သင်္ကြန်တွင်း ရန်ကုန်တိုင်းလုံခြုံရေးအပြည့်ချထားမည်

သင်္ကြန်တွင်း ရန်ကုန်တိုင်းလုံခြုံရေးအပြည့်ချထားမည်
March 28, 2017 Asian Fame

1:55 pm
သင်္ကြန်တွင်း ရန်ကုန်တိုင်းလုံခြုံရေးအပြည့်ချထားမည်

Thin Gyan (1)

သင်္ကြန်ကာလတွင် ပြည်သူများအနေဖြင့် လုံခြုံရေးပိုင်းစိုးရိမ်စရာမရှိဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြောသည်။ မတ်လ ၂၄ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ရုံးတွင်ပြုလုပ်ခဲ့သော သင်္ကြန်ပွဲ တော် ကျင်းပမှုနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ယင်းကဲ့သို့  ပြောကြားလိုက်ခြင်းဖြစ်သည်။

” အစိုးရသစ်လက်ထက်မှာ သင်္ကြန်ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူထုကိုဗဟိုပြုဝန်ဆောင်မှုအ အောင်မြင်ဆုံးပွဲဖြစ်ပါတယ်။ကျွန်တော့်ဆီမှာရှိတဲ့ စခန်းရဲတပ်ဖွဲ့  တွေအားလုံးကော ရဲတပ်ရင်းတွေ အားလုံးကနေ ဒီသင်္ကြန်ပွဲကိုဘက် ပေါင်းစုံက ထိန်းညှိသွားမှာဖြစ်ပါ တယ်။အဲဒီအတွက် ပြည်သူလူထု လုံခြုံစိတ်ချစွာနဲ့ သင်္ကြန်ကို ဖြတ် သန်းနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့က တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုဝန်ကြီးချုပ် ကပြောသည်။ သင်္ကြန်ပွဲတော် ကျင်းပနေစဉ်ကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယူနီဖောင်းဝတ်ဖြင့်ရော အရပ်ဝတ်ဖြင့်ပါ လုံခြုံရေးယူပေးသွားမည်ဖြစ် ကြောင်း ဦးဖြိုးမင်းသိန်းကဆက် ပြောသည်။

” ယူနီဖောင်းမဝတ်ထားဘဲနဲ့  အများပြည်သူရဲ့ပျော်ရွှင်မှုကို မထိခိုက်စေဘဲ ပြည်သူကိုဗဟိုပြု တဲ့ဝန်ဆောင်မှုပုံစံနဲ့ ရေကစားမှု တွေကို တကယ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဆောင်ရွက်ပေးဖို့နဲ့လုံခြုံရေး ကောင်းမွန်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ဝန်ကြီးချုပ်ကဆိုသည်။ယခုနှစ်သင်္ကြန်ပွဲတော်တွင် စီးပွားဖြစ်မဏ္ဍပ်များကို ခွင့်ပြုသွားမည်မဟုတ်ဘဲ မိသားစုမဏ္ဍပ်များကိုသာ ခွင့်ပြုသွားမည်ဖြစ်သည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*