက်ခရိုစီးပွားရေးဆိုင်ရာအန္တရာယ်များကိုရင်ဆိုင်ရမည်ဟု ကမ္ဘာ့ဘဏ် က နောက်ဆုံးထုတ်ပြန်လိုက်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ ((Myanmar Eco­nomic Monitor) တွင် ဖော်ပြထားသည်။မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် လာမည့်သုံးနှစ်အတွင်း တစ်နှစ်လျှင်ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်းနှင့် ငွေကြေး ဖောင်းပွမှုကြောင့်ဖြစ်သည့် ဖိအားများ လျော့ကျသွားဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ၂ဝ၁၇ ခုနှစ် ဇန် နဝါရီ ၃ဝ ရက်က သတင်းထုတ်ပြန်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*