မြန်မာဝတ္ထုတို ရာပြည့်အထိမ်းအမှတ်အဖြစ် စာပေဆိုင်ရာဆွေးနွေးပွဲများ ကျင်းပသွားမည်

မြန်မာဝတ္ထုတို ရာပြည့်အထိမ်းအမှတ်အဖြစ် စာပေဆိုင်ရာဆွေးနွေးပွဲများ ကျင်းပသွားမည်
March 16, 2017 Asian Fame

12:28 pm
မြန်မာဝတ္ထုတို ရာပြည့်အထိမ်းအမှတ်အဖြစ် စာပေဆိုင်ရာဆွေးနွေးပွဲများ ကျင်းပသွားမည်

Shwe U dong

အိမ်စည်
ရန်ကုန်၊ မတ် ၁ဝ

မြန်မာဝတ္ထုတို ရာပြည့်အထိမ်းအမှတ်အဖြစ် စာပေဆိုင်ရာ ဆွေးနွေးပွဲများကို PEN Myanmar ကဦးစီး၍ မတ်လ ၁၈ ရက်တွင် Yangon Book Plaza ၌ ကျင်းပ သွားမည်ဖြစ်သည်။

၁၉၁၇ ခုနှစ် မတ်လက ထုတ်ဝေခဲ့ သော သူရိယမဂ္ဂဇင်း အမှတ်(၁)တွင် ဆရာကြီးရွှေဥဒေါင်း၏ ”မောင်သိန်းတင် မသိန်းရှင်” အမည်ရှိ ဝတ္ထုတိုကို စတင် ဖော်ပြခဲ့သည်။ ထိုဝတ္ထုတိုကို မြန်မာ စာပေလောက၏ ပထမဆုံးသော ဝတ္ထုတို အဖြစ်မြန်မာစာပေအသိုင်းအဝိုင်း တစ်ခု လုံးက သတ်မှတ်ထားသည်။ ထို့ကြောင့် ၂ဝ၁၇ ခုနှစ်သည် မြန်မာဝတ္ထုတိုရာပြည့် နှစ်အဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ အဆိုပါဝတ္ထုတို ရာပြည့်နှစ်အထိမ်းအမှတ် ကျင်းပသွားမည်ဟု PEN Myanmar မှ အတွင်းရေးမှူး ဆရာဟန်ဇော်က ပြောသည်။

”အဲ့ဒီမှာ မနက်၁ဝ နာရီက စပြီးတော့ စာအုပ်မိတ်ဆက်ပွဲ ရှိမယ်။ စကားဝိုင်း ဆွေးနွေးပွဲရှိမယ်။ စာအုပ်တွေကို အထူး ဈေးနှုန်းနဲ့ ရောင်းချပေးတာရှိမယ်။ စာရေး ဆရာတွေကိုယ်တိုင် လက်မှတ်ထိုးပေးတာတွေရှိမယ်” ဟု ၎င်းက ပြောသည်။ မြန်မာဝတ္ထုတို ရာပြည့်အထိမ်းအမှတ်အခမ်းအနား၌ ‘ဖန်တီးသူနှင့် တည်းဖြတ်သူတို့၏ ဝတ္ထုတိုအမြင်’ အစီ အစဉ်တွင် ဆရာမျိုးမြင့်ညိမ်းက ကြားခံ အဖြစ်ဆောင်ရွက်၍ ဆရာမ မစန္ဒာ၊ ဆရာ ချစ်ဦးညို၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာဝင်းဖေတို့က ပါဝင်ဆွေးနွေးကြမည် ဖြစ်ပြီး ‘မြန်မာ ခေတ်ပြိုင်ခေတ်ပေါ် ဝတ္ထုတိုရေစီးကြောင်း’ အစီအစဉ်တွင် ဆရာဟန်ဆန်းက ကြားခံအဖြစ်ဆောင်ရွက် ၍ ဆရာသစ္စာနီ၊ ဆရာငြိမ်းအေးအိမ်၊ ဆရာမောင်ဒေး၊ ဆရာမိုးသက်ဟန်တို့က ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။ ထို့ပြင် PEN Myanmar အဖွဲ့ဝင်များ ၏ ပထမဆုံးပုံနှိပ်ဖော်ပြခံရသည့်
ဝတ္ထုတို များကိုစုစည်း၍ စာအုပ်အဖြစ် စိတ်ကူး ချိုချိုစာပေမှ ထုတ်ဝေသည့် စာအုပ်ကို လည်းအဆိုပါအခမ်းအနားတွင် မိတ်ဆက် သွားမည်ဖြစ်ပြီး ‘စိတ်ကူးချိုချိုစာပေ’၊ ‘မဟာ စာပေ’နှင့် ‘ငါတို့ စာပေ’တို့မှထုတ်ဝေထား သည့် စာအုပ်များကိုလည်း ၃ဝ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ် သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*