မြန်မာတစ်နိုင်ငံလုံးမှာ သက်ကြီးလို့ပြောလိုက်တာနဲ့ သက်ကြီးတိုင်းဟာ ကူညီရမယ့်သူ မဟုတ်ဘူးဆိုတာကို သိဖို့လိုပါတယ်။ သက်ကြီးတွေသည် အများကြီး အလုပ်လုပ်နိုင်သေးတယ် …

မြန်မာတစ်နိုင်ငံလုံးမှာ သက်ကြီးလို့ပြောလိုက်တာနဲ့ သက်ကြီးတိုင်းဟာ ကူညီရမယ့်သူ မဟုတ်ဘူးဆိုတာကို သိဖို့လိုပါတယ်။ သက်ကြီးတွေသည် အများကြီး အလုပ်လုပ်နိုင်သေးတယ် …
December 21, 2016 Asian Fame

11:26 am
မြန်မာတစ်နိုင်ငံလုံးမှာ သက်ကြီးလို့ပြောလိုက်တာနဲ့ သက်ကြီးတိုင်းဟာ ကူညီရမယ့်သူ မဟုတ်ဘူးဆိုတာကို သိဖို့လိုပါတယ်။ သက်ကြီးတွေသည် အများကြီး အလုပ်လုပ်နိုင်သေးတယ် …

interview

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး အဖွဲ့(မြန်မာ)၏ တာဝန်ခံ ဒေါ်ခက်ဖြူ နှင့် တွေ့ဆုံမေးမြန်းခြင်း

အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများ စောင့်ရှောက်ရေး အဖွဲ့(မြန်မာ )သည် အစိုးရအဖွဲ့ အစည်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းလျက် ဆင်းရဲနွမ်းပါးမှုနှင့် ထိခိုက်လွယ်မှု လျော့ပါးရေး လုပ်ငန်းစဉ်များကို ဦးတည်သော စီမံကိန်း များကို ဆောင်ရွက်လျက် ရှိသည် ။ထိုသို့ဆောင်ရွက်ရာတွင် သက်ကြီးရွယ်အို များပါဝင်သော ကိုယ်ထူကိုယ်ထ အဖွဲ့များ (OPSHG ) အဖြစ် ဖွဲ့စည်းပေးကာ လုပ်ဆာင်ခြင်း ဖြစ်သည် ။လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၂-မြို့နယ်ရှိ ကျေးရွာ ၁၂၆ ရွာ တွင် OPSHG များကို ဖွဲ့စည်းထားကာ အဖွဲ့ဝင်များ ၀င်ငွေ ရရှိစေသော လုပ်ငန်း အစီအစဉ်များ ဖန်တီးပေးခြင်း၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စေရေး ကူညီဆောင် ရွက်ပေးခြင်း၊ ချေးငွေ ရရှိနိုင်ရေးနှင့် ကျွမ်းကျင်မှု သင်တန်းများပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေး လျက်ရှိသည်။သို့ဖြစ်ရာ ထို အစီအစဉ် များနှင့်ပတ်သတ်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများ စောင့်ရှောက်ရေး အဖွဲ့(မြန်မာ) ဧ။် တာဝန်ခံဒေါ်ခက်ဖြူ ကိုတွေ့ဆုံမေးမြန်းဖော်ပြလိုက် ပါသည် ။

မေး – အစ်မတို့ရဲ့ Help Age အဖွဲ့ ကိုဘယ်တုန်းက စတင်ဖွဲ့ စည်ခဲ့ပြီးဘယ်လိုရည်ရွယ်ချက်နှင့် ဖွဲ့ စည်းခဲ့တယ်ဆိုတာ အရင် ဆုံးပြောပြပေးပါခင်ဗျ ။

ဖြေ – HelpAge ကို ၂၀၀၈ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ တာဖြစ်ပါတယ်။ အဓိကကတော့ ကျွန်မ တို့မြန်မာနိုင်ငံမှာက ဒီမတိုင် ခင်ကျေးရွာ အခြေပြု ကျန်းမာရေးစောင့်ရှောက်မူ က  ။ နှာဂစ်ပြီးတဲ့ အချိန်မှာ စပြီးတော့ မြန်မာနိုင်ငံ ဟာ ကျေးရွာ အခြေပြု သက် ကြီး စောင့်ရှောက်မူတွေ စတင် လုပ်ဆောင်ကြတယ်။ အဓိက ကတော့ ကျေးရွာမှာ ပဲတစ်ယောက်ကို တစ်ယောက် ပြုစုစောင့်ရှောက်တဲ့ နည်းစနစ် တည်ထောင် ဖို့ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ သုတေသနပြု ထားချက်အရ လက်ရှိမှာ ဆိုရင်မြန်မာနိုင်ငံ မှာအသက် ၆၀ နှစ်ထက် သက်ကြီးက ၈.၉ သန်း ရှိပါတယ်။ အဲ့တော့ ၂၀၅၀ ရောက်လာတဲ့အခါမှာ လူ ၅ ယောက်မှာ သက်ကြီး တစ်ဦးဖြစ် လာမယ် ၊ အဲ့ဒီလို ရောက်လာတဲ့ အခါမှာ သက်ကြီးများကို စောင့်ရှောက်တဲ့ အခန်း ကဏ္ဍက ပိုပြီးတော့ အရေး ပါလာ မှာဖြစ် ပါတယ်။ အဲ့ဒီ ကာလမတိုင်မီ သက်ကြီးများ အတွက် ရည်ရွယ်ပြီး စတင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

မေး -အစ်မတို့ အဖွဲ့ အခု လုပ်ဆာင်ပေးနေတဲ့ အပိုင်းတွေ ကိုလည်း သိပါရစေ ။

ဖြေ – ကျွန်မတို့က အခန်းကဏ္ဍ (၅)ခု  ပါတယ် ကျေးရွာ အခြေပြု ရပ်တည်နိုင်တဲ့ သက်ကြီးများ နဲ့တိုက်ရိုက် လုပ်ဆောင်တဲ့ ပရိုဂရမ် များ လုပ်ဆောင်နေပါတယ်။ လူမူ ကာကွယ်စောင့် ရှောက်ရေး အခန်း ကဏ္ဍမှာဆိုရင် အထူးသဖြင့် ကတော့ သက်ကြီးပင်စင်ရ ရှိဖို့ အတွက် မျှော်လင့် တယ်။ သူတို့သည် နိုင်ငံသား တစ်ယောက်အနေဖြင့် ရ ရှိသင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မူ ရနိုင်ဖို့အတွက် ဒါကလည်း အဓိကဖြစ်တယ်။ လူမူရေးပင်စင်ကလည်း အရေးကြီးတယ်။ လူမူရေး ပင်စင်ရဖို့ အတွက် အမတို့ကလည်း လုပ်ဆောင်နေ ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မူကို ဘာလုပ် လဲဆိုတော့ မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါတွေ သက်ကြီးတွေနဲ့ပတ်သက်တဲ့ ကျန်းမာရေး ချိတ်ဆက်မူတွေ ကျန်းမာရေး ဝန်ကြီး ဌာနနှင့်ချိတ်ဆက်ပေးပါတယ်။ ကျွန်မတို့ အဖွဲ့ တစ်ခုတည်း အနေနဲ့တော့ သက်ကြီး များကို ကူညီ စောင့်ရှောက်မူမပေးနိုင်ပါဘူး။ အနာဂတ်မှာ မိတ်ဖတ်တွေ နဲ့တိုးချဲ့ဆောင်ရွက် သွားဖို့ရှိပါတယ်။

မေး- လက်ရှိမှာ သက်ကြီးများ အတွက် ရပ်ရွာ အခြေပြု စောင့်ရှောက်မူလေးတွေ လုပ်လာတာ တွေ့ရပါတယ် ။အဲလိုရပ်ရွာ အခြေပြု စောင့်ရှောက်မှု ကကော အားကောင်းနေပြီလို့ပြောလို့ရမလားခင်ဗျ ။

ဖြေ -အားကောင်းနေပြီး ပြောလို့ရပါတယ်။ ဥပမာပြောမယ် ဆိုရင် ပြင်ဦးလွင် ဒီမှာဆိုရင် သက်ကြီးသူ ချင်း ကူညီစောင့်ရှောက်တဲ့ အဖွဲ့ကို ၂၀၀၉ ခုနှစ်ကတည်းက ဖွဲ့ ခဲ့တာဖြစ်ပါတယ်။၂၀၁၁ ခုနှစ်မှာ စီမံကိန်းပြီးသွားပြီး သက်ကြီး အဖွဲ့များ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆက်လက် လုပ်ဆောင်နေပါတယ်။ မြို့နယ် အသစ် ရွာအသစ်များမှာ ဆက်လက်ပြီး ဖွဲ့ စည်းတယ်။ အခုဆိုရင် မြို့နယ် အဆင့် သက်ကြီး အဖွဲ့  များရှိပြီးမြို့နယ်များမှ တစ်ဆင့် တက်လာတဲ့ သက်ကြီးအဖွဲ့ ချုပ် အဆင့်ထိတောင် ရှိနေပါပြီး။ စတင်ပြီး ဖွဲ့ စည်းခဲ့တဲ့ အဖွဲ့တိုင်းသည် အဓိက ရေရှည် ရပ်တည်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ အဓိကတော့ အဖွဲအစည်း များရဲ့လုပ်ငန်းစဉ် များပျက်ပြယ်သွားတာ ရပ်တန့် သွားတာမျိုး မဖြစ်ဘဲ ဆက်လက်လုပ်ဆောင် သွားနိုင်အောင် ဖြစ်ပါတယ်။ အခုဆိုရင် သက်ကြီး အဖွဲ့ ချုပ် အထိ ရပ်တည်နိုင် ပြီးဖြစ်ပါတယ်။

မေး -သက်ကြီးသူချင်း စောင့်ရှောက်တဲ့ အဖွဲ့ ကရောဘာတွေ လုပ်ဆောင်ပါသလဲ ခင်ဗျ ။

ဖြေ -သက်ကြီးသူချင်း ကူညီစောင့်ရှောက်တဲ့ အဖွဲ့ အစည်း ဆိုရင် ကျေးရွာမှာ ရှိတဲ့ သက်ကြီးများ ကိုစု လိုက်တယ်။ အဖွဲ့ တစ်ခု တည်ထောင် လိုက်ပါတယ်။ အများ သဘောတူ ကော်မတီ အဖွဲ့ တစ်ဖွဲ့  ရွေးချယ် တင်မြောက်ပါတယ်။ သူတို့ကို ဦးဆောင်ပေး တဲ့ကော်မတီ ကို ရွေးချယ်ပေးပါတယ်။ အဲ့ကော်မတီမှာ ဥက္ကဌ အတွင်းရေးမှူး ဘဏ္ဍာထိန်း အသင်းဝင်တွေ ပါတယ်။ သူတို့အဓိက လုပ်ဆောင်တဲ့ ဝင်ငွေရ ရှိတဲ့ လုပ်ငန်း (၃)ခုရှိပါတယ်။ သူတို့ဘာသာ ရန်ပုံငွေ ရှာတာဖြစ်တယ်။ ရန်ပုံငွေ ရှာတဲ့အခါမှာ သူတို ဘာလုပ်လဲ ဆိုတော့ သူတို့ရွာတွေမှာ အလှူခံထားတာတွေရှိတယ်။ သက်ကြီးရန်ပုံငွေအတွက် ဈေးဆိုင်ခန်းလေးတွေ ရှိမယ် စသဖြင့် သူတို့ရဲ့ ကိုယ်တိုင် ရန်ပုံငွေရှာတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ ဒုတိယတစ်ခု အနေနဲ့ကတော့ အသက်မွေး ဝမ်း ကြောင်း လုပ်ငန်း အနေ နဲ့ ကျေးရွာတွေ မှာ လိုအပ်တဲ့ လုပ်ငန်း အရင်းအနှီး အတွက် ငွေရေးကြေးရေးတွေ ထုတ်ပေးတယ်။ အရင်းနှီး ထုတ်ပြီးတော့ အဲ့ဒီ ကနေပြန်ပြီး ဝင်လာတဲ့ ပိုက်ဆံတွေ ရှိပါတယ် ။ပြန်ဝင်လာတဲ့ ၀င်ငွေတွေ ရှိတယ်။ နောက်တစ်ခုက အဲ့ဒီလုပ်ငန်းတွေဟာ သက်ကြီး အားလုံးပေါင်း လုပ်တာ ဖြစ်တယ်။ လုပ်ငန်းကြီး တစ်ခု တည်ထောင်ခြင်း ဖြစ်တယ်။ ကျွန်မတို့က လုပ်ငန်းကြီး လည်ပတ် သွား နိုင်တဲ့အဓိက ဝင်ငွေရ ရှိသွားနိုင်ဖို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းသုံးခု ကနေ ၀င်ငွေတွေ ရတယ်။ ဝင်လာတဲ့ ၀င်ငွေတွေကို ဘာလုပ်လဲ ဆိုတော့ တနှစ်တာ လုပ်ငန်းတွေပြန်ဆွဲပြီးတော့ ဒီနှစ်မှာဆိုရင် သက်ကြီးတွေကို ဘယ်လိုပြုစုစောင့်ရှောက်မူ ပေးမလဲ။ အိမ်တိုင် ရာရောက်စောင့်ရှောက်မူ ပေးဖို့ဘယ်နှစ်ယောက် လိုအပ်သလဲ။ နောက်ပြီးတော့ အာဟာရရှိဖို့ ဘယ်နှစ်ယောက် လိုလဲ ဆေးကုဖို့ ဘယ်နှစ်ယောက်လိုလဲ အဲ့ဒါမျိုးကို တစ်ဦးချင်းဆီအ တွက်ပြန် လည်လုပ်ဆောင် ပေးပါတယ်။ နောက်တစ်ခုက သူတို့က သက်ကြီးတွေ ချည်းပဲ မဟုတ်ပါဘူး။ ကျေးရွာမှာ ရှိတဲ့ စေတနာ့ ဝန်ထမ်းတွေ ကျောင်းမနေနိုင်တဲ့ ကလေးတွေ ကျေးရွာတွေမှာ ဖွံ့ ဖြိုးရေး အတွက် ငွေ များ လည်းထည့်ဝင်တယ်။ ဘာသာရေး ပွဲတော်တွေမှာဆိုရင်လည်း အလှူငွေတွေလှူပြီး လုပ်ဆောင် ပါတယ်။ ကျွန်မတို့က သူတို့နဲအတူ လက်တွဲ အလုပ်လုပ်တယ်။ နည်းပညာ ပံ့ပိုးမူနှင့်အတူ အချို့ သော အသက်မွေး ဝမ်းကြောင်း များအတွက် လိုအပ်သော ငွေကြေးထောက်ပံ့မူ များပေးပါတယ်။

မေး- အစ်မတို့အနေနဲ့ သက်ကြီးစောင့်ရှောက်မှု အပိုင်း လုပ်ဆောင်ရာမှာ ဘာတွေ လိုအပ်ချက်ရှိ နေပါသေးလဲခင်ဗျ ။

ဖြေ – သက်ကြီးများက ၈.၉ သန်းရှိပါတယ်။ ကျွန်မတို့အနေနဲ့ ဆောင်ရွက်ပေးနိုင်တာ ကတော့ ကျေးရွာ ၁၂၆ ရွာပဲရှိပါသေး တယ်။ မြန်မာနိုင်ငံ မှာ ကျေးရွာ ၆သောင်းခွဲလောက် ရှိပါတယ်။ ကျေးရွာ ၆ သောင်းခွဲ လောက် ကိုတော့ ကျွန်မတို့ အဖွဲ့ ချည်း ပဲတော့ မလုပ်နိုင်သေးပါဘူး။ ရှေ့ဆက်မှာ ကျေးရွာအခြေပြု သက်ကြီးသူချင်း ကူညီစောင့်ရှောက်တဲ့ အဖွဲ့ အစည်း ပေါ်နိုင်ဖို့ အတွက် နိုင်ငံ တော် အစိုးရက ဦးဆောင်ပေး မှသာဖြစ်နိုင်မယ်။ အဲ့ဒီအတွက် ကိုလည်း နိုင်ငံတော် အစိုးရနဲ့ပူး ပေါင်းဆောင်ရွက် သွားဖို့ အတွက် အစီအစဉ် များရှိပါတယ်။

မေး-မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သက်ကြီး စောင့်ရှောက်မူ အပိုင်းမှာရောဘာတွေ အားနည်း ချက်ရှိနေပါသလဲ ။

ဖြေ -သက်ကြီးများသည် ဓလေ့ထုံးစံ အရတော့ သားသမီးတွေ နဲ့နေပါတယ်။ ခေတ်ကာလက ပြောင်းလဲ လာတဲ့ အတွက်ကြောင့် လူတိုင်းက အလုပ်လုပ် ကြပါတယ် ။နောက်ပြီးတော့ အိမ်ထောင်ပြု တဲ့နူန်းတွေ နည်းသွားတယ်။ ကလေးမွေး တဲ့နူန်းတွေ နည်းသွား ပါတယ်။ ဘာတွေ့ ရလဲဆိုတော့ သက်ကြီးများက များလာပြီးတော့ သက်ကြီးများကို စောင့်ရှောက်မဲ့သူတွေ ကနည်းလာတယ်။ အဓိ ကပြသနာဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း အခုထက် ထိတော့နိုင်ငံတော် အစိုးရ အနေနဲ့ ၂၀၀၈ နှစ်ကတည်း လူမူ ဝန် ထမ်းနှင့် ပေါင်း ပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဓိကအနေဖြင့် သက်ကြီးများရဲ့ မူဝါဒ ပေါ်ထွန်းလာစေရန်။ ဥပဒေများ ပေါ်ထွန်းလာဖို့ ဒါမှ လည်း သက်ကြီးများကို စောင့်ရှောက်မူ လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

မေး -တခြားဖြည့်စွက်ပြောလိုတာ ရှိရင်ပြောပေးပါခင်ဗျ ။

ဖြေ -ကျွန်မတို့ အနေနဲ့ ၂၀၀၉ မှာစတင် လုပ်ဆောင်ခဲ့တုန်းက အခက်အခဲတွေ အများကြီး ရှိခဲ့ပါ တယ်။ သက်ကြီး အဖွဲ့ လိုပြော လိုက် တဲ့ အခါမှာ အများဆုံးမေးခွန်း ထုတ်တာက သက်ကြီးများ အတွက် ဘာတွေလုပ် ဆောင်ပေးမှာလဲ ဆိုတာကို မေးခွန်းထုတ်ကြပါတယ်။ ကျွန်မတို့က ပေးတာ မဟုတ်ပါဘူး ၊ သက်ကြီးတွေနဲ့အတူ လက်တွဲပြီး အလုပ်လုပ်တာဖြစ်ပါတယ်။ အဓိက ကတော့ သက်ကြီးတွေ တကယ် အလုပ်လုပ်နိုင်တယ် ဆိုတဲ့ အချက်တွေကို ဖော်ထုတ်ပေးတယ်။ အခုဘာ တွေ့ ရလဲ ဆိုတော့ အများကြီးပြောင်းလဲ သွားတာ ကို တွေ့  ရပါတယ်။ အခုဆိုရင် ဒီမှာရှိတဲ့ သက်ကြီး ၁၂၆ ဖွဲ့ သူုတို့ဟာ အဲ့တုန်းက မျှော်လင့်ပါတယ်။ အခူသူတို့ရဲ့ စိတ်တွေက အကုန်လုံး ဘာလုပ်ရမလဲ ဆိုတဲ့ အခန်းကဏ္ဍ ပြောင်းလဲလာပါတယ်။ အဲ့ဒါဟာ ကျွန်မတို့မြန်မာ တစ်နိုင်ငံလုံး မှာသက်ကြီး လို့ပြောလိုက်တာ နဲ့ သက်ကြီး တိုင်းဟာ ကူညီရမဲ့သူ မဟုတ်ဘူး ဆိုတာကို သိဖို့လိုပါတယ်။ သက်ကြီးတွေသည် အများကြီး အလုပ်လုပ်နိုင် သေးတယ်။ ပူပေါင်း ပါဝင်နိုင်သေးတယ်။ သူတို့ ရဲ့ အတွေ့ အကြုံတွေ ဖြတ်သန်းလာတဲ့ ဘဝ သက်ခန်းစာ အကုန်လုံးက ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါ ဘူး။ နောင်လာနောက်သား တွေအတွက် လည်း အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*