နာသုံးနာ ဆရာ တကယ်နာပြီလားဗျာ

နာသုံးနာ ဆရာ တကယ်နာပြီလားဗျာ
January 26, 2017 Asian Fame

12:58 pm
နာသုံးနာ ဆရာ တကယ်နာပြီလားဗျာ

Education-2

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ္မ ဖြစ်ကျေးရွာ၌ အသတ်ခံလိုက်ရသည့် ဆရာအောင်ဇင်ထွန်းကိစ္စနှင့်ပတ်သက်ပြီး ဆရာ/ ဆရာမများ၏ လတ်တလော ဆန္ဒ ထုတ်ဖော်နေမှုများကို ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အသိအမှတ်ပြုပါကြောင်း ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြသည့် မြန် မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ ချုပ်ထံသို့ ဇန်နဝါရီလ ၂၂ ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ ကြောင်း သိရသည်။

ဆရာအောင်ဇင်ထွန်း ဖြစ်စဉ်ကို အ မြန်ဆုံးဖော်ထုတ်ပေးရန် ယင်းနေ့က အ ခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်း သားသမဂ္ဂအဖွဲ့များ စုစည်းကာ ဆန္ဒထုတ် ဖော်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဝန် ကြီးက ယခုလို ဆက်သွယ်ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ /ဆရာမများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက် တာစိုင်းခိုင်မျိုးထွန်းက အတည်ပြုပေးသည်။ ထိုနေ့က ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ကလေး စသည့် မြို့ ကြီးများတွင် ဒေသဆိုင်ရာ ဆရာအဖွဲ့အ စည်းတို့နှင့် ကျောင်းသားသမဂ္ဂတို့က တစ် ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမ များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်း ခိုင်မျိုးထွန်းက ”ဆရာဦးအောင်ဇင်ထွန်း အတွက် ဝမ်းနည်းကြေကွဲပါတယ်လို့ ဝန် ကြီးက ပြောပါသေးတယ်” ဟုပြောသည်။ ယင်းအပြင် ဝန်ကြီးက ဆရာ ဆရာမ များ တောင်းဆိုခဲ့ကြသည့် ဆရာအောင်ဇင် ထွန်း အမှုမှန်ရေးကိစ္စကို ဆရာများ အဖွဲ့ ချုပ်နှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် ဆရာ ဆရာမများ၏ လူမှုဘဝ လုံခြုံရေးကို အစွမ်းကုန် ကူညီသွားမည်ဟု လည်း ဆက်ပြောခဲ့သေးကြောင်း ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဆက်လက် ပြော ပြသည်။

ဆရာအောင်ဇင်ထွန်းဖြစ်ရပ်နှင့် နောက်ဆက်တွဲ အခြေအနေ

ဆရာအောင်ဇင်ထွန်းသည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာ အလယ်တန်းကျောင်းတွင် တာဝန်ထမ်း ဆောင်နေသော (လယ်ပြ/ကွန်ပျူတာ) ဆရာတစ်ဦးဖြစ်သည်။ ယင်းဆရာသည် အသတ်မခံရမီ ရက် မတိုင်ခင် အချိန်က ကျောင်းမတက်သည့် ကျောင်းသားများကို ဆူပူဆုံးမခဲ့သည့်ကိစ္စ နှင့်ပတ်သက်ပြီး ကျောင်းသားမိဘ ၉ ဦး၏ တိုင်ကြားခြင်းခံခဲ့ရကြောင်း၊ ထိုသူတို့၏ သားသမီးတို့က ဇန်နဝါရီလ ၁ဝ ရက်နေ့ တွင် ကျရောက်သည့် ၆၉ နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်း အနားတစ်ခုသို့ သွားရာတွင် ကျောင်းကို ခွင့်မတိုင်ဘဲသွားခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆရာက ထိုကျောင်းသား ကျောင်းသူတို့ကို ဆူပူခဲ့ကြောင်း၊ ယခုရက် ပိုင်းအတွင်း ထွက်ပေါ်လာသည့် တိုင်ကြား သူမိဘနှင့် ဆရာတို့အကြား တွေ့ဆုံဆွေး နွေးမှု အစည်းအဝေးမှတ်တမ်းများအရ ယင်းကိစ္စကို ကချင်အမျိုးသားဖွံ့ဖြိုးရေး ကွန်ရက်ရှေ့တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ က ညှိနှိုင်းပြီး ပြေလည်မှုများ ရရှိသွား ကြောင်း သိရသည်။

ပြေလည်မှုရရှိပြီး ၂ ရက်အကြာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အမည်မသိ လက်နက်ကိုင်သုံးဦး၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီး ဆရာအောင်ဇင်ထွန်းသည် မလန်းကျေးရွာနှင့် ဂျာရာယန်သွားလမ်း စွန့်ပစ် မြေစာပုံ အဟောင်းအနီး၌ဘဝကို အဆုံးသတ်ခဲ့ရသည်။လာခေါ်သည့် ၃ ဦးက သေနတ် ဖြင့် ဆရာ့ကို ပစ်သတ်ခဲ့ကြသည့်အတွက် ဆရာသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောနေ ကြသည်။ရဲကလည်း ဆရာဦးအောင်ဇင်ထွန်းသည် ဝဲဘက်နားအထက် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဝဲချိုစောင်း ကျည်ဖောက် ဝင်ဒဏ်ရာတစ်ချက်ရရှိပြီး သေဆုံးခဲ့သည်ဟုသာ ပြောထားပြီးကျူးလွန်သူကို မထုတ်ပြန်ထားပေ။ သို့သော်လည်း အခင်းမဖြစ်ပွားမီ ထိုအမည်မသိ လက်နက်ကိုင်သုံးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ကျောင်းအတွင်းသို့ ဝင်ရောက်ကာ ဆရာအောင်ဇင်ထွန်းကို ခေါ် ဆောင်သွားခဲ့ကြသည်ဟု မျက်မြင်သက်သေများက ပြောကြသည်။ လက်နက်များ ပါလာသည့်အတွက် ခေါ်ဆောင်သွားမှုကို မည်သူကမှ တားဆီးနိုင်ခြင်းမရှိခဲ့ပေ။ လုံခင်းရဲစခန်း တာဝန်ကျရဲက ထို အမှုကို ပ/၂ဝ၁၇၊ ပုဒ်မ ၃ဝ၂/၁၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေ ကြောင်း ပေါ်ပြူလာနယူးစ်ကို ပြောသည်။

”စုံစမ်း စစ်ဆေးနေကြောင်းပဲ ပြောလို့ ရပါ့မယ်။ ဘယ်သူလုပ်တယ် ဘယ်ဝါလုပ် တယ်ဆိုတာကို သေသေချာချာ မပြောနိုင် သေးပါဘူး” ဟု ¤င်းက ပြောသည်။ ထိုဒေသတွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ များပြားစွာရှိနေ၍ သက် သေခိုင်မာမှု မရှိမချင်း စွပ်စွဲမှုကို မပြလုပ် နိုင်ခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။

နယ်စပ်အစွန်အဖျားနှင့် ပဋိပက္ခဖြစ်ပွား
နေကြသည့် နေရာတို့မှ ဆရာ ဆရာမများ
လုံခြုံရေး စိတ်မချရဟု ဆို

ဆရာအများစု တာဝန်သွားရောက် ထမ်းဆောင်ကြရန် ငြင်းဆန်နေကြသည့် နယ်စပ်အစွန်အဖျားနှင့် ပဋိပက္ခဖြစ်ပွား နေကြသည့် နေရာများသို့ သွားရောက်ကာ တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမများ လုံခြုံရေးအနေအထားသည် စိတ်မချရသည့်အနေအထား ရှိနေကြောင်း ယခုဖြစ်ရပ်က ငြင်းမရအောင်သက်သေခံ နေသည်။

ယခုဖြစ်ရပ်နှင့်အတူ ၂ဝ၁၂ ခုနှစ် နောက်ပိုင်း ရခိုင်ပဋိပက္ခ၌ ဆရာအချို့ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ထိခိုက်ဒဏ်ရာရရှိမှုတို့နှင့် တွေ့ကြုံခဲ့ရ သည့်ဖြစ်ရပ်၊ ကချင်ပြည်နယ် စစ်ရှောင် စခန်းသို့ သွားရောက်တာဝန်ထမ်းဆောင် ခဲ့သည့် ကချင်ဆရာမနှစ်ဦး အဓမ္မကျင့်ခံ ရပြီး အသတ်ခံလိုက်ရသည့်ဖြစ်ရပ် စသည် တို့ကိုပါ ထည့်ပေါင်းလျှင် နယ်စပ် အစွန် အဖျားနှင့် ပဋိပက္ခဖြစ်ပွားနေကြသည့် နေရာတို့မှ ဆရာ ဆရာမများ လုံခြုံရေး သည် စိုးရိမ်ဖွယ်အနေအထားသို့ ရောက် သွားသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမ များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်း ခိုင်မျိုးထွန်းက ”သက်ဆိုင်ရာက ဆရာ ဆရာမတွေရဲ့ ဘဝတွေနဲ့ အခန်းကဏ္ဍကို ပိုမိုသတိထားမိဖို့ လိုပါတယ်” ဟု ပြောသည်။ ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ် ပေးမှသာ ဆရာ ဆရာမများ၏ဘဝ လုံခြုံမှု ရှိစေမည်ဟုလည်း သူက ဆက်ပြောသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်ဝင် ဆရာမတစ်ဦးက ”ဒီဖြစ်ရပ်ဟာ မေတ္တာအရင်းခံတဲ့ ဆရာ ဆရာမ တွေအတွက် ခြိမ်းခြောက်မှုတစ်ခုပါ။ လက် နက်ကိုင်တွေရှိတဲ့ နေရာကို တာဝန်ထမ်း ဆောင်ဖို့ တွန့်ဆုတ်လာကြရင် နစ်နာမှာက အဲဒီဒေသက ကလေးတွေရဲ့ ပညာရေးပဲ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေဆီမှာ မြေ ဖြူပဲရှိပါတယ်။ လက်နက်ကိုင်ပြီး အကြမ်း ဖက်တာတွေကို ကျွန်မတို့ ပြည်သူတွေ မုန်းတယ်ဆိုတာကို လက်နက်ကိုင်တွေ သိစေချင်တယ်” ဟု ပြောသည်။

နစ်နာနေမှုတွေကို ဆက်ရှိစေချင်တာလား

၂ဝ၁၄ ခုနှစ်က ကောက်ယူခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ တိုက် ပွဲနှင့် ပဋိပက္ခတို့ ဖြစ်ပွားနေသည့် ရှမ်းပြည် နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့၏ ပညာရေးအခြေအနေသည် နိုင်ငံ တွင် စိုးရိမ်ရလောက်သည့် အနေအထားတွေ ရှိနေသည်။ စာတတ်မြောက်မှု အခြေအနေ၊ အ တန်းပညာပြီးဆုံးမှုအခြေအနေနှင့် ဘွဲ့ရရှိ မှုနှင့် ပြည်ပသို့ အလုပ်ထွက်လုပ်ရသည့် အခြေအနေတို့တွင်လည်း အဆိုးဆုံးအခြေအနေသို့ ရောက်နေသည်။ အဓိကအ ကြောင်းအရာက ငြိမ်းချမ်းမှု မရရှိသည့် ကိစ္စဖြစ်သည်။

ယခု ဆရာအောင်ဇင်ထွန်း အသတ် ခံလိုက်ရသည့်ကိစ္စသည် နှုတ်အားဖြင့် ဖြေ ရှင်း၍လည်း ရသည်။ သက်ဆိုင်ရာဝန်ကြီး ဌာနသို့လည်း တိုင်တန်း၍ရသည်။သတ် ဖြတ်သည်အထိ မလုပ်သင့်သည့်ကိစ္စ ဖြစ်သည်။ အလှမ်းဝေးနေသေးသည့် ငြိမ်းချမ်း ရေး မရမချင်း ထိုဒေသများ၌ တာဝန်ထမ်း ဆောင်နေသူတို့ကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်များကပါ စောင့်ရှောက်ပေးဖို့ လိုသည်။ ယခု အလောတကြီးလုပ်ရမည့် ကိစ္စ သည်ကား ဆရာအောင်ဇင်ထွန်းအား သတ်ဖြတ်ခဲ့သူတို့ကို ဖော်ထုတ်ပေးရန်သာ ဖြစ်ပေတော့သည်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*