စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ် နှင့် တွေ့ဆုံမေးမြန်းခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ် နှင့် တွေ့ဆုံမေးမြန်းခြင်း
March 16, 2017 Asian Fame

12:24 pm
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ် နှင့် တွေ့ဆုံမေးမြန်းခြင်း

Daw-Khin-Myo-Chitမြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် တို့၏ တစ်နှစ်တာ သက်တမ်းအတွင်း ဆောင်ရွက်မှု များကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်း၍ အပတ်စဉ် တင်ဆက် လာခဲ့ရာ၊ ယခု အပတ်တွင် မတော့ ကရင်ပြည်နယ် နှင့် စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်တို့၏ ဆောင်ရွက်ချက် များနှင့် ပတ်သက်၍ စစ်ကိုင်း တိုင်းဒေသကြီး ကန့်ဘလူ မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ် တို့နှင့် တွေ့ဆုံ မေးမြန်းခဲ့ခြင်း များကို တင်ပြထားပါသည်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းလွှတ် တော်ရဲ့ ဆောင်ရွက်မှု အခြေအနေ အပေါ် တိုင်းလွှတ်တော် ကိုယ်စား လှယ် တစ်ဦးရဲ့ မှတ်ချက် စကား က ဘာတွေ ရှိမလဲခင်ဗျ။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်း လွှတ်တော်ကတော့ ဒေသတွင်း အကျိုးရှိစေမယ့် ဥပဒေတွေကို လျင်လျင်မြန်မြန်ပဲ အကောင်အ ထည် ဖော်ပေးနေ တာကို တွေ့ရပါ တယ်။  အဲဒါတွေ ကတော့ ရေချို ငါးဖမ်းဥပဒေ၊ ရေကြောင်း ပို့ဆောင် ရေး ဥပဒေနဲ့ အသေး စား ချေးငွေ လုပ်ငန်း ဥပဒေတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းအစိုးရကို တိုက်တွန်း မယ့် အဆိုတွေကလည်း အားရစရာ ပါပဲ။ ဒေါ်အောင်ကြည် တင်သွင်း တဲ့ အားကစားကွင်းနဲ့ ဆီဆိုင်ကိစ္စ၊ ဒေါ်အမာကြည် တင်သွင်းတဲ့ ရုပ်ရှင် လုပ်ငန်းကိစ္စ၊ ဝက်လက်က လွှတ် တော် ကိုယ်စားလှယ် တင်သွင်းတဲ့ လျှပ်စစ် ကိစ္စတွေကို ကြည့်ရင် အ ထင်အရှား တွေ့နိုင်ပါတယ်။ ကျွန်မ တို့ဟာ ကိုယ့်အစိုးရ၊ ကိုယ့်လွှတ် တော် ဖြစ်နေပေမယ့်လို့ အပြန်အ လှန် ထိန်းကျောင်းမှုတွေ  ရှိနေတဲ့ အတွက် အားလုံးကို ခြုံငုံပြောရ ရင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်း လွှတ်တော်ရဲ့ ဆောင်ရွက်မှုဟာ အကောင်းဘက်မှာ ရှိနေတယ်၊ တိုး တက်မှုတွေ ရှိနေတယ်လို့ ပြောနိုင် ပါတယ်။

တိုင်းလွှတ်တော် ကို တိုင်းအစိုးရ အဖွဲ့ဝင်တွေ လာရောက် ဖြေကြားတဲ့ အဖြေ စကားတွေနဲ့ ပတ်သက်လို့ရော ပြောစရာ စကားရှိ ပါသလား ခင်ဗျ။

အားရတဲ့ အဖြေတွေရှိသလို၊ အားမရတဲ့ အဖြေတွေလည်း ရှိပါ တယ်။ ကျွန်မတို့ဟာ ဝန်ကြီးတွေ ရဲ့ ခြေ၊ လက်တွေပါပဲ။ အချို့သော ကိစ္စရပ်တွေကို ကျွန်မတို့ တင်ပြ တဲ့အခါမှာ မလုပ်ပေးနိုင်တာကို တွေ့ရပါတယ်။ အဲဒီအခါမျိုးဆို ရင်တော့ လွှတ်တော် ကိုယ်စားလှယ် ဘက်က မကျေနပ်ကြပါဘူး။ ဒါ ဟာ ကိုယ့်အကျိုးစီးပွားကို တောင်း ဆိုနေတာ မဟုတ်တဲ့အတွက် သူ တို့လည်း နားလည် ပေးကြပါတယ်။ ကျွန်မတို့ လွှတ်တော် ကိုယ်စား လှယ်ဘက်ကလည်း တိုင်းအစိုးရ ရဲ့ အခက်အခဲကို နားလည်ပေးတဲ့ အခါလည်း ရှိပါတယ်။ ဘာပဲဖြစ် ဖြစ် ညှိနှိုင်း လုပ်ဆောင်မှုတွေ ရှိ နေတဲ့ အတွက် အဆိုးဆုံး ရလဒ်က တော့ မထွက်ပေါ်ခဲ့ပါဘူး။

စစ်ကိုင်းပြည်သူတွေ နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ကြတဲ့အခါ မှာ တိုင်း အစိုးရပေါ် မှာ ပြည်သူ တွေ မြင်နေ တဲ့အမြင်။

ပြောင်းလဲမှုတွေ ရှိလာပြီဆို တာကိုတော့ ပြည်သူတွေ လက်ခံ ပါတယ်။ အထင်ရှားဆုံး ဥပမာက တော့ ပြောရေးဆိုခွင့်တွေ ရှိလာ ကြတာ ပါပဲ။ ကြီးကြီးမားမား အ ပြောင်းအလဲကိုတော့ သူတို့တွေ မခံစားရသေးဘူးလို့ ပြောပါတယ်။ ကျွန်မက ကန့်ဘလူက အမတ် ဆို တော့ ကန့်ဘလူ အကြောင်း ပြော ရရင် လမ်းပန်း ဆက်သွယ်ရေးဟာ အရင်လိုပဲ ခက်ခဲနေဆဲပါပဲ။ နောက် ပြီး မြေ သိမ်း ပြဿနာတွေ ကလည်း မပြေလည်သေးပါဘူး။ ဒါ့ကြောင့် အားလုံးကို ခြုံငုံပြောရရင် ကြီးမား တဲ့ အပြောင်းအလဲတွေ မရှိသေး ဘူး။ ဒါပေမယ့် ပြောင်းလဲမှုတွေ ရှိအောင်တော့ လုပ်နေကြပြီ၊ ကြိုး စားနေကြပြီ။ ဒီလိုပြောချင်ပါတယ်။

စစ်ကိုင်းတိုင်း လွှတ်တော်အတွင်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု အနေအ ထားကရော။

ကျွန်မတို့ လွှတ်တော်မှာ ပြည် ခိုင်ဖြိုးက လွှတ်တော် ကိုယ်စား လှယ် ၄ ဦးရှိတယ်။ တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး ရှိတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသက လွှတ်တော် ကိုယ်စားလှယ် တွေ ရှိတယ်။ ပြီးတော့ ကျွန်မတို့ NLD က အယောက် ၆ဝ ကျော် ရှိတယ်။ အားလုံးပေါင်း ၁ဝ၁ ဦး ရှိပါတယ်။ ပူးပေါင်းမှုတွေ ကတော့ တော်တော်လေး အားကောင်းပါ တယ်။ ပါတီစွဲတွေ မရှိကြဘူး။ တိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတဲ့စိတ်တွေပဲ ရှိတယ်။ ကျွန်မတို့ NLD လွှတ်တော် ကိုယ်စားလှယ် တစ်ဦး တင်သွင်းတဲ့ ဂိတ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ဆိုရင် လည်း ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ် စားလှယ်တွေရော၊ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်တွေက ပါ တက်တက်ကြွကြွ ဝင်ရောက် ဆွေးနွေးတဲ့အထိ တိုးတက်မှုတွေ ရှိလာပါတယ်။

စစ်ကိုင်းတိုင်း ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေ အရင်လုပ်ဖို့ လိုပါသလဲ။

အဓိက ကတော့ လမ်းပန်းဆက် သွယ်ရေးပါပဲ။ လမ်းပန်းဆက်သွယ် ရေး ကောင်းပြီဆိုရင် ကျန်တာတွေ ကောင်းလိမ့်မယ်လို့ ကျွန်မတို့ ထင်ပါတယ်။ နောက်တစ်ခုက လျှပ်စစ်ပါ။ ဒါတွေရပြီဆိုတာနဲ့ တိုင်းဒေသကြီးဟာ ခုထက် ပိုမိုပြီး ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။

တိုင်းအတွင်းမှာ ဘယ်ဝန်ကြီးဌာန က တက်တက်ကြွကြွ အလုပ် လုပ် ဆုံးလဲခင်ဗျ။

သီးခြား ခွဲပြောဖို့တော့ ခက်ပါ တယ်။ အားလုံးကတော့ အလုပ် လုပ်နေကြတာပါပဲ။ သို့သော်လည်း ပဲ သူတို့မှာလည်း သူတို့အခက် အခဲနဲ့ သူတို့ ရှိကြမှာပဲ။ အားလုံးက တော့ ကြိုးစားဆောင်ရွက်နေကြ တာကို တွေ့ရပါတယ်။

တိုင်းဒေသကြီးရဲ့ တရားဥပဒေ စိုး မိုးရေး အခြေအနေ။

အရင်တိုင်း ပါပဲ။ လွှတ်တော် ထဲမှာ လွှတ်တော် ကိုယ်စားလှယ် တွေ စုံစုံညီညီ တွေ့တဲ့အခါ တိုင်း ကိုယ့်ဒေသ အကြောင်း ကိုယ်ပြော တဲ့အခါမှာ ဒီတရားဥပဒေ စိုးမိုး ရေးအပိုင်းဟာ အမြဲတမ်းပါဝင်လေ့ ရှိပါတယ်။ သစ်ကိစ္စ အရင်အတိုင်း ပဲ။ ဝန်းသို၊ ကောလင်းဘက်မှာ လည်း မူးယစ်ဆေးဝါး ပြဿနာတွေ က မချုပ်ငြိမ်းသေးဘူး။ ခုဆိုသက် ငယ်မုဒိမ်းမှုတွေလည်း ကြောက်ခ မန်းလိလိပဲ။ ဒါ့ကြောင့် တရား ဥပဒေ စိုးမိုးရေးဟာ ဒီ့ထက်ပိုပြီး လုပ်ဖို့ လိုနေသေးတဲ့ အခြေအနေ မှာ ရှိနေပါတယ်။

ဟုတ်ကဲ့။ ခုလို ဖြေပေးတာ ကျေး ဇူးတင်ပါတယ်။   

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*