ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့်နေ့ နဲ့ လုပ်ငန်းအသေးစိတ်ကို (၆)လကြိုတင်ကြေညာပေးဖို့ အရပ်ဘက်အဖွဲ့ အစည်း(၁၀)ဖွဲ့ တောင်းဆို

ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့်နေ့ နဲ့ လုပ်ငန်းအသေးစိတ်ကို (၆)လကြိုတင်ကြေညာပေးဖို့ အရပ်ဘက်အဖွဲ့ အစည်း(၁၀)ဖွဲ့ တောင်းဆို
January 17, 2018 Fame Asian

5:17 pm
ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့်နေ့ နဲ့ လုပ်ငန်းအသေးစိတ်ကို (၆)လကြိုတင်ကြေညာပေးဖို့ အရပ်ဘက်အဖွဲ့ အစည်း(၁၀)ဖွဲ့ တောင်းဆို

1

ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၁၇

ကျင်းပမယ်လို့ ကြေညာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ကျင်းပမယ့်နေ့ နဲ့ လုပ်ငန်းအသေးစိတ်ကို အနည်းဆုံး(၆)လ ကြိုတင်ကြေညာပေးဖို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်း(၁၀)ဖွဲ့ က ဒီကနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။

2

အဲဒီအရပ်ဘက်အဖွဲ့ အစည်း(၁၀) ဖွဲ့ စုပေါင်းထားတဲ့ ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ( ERCB) ဟာ ရန်ကုန်မြို့ ၊ Park Royal ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခုကို ဒီိကနေ့ ပြုလုပ်ခဲ့ပြီးတော့ အဲဒီအချက်အပါအ၀င် အချက်(၃)ချက်ကို တောင်းဆိုပါတယ်။

” တကယ်လို့ ကော်မရှင်ဟာ လွှတ်တော်ဥက္ကဌတွေဆီကနေ အချိန်စာရင်းတွေရထားပြီးပြီဆိုလို့ ရှိရင် ဘယ်တော့ကျင်းပမယ်ဆိုတာ သူတို့ အနေနဲ့ တိတိကျကျ ဆုံးဖြတ်လို့ ရတယ်။ ဒါဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ပွင့်လင်းမြင်သာမှုကိုပြဖို့ အတွက် အကောင်းဆုံးသောအခွင့်အရေးပဲ။ အကြောင်းကြားစာရထားပြီးင်္ပြီဆိုရင် ကော်မရှင်ကို ပထမဆုံးကျွန်တော်တို့ ပြောလိုတာက ကျင်းပမယ့်နေရာတွေအတွက်ကို အချိန်စာရင်းတိတိကျကျထုတ်ပြန်ပါ။ထုတ်ပြန်ခြင်းအားဖြင့် နိုင်ငံသားတွေ စိတ်ဝင်စားတာ မ၀င်စားတာကတစ်ပိုင်း၊ ကျွန်တော်တို့ အရပ်ဘက်အဖွဲ့ အစည်းတွေအနေနဲ့ နိုင်ငံသားတွေဆီကို ဒီသတင်းအချက်အလက်တွေရအောင် ဘယ်လိုပို့ ရမလဲဆိုတာ စပြီိးစဉ်းစားလို့ ရမယ် ဘယ်လိုပါဝင်လို့ ရမယ်ဆိုတာ စဉ်းစားလို့ ရမယ်။နောက်တစ်ချက်က နိုင်ငံရေးပါတီတွေအနေနဲ့ ဝင်ပြိုင်မလား မပြိုင်ဘူးလားဆိုတာ သူတို့ ရဲ့ပါတီပလက်ဖောင်းတွေကိုဘယ်လိုပြင်ဆင်မလဲဆိုတဲ့အချိန်ရတယ်” လို့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) မှ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

3

ဒ့ါအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ လျာထားတဲ့ ဇွန်လဟာ မိုးရာသီဖြစ်နေတာကြောင့် လစ်လပ်နေရာအများစုမှာ ရွေးကောက်ပွဲစီမံခန့် ခွဲဖို့ နဲ့ ပြည်သူများ ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ ပါတီများက ပူးပေါင်းပါဝင်ဖို့ အခက်အခဲကြုံနိုင်လို့ ပွင့်လင်းရာသီလိုကာလမျိုးမှာ ကျင်းပဖို့ ကိုလည်း ERCB ကတောင်းဆိုပါတယ်။

4

” အခုရွေးကော်က ခန့် မှန်းခြေရွေးကောက်ပွဲကျင်းပမယ်လို့ ပြောထားတာက ဇွန်လနှောင်းပိုင်းလို့ ပြောထားတာရှိတယ်။ ဒါ ပုံမှန်အားဖြင့် မြန်မာနိုင်ငံမှာ မိုးအရမ်းများတဲ့ကာလ။ အခု ရှမ်းပြည်နယ်မှာဆို လဲချား၊ ချင်းပြည်နယ်ဆို ကန်ပက်လက်လိုနေရာမျိုးတွေပါတယ်။ ဆိုတော့ မဲလာပေးဖို့ ၊ မဲဆွယ်စည်းရုံးဖို့ ၊ အသိပညာပေးလုပ်ငန်းတွေလုပ်ဖို့ သွားရေးလာရေးခက်တယ်။ နောက် မဲစာရွက်တွေပျက်စီးဆုံးရှုံးတယ်။အဲဒါမျိုးတွေရှိတယ်။ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ဆုံးဖြတ်ထားပြီိးပြီဆိုရင် အားလုံးပါဝင်ဖို့ ကိုမြှင့်တင်နိုင်မယ့် အခုလိုမိုးရာသီိသွားရလာရခက်ခဲတဲ့အချိန်ကိုမရွေးဘဲနဲ့ ပွင့်လင်းတဲ့ နိုင်ငံသားတွေအားလုံး၊နိုင်ငံရေးပါတီတွေအားလုံးနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲတွေ စီမံခန့် ခွဲဖို့ လွယ်ကူတဲ့ ကာလမျိုးကိုရွေးချယ်ခြင်းအားဖြင့် ရွေးကောက်ပွဲဟာ နိုင်ငံသားတွေအားလုံးပါဝင်မှုမြှင့်နိုင်မယ်လို့ ယူဆတယ်” လို့ သူဆက်ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ဖြစ်သူ ဦးအောင်မြင့်က ” ဒိတ်မပြောတဲ့အတွက် သူတို့ ဘတ်ဂျတ်တောင်းရခက်နေတယ်ကြားပါတယ် ဒိတ်ကြေညာစေချင်တယ်ပေါ့။ ကျွန်တော်တို့ ကလည်း ဒိတ်အတိအကျရမှ တစ်ခါတည်းကြေညာလိုက်သင့်တယ်။ အခုကလွှတ်တော်ကမေးတာနဲ့ လုပ်ဖို့ ရှိတယ်ဆိုပြီိးစောစောစီးစီးပြောလိုက်မိတယ်။ နောက် မိုးတွင်းမှာလုပ်မယ်လို့ လည်း မကြေညာရသေးပါဘူးဗျာ။ သူတို့ တွေ့ ချင်တယ်ဆိုလို့ လည်း ကျွန်တော်တို့ က တွေ့ခွင့်ပေးထားပါတယ် ။ အခုလို ကိုယ်လိုချင်တာပဲပြောနေတာကျတော့ သူများအလုပ်ကို တစ်မျိုးကြီးဖြစ်မနေဘူးလား။ လုပ်မယ်ဆိုရင် ကျွန်တော်တို့ က ကြေညာမှာပေါ့။ ကျွန်တော်တို့လည်း ဘတ်ဂျတ်တောင်းရ ၊ ကော်မရှင်တွေဖွဲ့  ရ၊ မဲစာရင်းတွေလုပ်ရဖို့ ရှိသေးတယ်။ အဲဒါတွေအတွက်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပါဖို့ လိုတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကလည်း အခုမှရွေးတုန်း။ ဒါတွေသူတို့တွေပိုသိပါတယ်” လို့ ပေါ်ပြူလာနယူးစ်ကို ဖြေကြားပါတယ်။

ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ( ERCB) ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဇန်န၀ါရီလ ၂၃ ရက်နေ့ မှာ တွေ့ ဆုံသွားဖို့ ရှိနေပါတယ်။ သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ၊ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ၊ အုတ်တွင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ၊ တမူးမဲဆန္ဒနယ် အမှတ် (၂) ၊ မင်းဘူးမဲန္ဒနယ်အမှတ် (၂) ၊ ကန်ပက်လက်မဲဆန္ဒနယ်နဲ့ လဲချားမဲဆန္ဒနယ်တို့ မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

သတင်း+ဓါတ်ပုံ- ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*