တိုက်ပွဲများဖြစ်နေသည့် လောက်ကိုင်တွင် ညမထွက်ရ အမိန့်ထုတ်

တိုက်ပွဲများဖြစ်နေသည့် လောက်ကိုင်တွင် ညမထွက်ရ အမိန့်ထုတ်
March 8, 2017 Asian Fame

10:56 am
တိုက်ပွဲများဖြစ်နေသည့် လောက်ကိုင်တွင် ညမထွက်ရ အမိန့်ထုတ်

လင်းဟိန်း
ရန်ကုန်၊ မတ် ၇

တိုက်ပွဲများဖြစ်ပွားနေသည့် လောက်ကိုင်မြို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို လောက်ကိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက မတ်လ ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။ လောက်ကိုင်တွင် မတ်လ ၅ ရက်နေ့ညနေ မှ စတင်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လက်ရှိတွင်လည်း နယ်စပ်ဒေသများ၌တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ တိုက်ပွဲများကြောင့် လောက်ကိုင် မြို့နယ်အတွင်းမှ ပြည်သူ ၃ဝဝ နီးပါးမှာ လားရှိုးမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ MNDAA လက်နက်ကိုင်အဖွဲ့ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဆရာမတစ်ဦးအပါအဝင် မီးရှို့ထားသည့်အလောင်း ၂ဝ၊ ကိုးကန့် ယာဉ်ထိန်းရဲ ၅ ဦး၊ ပြည်သူ ၅ ဦး သေဆုံးကြောင်းနှင့် ကိုးကန့်ယာဉ်ထိန်းရဲ ၄ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*