တရုတ်နယ်စပ် စီမံကိန်းချ ဖမ်းဆီးမှုများနှင့် ပြည်တွင်း စပါးအထွက် ရာသီဖြစ်၍ ဆန်ဈေးကျ

တရုတ်နယ်စပ် စီမံကိန်းချ ဖမ်းဆီးမှုများနှင့် ပြည်တွင်း စပါးအထွက် ရာသီဖြစ်၍ ဆန်ဈေးကျ
January 6, 2017 Asian Fame

11:19 am
တရုတ်နယ်စပ် စီမံကိန်းချ ဖမ်းဆီးမှုများနှင့် ပြည်တွင်း စပါးအထွက် ရာသီဖြစ်၍ ဆန်ဈေးကျ

business-copy

မှူးအိမ်ဇော်
ရန်ကုန်၊ ဇန်နဝါရီ ၂

မြန်မာပြည်မှ တရုတ်ပြည်သို့ အဓိကဆန်တင်ပို့ရာ လမ်းကြောင်း ဖြစ်သော မူဆယ်နယ်စပ်တွင် တရုတ်အာဏာပိုင်များက နှစ်လ စီမံကိန်းဖြင့် တရားမဝင်ကုန်သွယ် မှုများကို ဖမ်းဆီးနေသောကြောင့် တရုတ်သို့ တင်ပို့မှု မလုပ်တော့ဘဲ ပြည်တွင်းတွင်သာ ရောင်းချနေ သည့်အတွက်  ပြည်တွင်းဆန်ဈေး ကွက်တွင် ဆန်ဈေးအနည်းငယ်ကျ ဆင်းလာကြောင်း သိရသည်။

တရုတ်ပြည် ယူနန်နယ်နှင့် အဓိက ကုန်သွယ်ရေးများလုပ်    ဆောင်နေသော မူဆယ်နယ်စပ် ဒေသတွင် တရုတ်နိုင်ငံနှင့် တရုတ် အာဏာပိုင်များ၏ မကြာခဏ ဖမ်းဆီးမှုများကြောင့် တရုတ်ကုန် သည်များ အဝယ်ပါးနေခြင်းဖြစ် ကြောင်း မူဆယ်မှ ကုန်သည်များ ကဆို သည်။                 ထိုကဲ့သို့ တရုတ်ပြည်ဘက် တွင် အဖမ်းအဆီးများ ရှိခဲ့သော ကြောင့် တရုတ်ကုန်သည်များက ကုန်များလာရောက် ဝယ်ယူခြင်း မရှိသဖြင့် ကုန်သွယ်ရေးအချို့ ရပ် ဆိုင်းလုနီးပါးဖြစ်ခဲ့ပြီးနောက် ပြည် တွင်းမှ မူဆယ်နယ်စပ်သို့ ဆန်တင် ပို့မှုသည်လည်း ရပ်ဆိုင်းသွား ကြောင်း သိရသည်။

”တရုတ်ဘက်က စီမံချက်နဲ့ချ ပြီး ဖမ်းနေတော့ ဟိုဘက်မှာ သိပ် ပြီးမဝယ်ကြတော့ဘဲ ဆန်ကုန် သည်တွေကလည်း ပြည်တွင်းမှာပဲ   ရောင်းကြတော့ ဆန်ဈေးကကျ နေတာပါ။ ခုချိန်ပြန်ဖွင့်ပြီလားဆို တော့ပြောရခက်တယ်။ ပိတ်လိုက် ဖွင့်လိုက်ဖြစ်နေတာ။ တရားဝင် ကုန်သွယ်ဖို့ကလည်း သိပ်တော့မ လွယ်ဘူး။ အရည်အသွေးရယ် ဈေးနှုန်းရယ်က ကျန်တဲ့နိုင်ငံကို မ ယှဉ်နိုင်ဘူးဖြစ်နေတာ အများကြီး လုပ်ရဦးမယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ ဦးနေလင်းဇင် က ပြောသည်။

မူဆယ်နယ်စပ်မှ တစ်ဆင့် တရုတ်ပြည်သို့ ဖြတ်သန်းကုန်သွယ် နေသော ကုန်ပစ္စည်းများမှာ မြန် မာနိုင်ငံဘက်တွင် တရားဝင်ဖြစ်   သော်လည်း တရုတ်နိုင်ငံသို့ရောက် လျှင် တရုတ်ဥပဒေအရ တရားမ ဝင်ဖြစ်သဖြင့် တရုတ်ကုန်သည် များ မကြာခဏ ဖမ်းဆီးခံရပြီး မြန် မာကုန်သည်များ၏ အကြွေးများ လည်း ဆုံးရှုံးတတ်ကြောင်း မြန်မာ ကုန်သည်များက ဆိုသည်။

ပြည်တွင်းဈေးကွက်တွင် ဆန် ဈေးနှုန်းမှာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ လဆန်းနှင့် နှိုင်းယှဉ်လျှင် ဆန် ကြမ်း တစ်အိတ်လျှင် ၁ဝဝဝ ကျပ် ခန့် ဈေးကျဆင်းလာသည်။ မြန်မာ နိုင်ငံ၏ ဆန်တင်ပို့မှုမှာ တရုတ်နိုင် ငံသို့ ၈ဝ ရာခိုင်နှုန်းခန့် တင်ပို့နေ ခြင်းဖြစ်ပြီး ကျန် ၂ဝ ရာခိုင်နှုန်းမှာ ပင်လယ်ရေကြောင်း မှတစ်ဆင့် တင်ပို့နေခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*